Premier League Transfer News

11 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ဖီဖာ FIFPRO ရဲ့ ၂၀၂၀ ခုနှစ်ဘောလုံးရာသီအတွက်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး World XI အတွက် ဆန်ကာတင်စာရင်းမှာ ချဲလ်ဆီးအသင်းကို နွေရာသီအပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ ကွင်းလယ်ကစားသမား အန်ဂိုလို ကွန်တေ တို့ပါဝင်။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က စနေနေ့မှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ ကစားသမားဘဝမှာကတည်းက သူ့အပေါ် လွှမ်းမိုးမှုရှိခဲ့သူဖြစ်ပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ ထိပ်တန်းနည်းပြတစ်ဦးဖြစ်တာကြောင့် လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမယ်လို့ဆို။

– ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီးအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့နည်းပြ ဘီယယ်လ်ဆာက ချဲလ်ဆီးအသင်းဟာ သူတို့အသင်းနဲ့ ကစားတဲ့ပွဲမှာ ကြံ့ခိုင်မှုအလွန်ကောင်းမွန်တာကို တွေ့ခဲ့ရပြီး သာမန်ထက်ပိုတဲ့ အားထုတ်မှုမျိုးနဲ့ ကစားသွားခဲ့တာကြောင့် ဒီရာသီတွင်းကစားခဲ့တဲ့ပွဲစဉ်တွေထဲမှာ ဒုတိယမြောက် အခက်ခဲဆုံးပွဲစဉ်ဖြစ်ခဲ့တယ်လို့ဆို။

– ချဲလ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီးယေး ဂျီရူးက သူ့ရဲ့ အကောင်းဆုံး ခေါင်းတိုက်သွင်းဂိုးတွေထဲမှာ အသင်းဟောင်း အာဆင်နယ်အသင်းဘက်ကို ယူရိုပါလိဂ်ဖိုင်နယ်မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးဟာ အကောင်းဆုံးဖြစ်တယ်လို့ ဖွင့်ဟခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ ဟဒ်ဆန်-အိုဒွိုင်းကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားချသွားမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး အသက် ၂၀ အရွယ် တောင်ပံကစားသမားအတွက် ကမ်းလှမ်းမှုတွေအားလုံးကို ငြင်းဆန်သွားမယ်လို့ဆို။

– အသင်းရဲ့ ဖြတ်တင်ဘော ပေးပို့သူတွေ ဖြစ်ကြတဲ့ ရီးစ် ဂျိမ်းစ်၊ ဘန် ချေးလ်ဝဲလ်နဲ့ ဟာကင်းမ် ဇီးယက်ရှ်တို့ဟာ ထူးချွန်ကြသူတွေ ဖြစ်ပေမယ့် သူတို့ထဲမှာတော့ မော်ရိုကိုသား ဇီးယက်ရှ်က အကောင်းဆုံးအခွင့်အရေးတွေကို ဖန်တီးပေးနိုင်သူလို့ ဂျီရူး ရွေးချယ်သွား။

– ခံစစ်ပိုင်းမှာ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗား ခြေစွမ်းပြသနေပေမယ့် သူ့ကို အသက်အရွယ်အရ နှစ်အနည်းငယ်ထက်ပိုပြီး မျှော်လင့်လို့ မရနိုင်တာကြောင့် ရေရှည်အစားထိုးမှုအဖြစ် ကက်ဂလီယာရီရဲ့ အသက် ၂၀ အရွယ်နောက်ခံလူ ဆီဘက်စ်တီယန် ဗာလူကစ်ချ်ကို ပေါင် ၅၄ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဖီဖာ FIFPRO ရဲ႕ ၂၀၂၀ ခုႏွစ္ေဘာလုံးရာသီအတြက္ထုတ္ျပန္လိုက္တဲ့ ကမာၻ႔အေကာင္းဆုံး World XI အတြက္ ဆန္ကာတင္စာရင္းမွာ ခ်ဲလ္ဆီးအသင္းကို ေႏြရာသီအေျပာင္းအေ႐ႊ႕ကမွ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔ ကြင္းလယ္ကစားသမား အန္ဂိုလို ကြန္ေတ တို႔ပါဝင္။

