Premier League Transfer News

13 Dec ညနက်ပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ တိုက်စစ်ရဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့မှုအတွက် နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ယုံကြည်စိတ်ချနိုင်မယ့် တောင်ပံနဲ့ တိုက်စစ်ကစားကစားသမားနှစ်ဦး အနည်းဆုံး လိုအပ်နေပြီလို့ MEN ထောက်ပြရေးသား။

– ၂၀၂၂ နွေရာသီမှာမှ ယူရိုသန်း ၇၀ နဲ့ စာချုပ်ဖျက်ခေါ်ယူနိုင်မှာဖြစ်ပြီး ဒီကြားထဲမှာ ဒေါ့မွန်အသင်းဘက် တောင်းဆိုတဲ့ တန်ကြေးကို ပေးချေရမယ်လို့ဆိုတဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကို စီးတီးအပါအဝင် မန်ချက်စတာနှစ်သင်းက အလိုရှိနေသလို အေစီမီလန် အသင်းကလည်း ပြိုင်ဆိုင်လာဖွယ်ရှိ။

– ၂၀၁၉ ခုနှစ်က ပေါင် ၁၉ သန်းနဲ့ ခေါ်ယူဖို့ ဝုလ်ဗ်စ်အသင်းဘက်က ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုအတွက် လာမယ့်အပြောင်းအရွှေ့မှာ ထပ်မံကမ်းလှမ်းသွားဖို့ရှိနေပြီး ဒီတစ်ကြိမ်မှာတော့ ယူကရိန်းသားအနေနဲ့ သဘောတူညီနိုင်ဖွယ်ရှိနေ။

– မန်စီးတီးပရိသတ်တွေ ပဟေဠိဖြစ်နေခဲ့တဲ့ မာဆေးလ်နဲ့ပွဲက ဒုတိယအနိုင်ဂိုးရှင် ဆာဂျီယို အဂွေရို ပျောက်ဆုံးနေမှုအတွက် နည်းပြ ဂွါဒီယိုလာက အာဂျင်တီးနားသားရဲ့ ကြံ့ခိုင်မှုအခြေအနေက ပွဲကစားဖို့ မသင့်တော်သေးဘဲ ရုန်းကန်နေရဆဲလို့ ရှင်းပြသွား။

– အာလင်း ဟားလန်းအသင်းကို ရောက်လာခဲ့ရင်တောင်မှ အသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် ဝါရင့်တိုက်စစ်မှူး အဂွေရိုဟာ သူ့ရဲ့ လက်ကျန် စွမ်းရည်တွေကို ပြသနိုင်ဦးမှာဖြစ်ပြီး အတွေ့အကြုံတွေကို ဆက်လက်ထိန်းသိမ်းထားပြီး စာချုပ်သစ်ချုပ်ဖို့ လိုတယ်လို့ ကွင်းလယ်လူဟောင်း နိုက်ဂျယ် ဒယုန်း တိုက်တွန်း။

– ဘာစီလိုနာအသင်းအနေနဲ့ လာမာစီယာထွက် နောက်ခံလူ အဲရစ် ဂါစီယာကို နူးကမ့်ဆီ ပြန်လည်ခေါ်ယူဖို့ အကြံကို လက်လျှော့လိုက်ပြီလို့ သတင်းထွက်လာခဲ့ပြီး အိုင်းယက်စ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ပြောင်းလဲပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ဖော်ပြ။

– ဂျွန်စတုန်းစ်ရဲ့ မန်ချက်စတာစီးတီးနောက်တန်းမှာ ပြန်လည်နေရာရလာမှုနဲ့အတူ နည်းပြရဲ့ ယုံကြည်ခံရတဲ့ ကစားသမားအဖြစ်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဟာ အချိန်အတော်ကြာ ဝေးကွာနေတဲ့ အင်္ဂလန်အသင်းရဲ့ တံခါးပေါက်ကို ခေါက်နိုင်လိမ့်မယ်လို့ ပရိသတ်တွေ ထင်ကြေးပေးနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ သေရက်ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ တိုက္စစ္ရဲ႕ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့မႈအတြက္ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ယုံၾကည္စိတ္ခ်ႏိုင္မယ့္ ေတာင္ပံနဲ႔ တိုက္စစ္ကစားကစားသမားႏွစ္ဦး အနည္းဆုံး လိုအပ္ေနၿပီလို႔ MEN ေထာက္ျပေရးသား။

