Premier League

ဖိအားတွေ လျော့ကျစေခဲ့တဲ့ မက်ဂွိုင်းယားရဲ့ မန်ချက်စတာဒါဘီပွဲက စွမ်းဆောင်ရည်

စ​နေ့​နေ့ ည၁၂နာရီအချိန်က အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဥ်မှာ​တော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသ​ရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားနဲ့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာတို့​ တွေ့ဆုံမှုသမိုင်းမှာ ပထမဆုံးအကြိမ် ဂိုးမရှိသ​ရေရလဒ်ထွက်​ပေါ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ​နောက်ဆုံး၃ပွဲမှာ ၇ဂိုးအထိ ခွင့်ပြုထားခဲ့ရတဲ့ မန်ယူအသင်း ခံစစ်က မ​နေ့ညကပွဲမှာ Clean sheetပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါဘီပွဲရဲ့ ပထမပိုင်းမှာတုန်းက​တော့ အပြန်အလှန် ထိုး​ဖောက်ခဲ့ကြပြီး မက်​တော်မီ​နေးနဲ့ ​​ခေါင်း​တိုက်​ဘောကတစ်ဆင့် လျှံကျလာတဲ့ ​ဘောလုံးကို ​ပြေးပိတ်ရာမှာ​ နောက်ကျ​နေခဲ့ပြီး ဂါဘရီယ်လ်​ ​ဂျေးဆူးစ်ရဲ့ ​လျှောထ်ုးပိတ်သွင်းမှုကလည်း လွဲ​ချော်ခဲ့ရပါတယ်။ဒုတိယပိုင်းမှာ​ ရက်ရှိဖို့ဒ်ရဲ့ထိုး​ဖောက်မှုက တစ်ဆင့် ​ဝေါ်လ်ကာဖြတ်ထုတ်ရာမှာ ပင်နယ်တီသတ်မှတ်​ပေးခဲ့​ပေမယ့် VARပြန်ကြည့်ရာမှာ ရက်ရှ်ဖို့ဒ်အ​နေနဲ့ မဆိုစ​လောက်​​လေး လူကျွံ​နေခဲ့တာ​ကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။

​နောက်ပိုင်းပွဲချိန်​တွေမှာ မန်စီးတီးဘက်က ပိုမိုထိုး​ဖောက်နိုင်ခဲ့ပြီး ယူနိုက်တက် ရဲ့ အသင်း​ခေါင်း​ဆောင် မက်ဂွိုင်းယားဦး​ဆောင်တဲ့ ​နောက်တန်းကို​တော့ မ​ကျော်လွှားနိုင်ခဲ့ဘဲ​ ​ခြေစွမ်းပြ တားဆီးသွားခဲ့ပါတယ်။ မက်ဂွိုင်းယားအ​နေနဲ့ သူရဲ့မတည်ငြိမ်တဲ့ ​​ခြေစွမ်း​ကြောင့် ယခုရာသီမှာ အ​တော်​လေး​ဝေဖန်ခံ​နေရပြီး စပါးကိုဂိုးပြတ်ရှုံးတဲ့ပွဲမှာ သူ့ရဲ့ခံစစ်စွမ်းရည် အ​တော်​လေးညံ့ဖျင်းခဲ့ပါတယ်။

ဒါ​ပေမယ့် ဒါဘီပွဲ​စဥ်မှာ​တော့ မန်စီးတီး ​တောင်ပံတိုက်စစ် ကစားသမား စတာလင်ကို စိတ်ကြိုက်ကစားခွင့်မရ​အောင် ထိန်းချုပ်ပြခဲ့ပြီး ​ဂျေးဆူးစ်နဲ့ ဒီဘရိုင်းနား တို့လည်း ပုံမှန်​​ခြေစွမ်း ပြ​ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ​တောင်ပံက ​ရောက်လာတဲ့ ဖြတ်တင်​ဘောမှန်သမျှကိုလည်း ဒိုင်ခံရှင်းထုတ်​ပေးခဲ့ပြီး အပိုင်အခွင့်အ​ရေးမရ​အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အသက် ၂၇ အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ ဒါဘီပွဲစဥ်မှာ Rating 7.5 အထိ ရရှိခဲ့ပြီး ​​လေထဲ​ဘောလုံးယှဥ်လှနိုင်မှု 100%၊ ​​ဘောလုံးရှင်းထုတ်မှု 100%​ အထိ ​အောင်မြင်ခဲ့ပြီး ​ဘောလုံးလုယူမှု ၂ ကြိမ်၊ ​ဖြတ်ထုတ်မှု ၂ ကြိမ်နဲ့ ကန်သွင်းမှု ၃ ကြိမ်ကို တားဆီးကာကွယ်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဒုတိယ​မြောက် အိမ်ကွင်း​ ပေးဂိုးမရှိတဲ့ပွဲ ဖြစ်လာခဲ့ပါတယ်။

ကွင်းပြင်ပမှာ​ရော ကွင်းထဲမှာ ​​ဝေဖန်မှု​တွေခံ​နေရတဲ့ မက်ဂွိုင်းယားအတွက်​တော့ မန်စီးတီးနဲ့ ဒါဘီပွဲစဥ်က ကစားခဲ့တဲ့ စွမ်း​ဆောင်ရည်အရ သူဟာ ထိပ်တန်းခံစစ်သမား တစ်​ယောက်ဖြစ်​နေ​သေး​ကြောင်း သက်​သေပြလိုက်တာပဲဖြစ်ပါတယ်။ ထိပ်တန်းအဆင့်ကို ဆက်လက်ထိန်းသိမ်းဖို့ သူ့အ​နေနဲ့ လက်စတာမှာတုန်းက စွမ်း​ဆောင်ရည်​​တွေပြန်လည်ပြသဖို့​တော့ မက်ဂွိုင်းယားအ​နေနဲ့ လိုအပ်​နေ​သေးပြီး အသင်းရဲ့ ​ခေါင်း​ဆောင်တစ်​ယောက်​အ​နေနဲ့ အသင်းကို မြှင့်တင်​ပေးရမှာပဲဖြစ်ပါတယ်။

REF: FOOTBALL FAN CAST
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စ​နေ့​နေ့ ည၁၂နာရီအချိန်က အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ​တော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသ​ရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။







REF: FOOTBALL FAN CAST
SPORTS A2Z.