Premier League

လင္းယုန္ေတြ အျမင့္ပ်ံႏုိင္ခဲ့ၿပီး အဆုံးသတ္ဆိုးရြားမွဳနဲ႔ အိမ္ကြင္းမွာ ေျခေခ်ာ္ခဲ့တဲ့ စင္ေရာ္ေတြ

M23 Derby လို႔ အမည္ရတဲ့ အေဝးေျပးလမ္းမဆက္သြယ္မွဳတစ္ခုနဲ႔ ေပၚေပါက္လာခဲ့တဲ့ ဒါဘီမွာေတာ့ ပရီးမီးယားလိဂ္မွာ ဘ႐ိုက္တန္နဲ႔ ရင္ဆုိင္ရာမွာ ဘယ္တုန္းကမွ ႏုိင္ပြဲမရခဲ့ဖူးေသးတဲ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ ဒီမွတ္တမ္းကို ခ်ဳိးဖ်က္ၿပီး ေဂ်ာ္ဒန္ အာယူးရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ သုံးမွတ္စုေဆာင္းႏုိင္ခဲ့ပါတယ္။

ပြဲမတုိင္ခင္ အဆင့္ ၁၃ မွာ ရပ္တည္ေနခဲ့တဲ့ ပဲေလ့စ္အသင္းနဲ႔ အဆင့္ ၁၅ မွာ ရပ္တည္ေနတဲ့ အေမရိကန္အိပ္စ္ပရက္စ္ကြင္းက ဘ႐ိုက္တန္တုိ႔အေနနဲ႔ အႏိုင္နဲ႔ သေရပဲလုိ႔ လူေတြက ခန္႔မွန္းခဲ့ၾကေပမယ့္ အိမ္ရွင္တုိ႔ရဲ႕ ကန္သြင္းမွဳအႀကိမ္ႀကိမ္ကို ဧည့္သည္ဂိုးသမား ဗီဆန္ေတး ဂြဳိင္တာက လက္စြမ္းျပၿပီး ကာကြယ္သြားႏုိင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ဘ႐ိုက္တန္ကြင္းလယ္လူ ေဆာ္လီ မာ့ခ်္ လြတ္လြတ္ကၽြတ္ကၽြတ္ ကန္ခြင့္ရေပမယ့္ အားေပ်ာ့ေနခဲ့လို႔ ပဲေလ့စ္ဂိုးသမား ကာကြယ္သြားႏုိင္ခဲ့သလို အိမ္ရွင္တုိက္စစ္ကစားသမားေတြရဲ႕ ကန္ခ်က္ေတြကေတာ့ ဂြဳိင္တာကို ေလ့က်င့္ခန္းဆင္းခုိင္းတဲ့ အဆင့္မွာပဲ ရွိေနခဲ့ၿပီး ပဲြခ်ိန္ ၃၅ မိနစ္မွာေတာ့ အခြင့္အေရးေကာင္းတစ္ခုကို ေတာင္ပံကစားသမား မာ့ခ်္က ဂိုးေဘးကို လြဲကန္ခဲ့တာပါ။