– ခ်ဲလ္ဆီးနည္းျပ ဖရန႔္ လမ္းပတ္က စေနေန႔မွာ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ရမယ့္ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီဟာ ကစားသမားဘဝမွာကတည္းက သူ႔အေပၚ လႊမ္းမိုးမႈရွိခဲ့သူျဖစ္ၿပီး ေအာင္ျမင္မႈမ်ားစြာရရွိခဲ့တဲ့ ထိပ္တန္းနည္းျပတစ္ဦးျဖစ္တာေၾကာင့္ ေလးစားမႈအျပည့္နဲ႔ ယွဥ္ၿပိဳင္သြားမယ္လို႔ဆို။

– ၿပီးခဲ့တဲ့ အပတ္က ခ်ဲလ္ဆီးအသင္းကို သုံးဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ္ခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕နည္းျပ ဘီယယ္လ္ဆာက ခ်ဲလ္ဆီးအသင္းဟာ သူတို႔အသင္းနဲ႔ ကစားတဲ့ပြဲမွာ ႀကံ့ခိုင္မႈအလြန္ေကာင္းမြန္တာကို ေတြ႕ခဲ့ရၿပီး သာမန္ထက္ပိုတဲ့ အားထုတ္မႈမ်ိဳးနဲ႔ ကစားသြားခဲ့တာေၾကာင့္ ဒီရာသီတြင္းကစားခဲ့တဲ့ပြဲစဥ္ေတြထဲမွာ ဒုတိယေျမာက္ အခက္ခဲဆုံးပြဲစဥ္ျဖစ္ခဲ့တယ္လို႔ဆို။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉးႀကီး အိုလီဗီးေယး ဂ်ီ႐ူးက သူ႔ရဲ႕ အေကာင္းဆုံး ေခါင္းတိုက္သြင္းဂိုးေတြထဲမွာ အသင္းေဟာင္း အာဆင္နယ္အသင္းဘက္ကို ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ သြင္းယူခဲ့တဲ့ ေခါင္းတိုက္ဂိုးဟာ အေကာင္းဆုံးျဖစ္တယ္လို႔ ဖြင့္ဟခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အငွားခ်သြားမယ္ဆိုတဲ့ သတင္းေတြကို ပယ္ခ်လိုက္ၿပီး အသက္ ၂၀ အ႐ြယ္ ေတာင္ပံကစားသမားအတြက္ ကမ္းလွမ္းမႈေတြအားလုံးကို ျငင္းဆန္သြားမယ္လို႔ဆို။

– အသင္းရဲ႕ ျဖတ္တင္ေဘာ ေပးပို႔သူေတြ ျဖစ္ၾကတဲ့ ရီးစ္ ဂ်ိမ္းစ္၊ ဘန္ ေခ်းလ္ဝဲလ္နဲ႔ ဟာကင္းမ္ ဇီးယက္ရွ္တို႔ဟာ ထူးခြၽန္ၾကသူေတြ ျဖစ္ေပမယ့္ သူတို႔ထဲမွာေတာ့ ေမာ္႐ိုကိုသား ဇီးယက္ရွ္က အေကာင္းဆုံးအခြင့္အေရးေတြကို ဖန္တီးေပးႏိုင္သူလို႔ ဂ်ီ႐ူး ေ႐ြးခ်ယ္သြား။

– ခံစစ္ပိုင္းမွာ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗား ေျခစြမ္းျပသေနေပမယ့္ သူ႔ကို အသက္အ႐ြယ္အရ ႏွစ္အနည္းငယ္ထက္ပိုၿပီး ေမွ်ာ္လင့္လို႔ မရႏိုင္တာေၾကာင့္ ေရရွည္အစားထိုးမႈအျဖစ္ ကက္ဂလီယာရီရဲ႕ အသက္ ၂၀ အ႐ြယ္ေနာက္ခံလူ ဆီဘက္စ္တီယန္ ဗာလူကစ္ခ်္ကို ေပါင္ ၅၄ သန္းနဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.