Match Report Premier League

ဇယားထိပ်ကို သာသာယာယာ ဦးဆောင်ခွင့်ရှိပေမယ့် လက်လွှတ်ခံခဲ့တဲ့ စပါး

ဒီတစ်ပတ် တနင်္ဂနွေနေ့ညမှာ ကန်သွားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ဦးဆောင်သူနှစ်သင်းရဲ့ ပွဲစဉ်နှစ်ပွဲမှာ နှစ်သင်းစလုံး အဝေးကွင်းတွေမှာ အိမ်ရှင်တွေကို အနိုင်မယူနိုင်ခဲ့ဘဲ ပိုမိုတက်ကြွလန်းဆန်းတဲ့ ကွင်းပိုင်ရှင်တွေရဲ့ ထိုးနှက်မှုမှာ သရေတစ်မှတ်ကိုပဲ ရယူခဲ့ကြရတာဖြစ်ပါတယ်။

အစောပွဲဖြစ်တဲ့ စပါးစ်ကတော့ ခရစ္စတယ်လ်ပဲလေ့စ်ရဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ ပုံမှန်လူစာရင်းနဲ့ အပြောင်းအလဲမရှိဘဲ ပွဲထွက်လာခဲ့ပေမယ့် အိမ်ရှင် လင်းယုန်တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရပြီး နောက်တန်းနဲ့ ဂိုးသမား လိုရစ်တို့ အလုပ်များနေခဲ့သလို ဇာဟာနဲ့ အီဇီတို့လည်း တောက်လျှောက် ဒုက္ခပေးနေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အန်ဒွမ်ဘီလီ၊ ရက်ဂီလွန်နဲ့ ကိန်းတို့ရဲ့ ကန်ချက်တွေကို ပဲလေ့စ်ရဲ့ ဂွိုက်တာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၂၃ မိနစ်မှာတော့ ကိန်းရဲ့ အဝေးကနေ လှမ်းကန်တဲ့ အပြင်းစားကန်ချက်ကို ဗလင်စီယာဂိုးသမားဟောင်းအနေနဲ့ ကာကွယ်ဖို့ တုံ့နှေးခဲ့တာကြောင့် လက်အောက်ကနေ ဂိုးပေးခဲ့ရပြီး ပထမပိုင်းကို စပါးစ်တို့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဇာဟာ၊ အီဇီ၊ ရှလု(ပ်)တို့ရဲ့ အာဖရိကတိုက်စစ်တွေက ပိုမိုအားကောင်းလာခဲ့ပြီး အဆုံးသတ်အားနည်းနေလို့သာ စပါးစ်တို့ သက်သာခဲ့ပေမယ့် ပွဲချိန် ၈၂ မိနစ်မှာတော့ အီဇီရဲ့ ဖရီးကစ်ကို အပိုင်မဖမ်းနိုင်ခဲ့တဲ့ လိုရစ်ရဲ့ ဘောလုံးလွတ်ကျတာကနေ တစ်ချိန်လုံး လွဲချော်နေခဲ့တဲ့ ရှလု(ပ်)က ကန်သွင်းပြီး ချေပဂိုးရယူသွားခဲ့လို့ ပထမနေရာက စပါးစ်တို့ တစ်မှတ်ခွဲပေးခဲ့ရတာပါ။

ဒီတစ်ပတ်မှာတော့ စပါးစ်တို့ ဇယားထိပ်ကို အပြတ်အသတ် ဦးဆောင်ခွင့် အခွင့်အရေး ရခဲ့ပေမယ့် လက်လွှတ်ခံခဲ့လို့ အမှတ်လျော့ခဲ့သလို ဂွတ်ဒီဆန်ပါ့ခ်မှာ အဲဗာတန်ကို ရှုံးပြီး တစ်မှတ်မှ မရခဲ့တဲ့ ချဲလ်ဆီးကြောင့် ဇယားထိပ်ပိုင်းအပြောင်းအလဲဖြစ် ဆောက်သမ်တန်တို့ တတိယနေရာကို (လက်စတာမကန်ခင်အချိန်အထိ)တက်ရောက်လာနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ဘယ်သူမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့စကားက မှန်ကန်နေခဲ့ကြောင်းလည်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္ တနဂၤေႏြေန႔ညမွာ ကန္သြားခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ ဦးေဆာင္သူႏွစ္သင္းရဲ႕ ပြဲစဥ္ႏွစ္ပြဲမွာ ႏွစ္သင္းစလုံး အေဝးကြင္းေတြမွာ အိမ္ရွင္ေတြကို အႏိုင္မယူႏိုင္ခဲ့ဘဲ ပိုမိုတက္ႂကြလန္းဆန္းတဲ့ ကြင္းပိုင္ရွင္ေတြရဲ႕ ထိုးႏွက္မႈမွာ သေရတစ္မွတ္ကိုပဲ ရယူခဲ့ၾကရတာျဖစ္ပါတယ္။

