Premier League Transfer News

13 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲပန်းနေနိုင်တဲ့ အဓိက ကစားသမားအချို့ကို ပွဲမထွက်မသုံးစွဲဘဲ အနားပေးလာဖွယ်ရှိနေပြီး တောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ မစ်ဂျဲလန်းနဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားထားရတဲ့အတွက် တိုက်စစ်ကို ဆာဒီယို မာနေးကပဲ ဦးဆောင်လာဖွယ်ရှိနေ။

– ယခုနှစ် ဘောလုံးရာသီတွင် အဓိက ကစားသမားများ မကြာခဏ ဒဏ်ရာရရှိနေသည့် လီဗာပူးလ် အသင်း၏ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ ရရှိထားတဲ့ ဒူးဒါဏ်ရာကြောင့် အလွန်ဆုံး ၂လ အထိ အနားရယူရနိုင်ဖွယ်ရှိနေပြီး အသင်းရဲ့ ပွဲစဉ် ၁၃ ပွဲခန့် လွဲချော်ဖွယ်ရှိနေ။

– လီဗာပူးလ် အသင်းနည်းပြ ယာဂန် ကလော့ပ်က မစ်ဂျေးလန်း နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ဝင်ရောက်ကစားခဲ့သော လူငယ်နောက်ခံ ကစားသမား အလက်ဇန်းဒါးအာနိုးလ်ဒ် အနေဖြင့် အသင်းရဲ့ အနာဂါတ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း ပြောကြား။

– လီဗာပူးလ် အသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး မီနာမီနို အနေဖြင့် တိုက်စစ်ပိုင်းတွင် ဒီယိုဂိုဂျိုတာနှင့် ရောဘတ်တို ဖာမီနိုတို့ ရှိနေသည့်အတွက် ဇန်နီဝါရီ အပြောင်းအရွှေ့ ကာလတွင် အငှားဖြင့် အသင်းမှ ထွက်ခွာဖွယ်ရှိနေ။

– ယခုအချိန်တွင် အကောင်းဆုံး ညာနောက်ခံ ကစားသမားအဖြစ် သတ်မှတ်ခံထားရသည့် အလက်ဇန်းဒါး-အာနိုးလ်ဒ်နှင့် မိမိသည် နောင်မျိုးဆက်သစ်အတွက် စံပြကစားသမား ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ချယ်လ်ဆီးအသင်းနောက်ခံလူ ဘင်ချေးလ်ဝဲလ်ပြောကြား။

– လီဗာပူးလ် အသင်းသည် လာမည့်ရာသီသစ်တွင် ဆုဖလားများအားလုံးကို စိန်ခေါ်နိုင်ရန် အသင်း၏ လူအင်အားကို မြှင့်တင်ရန် ပီအက်စ်ဂျီ အသင်းမှ ထွက်ခွာမည်ဟု ပြောကြားထားသော ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရ။

– လီဗာပူးလ် တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုက အဲဗာတန်နှင့် ပွဲစဉ်တွင် ပြင်းထန်သော ဒူးဒဏ်ရာ ရရှိခဲ့သည့် အဓိက ခံစစ်မှူး ဗာဂျီးလ် ဗန်ဒိုက် မကစားနိုင်ခြင်းမှာ အသင်းအတွက် အလွန်တရာ ကြီးမားသောဆုံးရှုံးမှု ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ၎င်းအတွက် ရည်စူး၍ ရယူလိုကြောင်း ပြောကြား။

– လီဗာပူးလ်အသင်း၏ အဓိက ကွင်းလယ်ကစားသမား ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုကို ၂၀၁၈ ခုနှစ်က ခေါ်ယူရာတွင် အသင်း၏ ဘရာဇီးလ် ကစားသမားဖြစ်သည့် တိုက်စစ်မှူး ဖာမီနိုနှင့် ကွင်းလယ်ကစားသမားဟောင်း ကော်တင်ညိုတို့၏ အကူအညီက အများကြီး အထောက်အကူဖြစ်ခဲ့ကြောင်း နည်းပြ ယာဂန်ကလော့ပ် ပြောကြား။

– ဘလက်ဘန်းအသင်းကို အငှားချထားရာတွင် တစ်ကိုယ်တော်သွင်းဂိုးကို လှလှပပ သွင်းယူပြနိုင်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဟာဗီ အီးလီးယော့ကို ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူပြီး နေရာပေးသွားနိုင်ရန် နည်းပြ ယာဂန် ကလော့ပ်အား လီဗာပူးလ်ပရိသတ်များ တိုက်တွန်း။

– အင်တာမီလန်နောက်ခံလူ စတီဖန် ဒီဗရိုင်းကို လီဗာပူးလ်အသင်းက ခံစစ်ပိုင်း အားဖြည့်မှုအတွက် စိတ်ဝင်စားနေပြီး အေးဂျင့် မီနို ရိုင်ယိုလာကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် ဒတ်ချ်ကစားသမားအနေနဲ့ အီတလီမြေနဲ့ ဆန်စီရိုမှာသာ ပျော်ရွှင်နေပြီး အသင်းပြောင်းရွှေ့ဖို့ အစီအစဉ် မရှိသေးဘူးလို့ တုံ့ပြန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲပန္းေနႏိုင္တဲ့ အဓိက ကစားသမားအခ်ိဳ႕ကို ပြဲမထြက္မသုံးစြဲဘဲ အနားေပးလာဖြယ္ရွိေနၿပီး ေတာင္ပံတိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ မစ္ဂ်ဲလန္းနဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ကစားထားရတဲ့အတြက္ တိုက္စစ္ကို ဆာဒီယို မာေနးကပဲ ဦးေဆာင္လာဖြယ္ရွိေန။

