Match Report Premier League

တစ်ယောက်လျော့နဲ့ အိမ်ကွင်းမှာ ဂိုးမရဘဲ ရှုံးပြန်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့ပြီး လာကာဇက်နဲ့ အူဘာမီယန်းတို့ရဲ့ တိုက်စစ်မှာ ဆာကာနဲ့ ဝီလီယန်တို့က ရံကစားလာခဲ့ပြီး ဘန်လေကတော့ ခရစ္စဝုဒ်ကို အထောင်ထားပြီး ကောင်တာချောင်းကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ ဆက်တိုက်ဖိကစားခဲ့ပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့ အခွင့်အရေးကောင်းတွေ ရခဲ့သလို ဒါတွေကို အသုံး မချနိုင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး ဖန်တီးမှုအပိုင်းကလည်း အားရစရာမရှိခဲ့သလို ချာကာနဲ့ အယ်လ်နန်နီတို့အထိုင်က အသင်းကို မောင်းနှင်နိုင်စွမ်းလည်း မရှိခဲ့တာပါ။

အာဆင်နယ်နဲ့ ဘန်လေတို့ ဇယားအောက်နားကို ဘာဖြစ်လို့ ကျဆင်းလာခဲ့တာလဲဆိုတဲ့ အဖြေကို ဒီနေ့ပွဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရပြီး တူညီတဲ့အချက်ဖြစ်တဲ့ တိုက်စစ်ဖန်တီးမှုနဲ့ အဆုံးသတ် အားနည်းခြင်း၊ ထိရောက်တဲ့ ကောင်တာတွေကို လျင်လျင်မြန်မြန် တည်ဆောက်ပေးနိုင်တဲ့ ဘောလုံး ဦးနှောက်မျိုး ကွင်းလယ်မှာ မရှိတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ အလုပ်မဖြစ်တဲ့ ပုံစံနဲ့ ဘန်လေဂိုးဧရိယာနားမှာ တဝဲလည်လည်ဖြစ်နေခဲ့ပြီး လွယ်ကူတဲ့ ကန်ချက် အချို့နဲ့ပဲ နစ်ခ် ပုပ်ကို ပညာစမ်းနေခဲ့သလိုဖြစ်နေခဲ့ပေမယ့် ပွဲရဲ့ အလှည့်အပြောင်းကတော့ ပွဲချိန် ၅၈ မိနစ်မှာ ကွင်းလယ်လူ ဂရာနစ် ချာကာ အထုတ်ခံခဲ့ရတာပါပဲ။

ဒီနောက်ပိုင်းမှာတော့ ဘန်လေတို့ တစ်ယောက်အသာနဲ့ ဆက်တိုက်ဖိကစားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ ထောင့်ကန်ဘော မကန်ခင် အယ်လ်နန်နီပါ အထုတ်ခံရဖို့ နီးစပ်ခဲ့ပြီး ဒီထောင့်ကန်ဘောကို ကန်တင်ရာမှာတော့ ဘရောင်းဟေးလ်ရဲ့ နောက်ပြန်ခေါင်းတိုက်ချက်က အူဘာမီယန်းရဲ့ ခေါင်းနဲ့ထိပြီး ဝင်သွားခဲ့လို့ ဧည့်သည်တွေ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

တစ်ယောက်လျော့နဲ့ အာဆင်နယ်တို့ ပြန်လည်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် အသင်းကို စိတ်ဓာတ်အရ မောင်းနှင်ပေးနိုင်မယ့်သူမျိုး မရှိတာက သိသာလွန်းခဲ့ပြီး နည်းပြ အာတီတာရဲ့ လူစားလဲမှုတွေကလည်း ပွဲအခြေအနေကို ဘာမှ မပြောင်းလဲနိုင်ခဲ့တာကြောင့် ဘန်လေတို့ရဲ့ စိတ်ကြိုက်အနေအထားကိုပဲ ဦးတည်သွားခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဒီရာသီ အိမ်ကွင်းမှာ တစ်ပွဲသာနိုင်ဖူးပြီး အဝေးကွင်းမှာ သရေနှစ်ပွဲသာ အမှတ်ရှာဖွေထားနိုင်ခဲ့တဲ့ ဘန်လေတို့အတွက် ကြီးမားတဲ့ နိုင်ပွဲက လက်ဆောင်မွန်သဖွယ်ဖြစ်ခဲ့ပြီး ဒိုင်လူကြီး ဂရေဟမ် စကော့က ဒီနေ့ပွဲမှာ ချာကာကို အနီကတ်ပြခဲ့သလို အာတီတာလည်း အာဆင်နယ်အသင်းရဲ့ အနီကတ်ပြမှုနဲ့ ဘယ်နေ့မှာ ကြုံတွေ့ရမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ အေတာင့္တင္းဆုံး လူစာရင္းကို ပြဲထုတ္လာခဲ့ၿပီး လာကာဇက္နဲ႔ အူဘာမီယန္းတို႔ရဲ႕ တိုက္စစ္မွာ ဆာကာနဲ႔ ဝီလီယန္တို႔က ရံကစားလာခဲ့ၿပီး ဘန္ေလကေတာ့ ခရစၥဝုဒ္ကို အေထာင္ထားၿပီး ေကာင္တာေခ်ာင္းကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ဆက္တိုက္ဖိကစားခဲ့ၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ အခြင့္အေရးေကာင္းေတြ ရခဲ့သလို ဒါေတြကို အသုံး မခ်ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရၿပီး ဖန္တီးမႈအပိုင္းကလည္း အားရစရာမရွိခဲ့သလို ခ်ာကာနဲ႔ အယ္လ္နန္နီတို႔အထိုင္က အသင္းကို ေမာင္းႏွင္ႏိုင္စြမ္းလည္း မရွိခဲ့တာပါ။