အေစာပြဲျဖစ္တဲ့ စပါးစ္ကေတာ့ ခရစၥတယ္လ္ပဲေလ့စ္ရဲ႕ ဆဲလ္ဟာ့စ္ပါ့ခ္မွာ ပုံမွန္လူစာရင္းနဲ႔ အေျပာင္းအလဲမရွိဘဲ ပြဲထြက္လာခဲ့ေပမယ့္ အိမ္ရွင္ လင္းယုန္ေတြရဲ႕ ဖိအားေပးမႈကို ခံခဲ့ရၿပီး ေနာက္တန္းနဲ႔ ဂိုးသမား လိုရစ္တို႔ အလုပ္မ်ားေနခဲ့သလို ဇာဟာနဲ႔ အီဇီတို႔လည္း ေတာက္ေလွ်ာက္ ဒုကၡေပးေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အန္ဒြမ္ဘီလီ၊ ရက္ဂီလြန္နဲ႔ ကိန္းတို႔ရဲ႕ ကန္ခ်က္ေတြကို ပဲေလ့စ္ရဲ႕ ဂြိဳက္တာ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ကိန္းရဲ႕ အေဝးကေန လွမ္းကန္တဲ့ အျပင္းစားကန္ခ်က္ကို ဗလင္စီယာဂိုးသမားေဟာင္းအေနနဲ႔ ကာကြယ္ဖို႔ တုံ႔ေႏွးခဲ့တာေၾကာင့္ လက္ေအာက္ကေန ဂိုးေပးခဲ့ရၿပီး ပထမပိုင္းကို စပါးစ္တို႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဇာဟာ၊ အီဇီ၊ ရွလု(ပ္)တို႔ရဲ႕ အာဖရိကတိုက္စစ္ေတြက ပိုမိုအားေကာင္းလာခဲ့ၿပီး အဆုံးသတ္အားနည္းေနလို႔သာ စပါးစ္တို႔ သက္သာခဲ့ေပမယ့္ ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အီဇီရဲ႕ ဖရီးကစ္ကို အပိုင္မဖမ္းႏိုင္ခဲ့တဲ့ လိုရစ္ရဲ႕ ေဘာလုံးလြတ္က်တာကေန တစ္ခ်ိန္လုံး လြဲေခ်ာ္ေနခဲ့တဲ့ ရွလု(ပ္)က ကန္သြင္းၿပီး ေခ်ပဂိုးရယူသြားခဲ့လို႔ ပထမေနရာက စပါးစ္တို႔ တစ္မွတ္ခြဲေပးခဲ့ရတာပါ။

ဒီတစ္ပတ္မွာေတာ့ စပါးစ္တို႔ ဇယားထိပ္ကို အျပတ္အသတ္ ဦးေဆာင္ခြင့္ အခြင့္အေရး ရခဲ့ေပမယ့္ လက္လႊတ္ခံခဲ့လို႔ အမွတ္ေလ်ာ့ခဲ့သလို ဂြတ္ဒီဆန္ပါ့ခ္မွာ အဲဗာတန္ကို ရႈံးၿပီး တစ္မွတ္မွ မရခဲ့တဲ့ ခ်ဲလ္ဆီးေၾကာင့္ ဇယားထိပ္ပိုင္းအေျပာင္းအလဲျဖစ္ ေဆာက္သမ္တန္တို႔ တတိယေနရာကို (လက္စတာမကန္ခင္အခ်ိန္အထိ)တက္ေရာက္လာႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုအတြက္ ဘယ္သူမဆိုျဖစ္သြားႏိုင္တယ္ဆိုတဲ့ ကြၽမ္းက်င္သူေတြရဲ႕စကားက မွန္ကန္ေနခဲ့ေၾကာင္းလည္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.