Match Report Premier League

လူစုံပေမယ့် ဖူလ်ဟမ်ရဲ့ ရုန်းအားကြောင့် သရေရဖို့တောင် ရုန်းကန်ခဲ့ရတဲ့ လီဗာပူးလ်

ဒီတစ်ပတ် တနင်္ဂနွေနေ့ညမှာ ကန်သွားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ဦးဆောင်သူနှစ်သင်းရဲ့ ပွဲစဉ်နှစ်ပွဲမှာ နှစ်သင်းစလုံး အဝေးကွင်းတွေမှာ အိမ်ရှင်တွေကို အနိုင်မယူနိုင်ခဲ့ဘဲ ပိုမိုတက်ကြွလန်းဆန်းတဲ့ ကွင်းပိုင်ရှင်တွေရဲ့ ထိုးနှက်မှုမှာ သရေတစ်မှတ်ကိုပဲ ရယူခဲ့ကြရတာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာတော့ ဗန်ဒိုက်ကလွဲရင် လူစုံပြီလို့ ပြောလို့ရတဲ့ လီဗာပူးလ်တို့အနေနဲ့ ဥရောပအတွေ့အကြုံရှိ ကစားသမားတွေကို စုဆောင်းထားတဲ့ အိမ်ရှင်ရဲ့ ကွင်းလယ်ကို ခက်ခက်ခဲခဲ ယှဉ်ခဲ့ရပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အဖျက်အားနည်းမှုကြောင့် ညာခြမ်းက အဓိကထိုးဖောက်မှုတွေကို ပြန်လည်ပါဝင်လာတဲ့ ဂိုးသမား အယ်လစ်ဆန်လည်း အကြိမ်ရေ တော်တော်များများ ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ ဖာဘင်ညိုရဲ့ ဖျက်ထုတ်မှုကို ပင်နယ်တီ ပေးခဲ့ပြီးမှ VAR ကြည့်ပြီး သက်ညှာသွားခဲ့ပေမယ့် အိမ်ရှင် ဖူလ်ဟမ်တို့ကို တားဆီးဖို့က ခက်ခဲခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ လူကျွံဘောဖြစ်မလားဆိုပြီး အထင်မှားနေခဲ့တဲ့ လီဗာပူးလ်နောက်တန်းနဲ့ အယ်လစ်ဆန်တို့ရဲ့ နှောင့်နှေးမှုကို အခွင့်ကောင်းယူပြီး ဒီကော်ဒိုဗာရိဒ်က အဖွင့်ဂိုးသွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ အနီးကပ် အခွင့်အရေးတစ်ခုကို ဆာလားဖြုန်းပစ်ခဲ့တာကြောင့် အိမ်ရှင်တို့ ဦးဆောင်ခဲ့ပြီး မင်သက်မိ ငုတ်တုတ်မေ့နေတယ်လို့ပဲ ပြောရမယ့် လီဗာပူးလ်နောက်တန်းက အယ်လစ်ဆန်ကို အားနာစရာအသွင်နဲ့ ကစားနေခဲ့ချိန်မှာ ဒုတိယပိုင်းမှတော့ အီဂျစ်သားနဲ့ ရှေ့တန်းတွေက ပြန်ဖိကစားလာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဗိုင်နယ်လ်ဒွမ်ရဲ့ ဖရီးကစ်ကို ဖူလ်ဟမ်လူတံတိုင်းက လက်ထိခဲ့မိလို့ ဒိုင်လူကြီး အန်ဒရီ မာရီနာက ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ကျန်နေကျ ဆာလားက အမှားအယွင်းမရှိ အသုံးချကန်သွင်းနိုင်ခဲ့လို့ ချေပဂိုးရခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ ဂိုးထပ်မံ ရှာဖွေနိုင်ခဲ့ခြင်း မရှိတော့တာကြောင့် သရေတစ်မှတ်ကိုပဲ ခွဲယူခဲ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ စပါးစ်နဲ့ လီဗာပူးလ်တို့ အမှတ်လျော့ခဲ့သလို ဂွတ်ဒီဆန်ပါ့ခ်မှာ အဲဗာတန်ကို ရှုံးပြီး တစ်မှတ်မှ မရခဲ့တဲ့ ချဲလ်ဆီးကြောင့် ဇယားထိပ်ပိုင်းအပြောင်းအလဲဖြစ် ဆောက်သမ်တန်တို့ တတိယနေရာကို (လက်စတာမကန်ခင်အချိန်အထိ)တက်ရောက်လာနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ဘယ်သူမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့စကားက မှန်ကန်နေခဲ့ကြောင်းလည်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္ တနဂၤေႏြေန႔ညမွာ ကန္သြားခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ ဦးေဆာင္သူႏွစ္သင္းရဲ႕ ပြဲစဥ္ႏွစ္ပြဲမွာ ႏွစ္သင္းစလုံး အေဝးကြင္းေတြမွာ အိမ္ရွင္ေတြကို အႏိုင္မယူႏိုင္ခဲ့ဘဲ ပိုမိုတက္ႂကြလန္းဆန္းတဲ့ ကြင္းပိုင္ရွင္ေတြရဲ႕ ထိုးႏွက္မႈမွာ သေရတစ္မွတ္ကိုပဲ ရယူခဲ့ၾကရတာျဖစ္ပါတယ္။