– ယခုႏွစ္ ေဘာလုံးရာသီတြင္ အဓိက ကစားသမားမ်ား မၾကာခဏ ဒဏ္ရာရရွိေနသည့္ လီဗာပူးလ္ အသင္း၏ တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာ ရရွိထားတဲ့ ဒူးဒါဏ္ရာေၾကာင့္ အလြန္ဆုံး ၂လ အထိ အနားရယူရႏိုင္ဖြယ္ရွိေနၿပီး အသင္းရဲ႕ ပြဲစဥ္ ၁၃ ပြဲခန႔္ လြဲေခ်ာ္ဖြယ္ရွိေန။

– လီဗာပူးလ္ အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က မစ္ေဂ်းလန္း ႏွင့္ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ အသင္းေခါင္းေဆာင္အျဖစ္ ဝင္ေရာက္ကစားခဲ့ေသာ လူငယ္ေနာက္ခံ ကစားသမား အလက္ဇန္းဒါးအာႏိုးလ္ဒ္ အေနျဖင့္ အသင္းရဲ႕ အနာဂါတ္ အသင္းေခါင္းေဆာင္ ျဖစ္လာႏိုင္ေၾကာင္း ေျပာၾကား။

– လီဗာပူးလ္ အသင္းတြင္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနသည့္ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး မီနာမီႏို အေနျဖင့္ တိုက္စစ္ပိုင္းတြင္ ဒီယိုဂိုဂ်ိဳတာႏွင့္ ေရာဘတ္တို ဖာမီႏိုတို႔ ရွိေနသည့္အတြက္ ဇန္နီဝါရီ အေျပာင္းအေ႐ႊ႕ ကာလတြင္ အငွားျဖင့္ အသင္းမွ ထြက္ခြာဖြယ္ရွိေန။

– ယခုအခ်ိန္တြင္ အေကာင္းဆုံး ညာေနာက္ခံ ကစားသမားအျဖစ္ သတ္မွတ္ခံထားရသည့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ႏွင့္ မိမိသည္ ေနာင္မ်ိဳးဆက္သစ္အတြက္ စံျပကစားသမား ျဖစ္လာလိမ့္မည္ဟု ယုံၾကည္ေၾကာင္း ခ်ယ္လ္ဆီးအသင္းေနာက္ခံလူ ဘင္ေခ်းလ္ဝဲလ္ေျပာၾကား။

– လီဗာပူးလ္ အသင္းသည္ လာမည့္ရာသီသစ္တြင္ ဆုဖလားမ်ားအားလုံးကို စိန္ေခၚႏိုင္ရန္ အသင္း၏ လူအင္အားကို ျမႇင့္တင္ရန္ ပီအက္စ္ဂ်ီ အသင္းမွ ထြက္ခြာမည္ဟု ေျပာၾကားထားေသာ ကိုင္လီယန္ အမ္ဘာေပကို ေခၚယူရန္ ပစ္မွတ္ထားေနေၾကာင္း သိရွိရ။

– လီဗာပူးလ္ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုက အဲဗာတန္ႏွင့္ ပြဲစဥ္တြင္ ျပင္းထန္ေသာ ဒူးဒဏ္ရာ ရရွိခဲ့သည့္ အဓိက ခံစစ္မႉး ဗာဂ်ီးလ္ ဗန္ဒိုက္ မကစားႏိုင္ျခင္းမွာ အသင္းအတြက္ အလြန္တရာ ႀကီးမားေသာဆုံးရႈံးမႈ ျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ၎အတြက္ ရည္စူး၍ ရယူလိုေၾကာင္း ေျပာၾကား။

– လီဗာပူးလ္အသင္း၏ အဓိက ကြင္းလယ္ကစားသမား ဘရာဇီးလ္ကြင္းလယ္လူ ဖာဘင္ညိဳကို ၂၀၁၈ ခုႏွစ္က ေခၚယူရာတြင္ အသင္း၏ ဘရာဇီးလ္ ကစားသမားျဖစ္သည့္ တိုက္စစ္မႉး ဖာမီႏိုႏွင့္ ကြင္းလယ္ကစားသမားေဟာင္း ေကာ္တင္ညိဳတို႔၏ အကူအညီက အမ်ားႀကီး အေထာက္အကူျဖစ္ခဲ့ေၾကာင္း နည္းျပ ယာဂန္ကေလာ့ပ္ ေျပာၾကား။

– ဘလက္ဘန္းအသင္းကို အငွားခ်ထားရာတြင္ တစ္ကိုယ္ေတာ္သြင္းဂိုးကို လွလွပပ သြင္းယူျပႏိုင္ခဲ့သည့္ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္တိုက္စစ္မႉး ဟာဗီ အီးလီးေယာ့ကို ဇန္နဝါရီမွာ ျပန္လည္ေခၚယူၿပီး ေနရာေပးသြားႏိုင္ရန္ နည္းျပ ယာဂန္ ကေလာ့ပ္အား လီဗာပူးလ္ပရိသတ္မ်ား တိုက္တြန္း။

– အင္တာမီလန္ေနာက္ခံလူ စတီဖန္ ဒီဗ႐ိုင္းကို လီဗာပူးလ္အသင္းက ခံစစ္ပိုင္း အားျဖည့္မႈအတြက္ စိတ္ဝင္စားေနၿပီး ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကို ဆက္သြယ္စုံစမ္းခဲ့ေပမယ့္ ဒတ္ခ်္ကစားသမားအေနနဲ႔ အီတလီေျမနဲ႔ ဆန္စီ႐ိုမွာသာ ေပ်ာ္႐ႊင္ေနၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ တုံ႔ျပန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.