– ၂၀၂၂ ေႏြရာသီမွာမွ ယူ႐ိုသန္း ၇၀ နဲ႔ စာခ်ဳပ္ဖ်က္ေခၚယူႏိုင္မွာျဖစ္ၿပီး ဒီၾကားထဲမွာ ေဒါ့မြန္အသင္းဘက္ ေတာင္းဆိုတဲ့ တန္ေၾကးကို ေပးေခ်ရမယ္လို႔ဆိုတဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းကို စီးတီးအပါအဝင္ မန္ခ်က္စတာႏွစ္သင္းက အလိုရွိေနသလို ေအစီမီလန္ အသင္းကလည္း ၿပိဳင္ဆိုင္လာဖြယ္ရွိ။

– ၂၀၁၉ ခုႏွစ္က ေပါင္ ၁၉ သန္းနဲ႔ ေခၚယူဖို႔ ဝုလ္ဗ္စ္အသင္းဘက္က ကမ္းလွမ္းမႈကို ပယ္ခ်ထားခဲ့တဲ့ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုအတြက္ လာမယ့္အေျပာင္းအေ႐ႊ႕မွာ ထပ္မံကမ္းလွမ္းသြားဖို႔ရွိေနၿပီး ဒီတစ္ႀကိမ္မွာေတာ့ ယူကရိန္းသားအေနနဲ႔ သေဘာတူညီႏိုင္ဖြယ္ရွိေန။

– မန္စီးတီးပရိသတ္ေတြ ပေဟဠိျဖစ္ေနခဲ့တဲ့ မာေဆးလ္နဲ႔ပြဲက ဒုတိယအႏိုင္ဂိုးရွင္ ဆာဂ်ီယို အေဂြ႐ို ေပ်ာက္ဆုံးေနမႈအတြက္ နည္းျပ ဂြါဒီယိုလာက အာဂ်င္တီးနားသားရဲ႕ ႀကံ့ခိုင္မႈအေျခအေနက ပြဲကစားဖို႔ မသင့္ေတာ္ေသးဘဲ ႐ုန္းကန္ေနရဆဲလို႔ ရွင္းျပသြား။

– အာလင္း ဟားလန္းအသင္းကို ေရာက္လာခဲ့ရင္ေတာင္မွ အသင္းရဲ႕ ဂိုးသြင္းစံခ်ိန္ရွင္ ဝါရင့္တိုက္စစ္မႉး အေဂြ႐ိုဟာ သူ႔ရဲ႕ လက္က်န္ စြမ္းရည္ေတြကို ျပသႏိုင္ဦးမွာျဖစ္ၿပီး အေတြ႕အႀကဳံေတြကို ဆက္လက္ထိန္းသိမ္းထားၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ လိုတယ္လို႔ ကြင္းလယ္လူေဟာင္း ႏိုက္ဂ်ယ္ ဒယုန္း တိုက္တြန္း။

– ဘာစီလိုနာအသင္းအေနနဲ႔ လာမာစီယာထြက္ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ႏူးကမ့္ဆီ ျပန္လည္ေခၚယူဖို႔ အႀကံကို လက္ေလွ်ာ့လိုက္ၿပီလို႔ သတင္းထြက္လာခဲ့ၿပီး အိုင္းယက္စ္ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေျပာင္းလဲပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ဂြၽန္စတုန္းစ္ရဲ႕ မန္ခ်က္စတာစီးတီးေနာက္တန္းမွာ ျပန္လည္ေနရာရလာမႈနဲ႔အတူ နည္းျပရဲ႕ ယုံၾကည္ခံရတဲ့ ကစားသမားအျဖစ္ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာဟာ အခ်ိန္အေတာ္ၾကာ ေဝးကြာေနတဲ့ အဂၤလန္အသင္းရဲ႕ တံခါးေပါက္ကို ေခါက္ႏိုင္လိမ့္မယ္လို႔ ပရိသတ္ေတြ ထင္ေၾကးေပးေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.