ဖူလ္ဟမ္နဲ႔ လီဗာပူးလ္တို႔ပြဲစဥ္မွာေတာ့ ဗန္ဒိုက္ကလြဲရင္ လူစုံၿပီလို႔ ေျပာလို႔ရတဲ့ လီဗာပူးလ္တို႔အေနနဲ႔ ဥေရာပအေတြ႕အႀကဳံရွိ ကစားသမားေတြကို စုေဆာင္းထားတဲ့ အိမ္ရွင္ရဲ႕ ကြင္းလယ္ကို ခက္ခက္ခဲခဲ ယွဥ္ခဲ့ရၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ အဖ်က္အားနည္းမႈေၾကာင့္ ညာျခမ္းက အဓိကထိုးေဖာက္မႈေတြကို ျပန္လည္ပါဝင္လာတဲ့ ဂိုးသမား အယ္လစ္ဆန္လည္း အႀကိမ္ေရ ေတာ္ေတာ္မ်ားမ်ား ကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဖာဘင္ညိဳရဲ႕ ဖ်က္ထုတ္မႈကို ပင္နယ္တီ ေပးခဲ့ၿပီးမွ VAR ၾကည့္ၿပီး သက္ညႇာသြားခဲ့ေပမယ့္ အိမ္ရွင္ ဖူလ္ဟမ္တို႔ကို တားဆီးဖို႔က ခက္ခဲခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ လူကြၽံေဘာျဖစ္မလားဆိုၿပီး အထင္မွားေနခဲ့တဲ့ လီဗာပူးလ္ေနာက္တန္းနဲ႔ အယ္လစ္ဆန္တို႔ရဲ႕ ေႏွာင့္ေႏွးမႈကို အခြင့္ေကာင္းယူၿပီး ဒီေကာ္ဒိုဗာရိဒ္က အဖြင့္ဂိုးသြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ အနီးကပ္ အခြင့္အေရးတစ္ခုကို ဆာလားျဖဳန္းပစ္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ဦးေဆာင္ခဲ့ၿပီး မင္သက္မိ ငုတ္တုတ္ေမ့ေနတယ္လို႔ပဲ ေျပာရမယ့္ လီဗာပူးလ္ေနာက္တန္းက အယ္လစ္ဆန္ကို အားနာစရာအသြင္နဲ႔ ကစားေနခဲ့ခ်ိန္မွာ ဒုတိယပိုင္းမွေတာ့ အီဂ်စ္သားနဲ႔ ေရွ႕တန္းေတြက ျပန္ဖိကစားလာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဗိုင္နယ္လ္ဒြမ္ရဲ႕ ဖရီးကစ္ကို ဖူလ္ဟမ္လူတံတိုင္းက လက္ထိခဲ့မိလို႔ ဒိုင္လူႀကီး အန္ဒရီ မာရီနာက ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ က်န္ေနက် ဆာလားက အမွားအယြင္းမရွိ အသုံးခ်ကန္သြင္းႏိုင္ခဲ့လို႔ ေခ်ပဂိုးရခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာ ဂိုးထပ္မံ ရွာေဖြႏိုင္ခဲ့ျခင္း မရွိေတာ့တာေၾကာင့္ သေရတစ္မွတ္ကိုပဲ ခြဲယူခဲ့ရပါတယ္။

ဒီတစ္ပတ္မွာေတာ့ စပါးစ္နဲ႔ လီဗာပူးလ္တို႔ အမွတ္ေလ်ာ့ခဲ့သလို ဂြတ္ဒီဆန္ပါ့ခ္မွာ အဲဗာတန္ကို ရႈံးၿပီး တစ္မွတ္မွ မရခဲ့တဲ့ ခ်ဲလ္ဆီးေၾကာင့္ ဇယားထိပ္ပိုင္းအေျပာင္းအလဲျဖစ္ ေဆာက္သမ္တန္တို႔ တတိယေနရာကို (လက္စတာမကန္ခင္အခ်ိန္အထိ)တက္ေရာက္လာႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုအတြက္ ဘယ္သူမဆိုျဖစ္သြားႏိုင္တယ္ဆိုတဲ့ ကြၽမ္းက်င္သူေတြရဲ႕စကားက မွန္ကန္ေနခဲ့ေၾကာင္းလည္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.