အာဆင္နယ္နဲ႔ ဘန္ေလတို႔ ဇယားေအာက္နားကို ဘာျဖစ္လို႔ က်ဆင္းလာခဲ့တာလဲဆိုတဲ့ အေျဖကို ဒီေန႔ပြဲမွာ ကြက္ကြက္ကြင္းကြင္း ျမင္ခဲ့ရၿပီး တူညီတဲ့အခ်က္ျဖစ္တဲ့ တိုက္စစ္ဖန္တီးမႈနဲ႔ အဆုံးသတ္ အားနည္းျခင္း၊ ထိေရာက္တဲ့ ေကာင္တာေတြကို လ်င္လ်င္ျမန္ျမန္ တည္ေဆာက္ေပးႏိုင္တဲ့ ေဘာလုံး ဦးေႏွာက္မ်ိဳး ကြင္းလယ္မွာ မရွိတာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ အလုပ္မျဖစ္တဲ့ ပုံစံနဲ႔ ဘန္ေလဂိုးဧရိယာနားမွာ တဝဲလည္လည္ျဖစ္ေနခဲ့ၿပီး လြယ္ကူတဲ့ ကန္ခ်က္ အခ်ိဳ႕နဲ႔ပဲ နစ္ခ္ ပုပ္ကို ပညာစမ္းေနခဲ့သလိုျဖစ္ေနခဲ့ေပမယ့္ ပြဲရဲ႕ အလွည့္အေျပာင္းကေတာ့ ပြဲခ်ိန္ ၅၈ မိနစ္မွာ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာ အထုတ္ခံခဲ့ရတာပါပဲ။

ဒီေနာက္ပိုင္းမွာေတာ့ ဘန္ေလတို႔ တစ္ေယာက္အသာနဲ႔ ဆက္တိုက္ဖိကစားခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာ ေထာင့္ကန္ေဘာ မကန္ခင္ အယ္လ္နန္နီပါ အထုတ္ခံရဖို႔ နီးစပ္ခဲ့ၿပီး ဒီေထာင့္ကန္ေဘာကို ကန္တင္ရာမွာေတာ့ ဘေရာင္းေဟးလ္ရဲ႕ ေနာက္ျပန္ေခါင္းတိုက္ခ်က္က အူဘာမီယန္းရဲ႕ ေခါင္းနဲ႔ထိၿပီး ဝင္သြားခဲ့လို႔ ဧည့္သည္ေတြ ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။

တစ္ေယာက္ေလ်ာ့နဲ႔ အာဆင္နယ္တို႔ ျပန္လည္တိုက္စစ္ဆင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အသင္းကို စိတ္ဓာတ္အရ ေမာင္းႏွင္ေပးႏိုင္မယ့္သူမ်ိဳး မရွိတာက သိသာလြန္းခဲ့ၿပီး နည္းျပ အာတီတာရဲ႕ လူစားလဲမႈေတြကလည္း ပြဲအေျခအေနကို ဘာမွ မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ ဘန္ေလတို႔ရဲ႕ စိတ္ႀကိဳက္အေနအထားကိုပဲ ဦးတည္သြားခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ဒီရာသီ အိမ္ကြင္းမွာ တစ္ပြဲသာႏိုင္ဖူးၿပီး အေဝးကြင္းမွာ သေရႏွစ္ပြဲသာ အမွတ္ရွာေဖြထားႏိုင္ခဲ့တဲ့ ဘန္ေလတို႔အတြက္ ႀကီးမားတဲ့ ႏိုင္ပြဲက လက္ေဆာင္မြန္သဖြယ္ျဖစ္ခဲ့ၿပီး ဒိုင္လူႀကီး ဂေရဟမ္ စေကာ့က ဒီေန႔ပြဲမွာ ခ်ာကာကို အနီကတ္ျပခဲ့သလို အာတီတာလည္း အာဆင္နယ္အသင္းရဲ႕ အနီကတ္ျပမႈနဲ႔ ဘယ္ေန႔မွာ ႀကဳံေတြ႕ရမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.