ဘ႐ိုက္တန္တုိ႔ အႀကိမ္ႀကိမ္ ထိုးေဖာက္ေနၿပီး အခြင့္အေရးေတြ ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ေပမယ့္ ပဲေလ့စ္တုိ႔ကေတာ့ ကံရဲ႕ ေဖးမမွဳကို ရခဲ့ၿပီး အိမ္ရွင္တုိ႔ အာ႐ုံစူးစိုက္မွဳနည္းပါးခဲ့တဲ့ ပြဲခ်ိန္မိနစ္ ၇၀ မွာ ႏွစ္ေယာက္တည္းနဲ႔ တုိက္စစ္ဆင္ခဲ့ရာမွာေတာ့ ဘန္တီကီရဲ႕ ေပးပို႔မွဳကို ေဂ်ာ္ဒန္ အာယူးက အနိမ့္ေဘာကန္သြင္းရာမွာ ဂိုးသမား ႐ိုင္ယန္ မကာကြယ္ႏုိင္ခဲ့ဘဲ ခြင့္ျပဳခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ ဘ႐ိုက္တန္ေတာင္ပံကစားသမား ေဆာ္လီ မာ့ခ်္ ကစားပုံေကာင္းေပမယ့္ အဆုံးသတ္ပုိင္းေတြမွာ ညံ့ဖ်င္းေနခဲ့လို႔ ပဲေလ့စ္တို႔ ကံေကာင္းခဲ့ၿပီး အိမ္ရွင္တုိ႔ ၂၄ ႀကိမ္ကန္ခြင့္ရတာမွာ ၈ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး အားလုံးကို ဂိုးသမား ဂြဳိင္တာ လက္စြမ္းျပ ကာကြယ္ႏုိင္ခဲ့လို႔ အသင္းလိုဂိုေတြအရ အင္အားနည္းပါးတဲ့ အိမ္ရွင္စင္ေရာ္ေတြ ဧည့္သည္လင္းယုန္ေတြကို မရွဳံးသင့္ဘဲ အရွဳံးေပးခဲ့ရၿပီး တန္းဆင္းဇုန္နဲ႔ ပုိနီးသြားခဲ့ေၾကာင္း ေရးသားေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: M23 Derby လို့ အမည်ရတဲ့ အဝေးပြေးလမ်းမဆက်သွယ်မှုတစ်ခုနဲ့ ပေါ်ပေါက်လာခဲ့တဲ့ ဒါဘီမှာတော့ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်နဲ့ ရင်ဆိုင်ရာမှာ ဘယ်တုန်းကမှ နိုင်ပွဲမရခဲ့ဖူးသေးတဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ ဒီမှတ်တမ်းကို ချိုးဖျက်ပြီး ဂျော်ဒန် အာယူးရဲ့ တစ်လုံးတည်းသောဂိုးနဲ့ သုံးမှတ်စုဆောင်းနိုင်ခဲ့ပါတယ်။

ပွဲမတိုင်ခင် အဆင့် ၁၃ မှာ ရပ်တည်နေခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ အမေရိကန်အိပ်စ်ပရက်စ်ကွင်းက ဘရိုက်တန်တို့အနေနဲ့ အနိုင်နဲ့ သရေပဲလို့ လူတွေက ခန့်မှန်းခဲ့ကြပေမယ့် အိမ်ရှင်တို့ရဲ့ ကန်သွင်းမှုအကြိမ်ကြိမ်ကို ဧည့်သည်ဂိုးသမား ဗီဆန်တေး ဂွိုင်တာက လက်စွမ်းပြပြီး ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာ ဘရိုက်တန်ကွင်းလယ်လူ ဆော်လီ မာ့ချ် လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရပေမယ့် အားပျော့နေခဲ့လို့ ပဲလေ့စ်ဂိုးသမား ကာကွယ်သွားနိုင်ခဲ့သလို အိမ်ရှင်တိုက်စစ်ကစားသမားတွေရဲ့ ကန်ချက်တွေကတော့ ဂွိုင်တာကို လေ့ကျင့်ခန်းဆင်းခိုင်းတဲ့ အဆင့်မှာပဲ ရှိနေခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာတော့ အခွင့်အရေးကောင်းတစ်ခုကို တောင်ပံကစားသမား မာ့ချ်က ဂိုးဘေးကို လွဲကန်ခဲ့တာပါ။

ဘရိုက်တန်တို့ အကြိမ်ကြိမ် ထိုးဖောက်နေပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပေမယ့် ပဲလေ့စ်တို့ကတော့ ကံရဲ့ ဖေးမမှုကို ရခဲ့ပြီး အိမ်ရှင်တို့ အာရုံစူးစိုက်မှုနည်းပါးခဲ့တဲ့ ပွဲချိန်မိနစ် ၇၀ မှာ နှစ်ယောက်တည်းနဲ့ တိုက်စစ်ဆင်ခဲ့ရာမှာတော့ ဘန်တီကီရဲ့ ပေးပို့မှုကို ဂျော်ဒန် အာယူးက အနိမ့်ဘောကန်သွင်းရာမှာ ဂိုးသမား ရိုင်ယန် မကာကွယ်နိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ဘရိုက်တန်တောင်ပံကစားသမား ဆော်လီ မာ့ချ် ကစားပုံကောင်းပေမယ့် အဆုံးသတ်ပိုင်းတွေမှာ ညံ့ဖျင်းနေခဲ့လို့ ပဲလေ့စ်တို့ ကံကောင်းခဲ့ပြီး အိမ်ရှင်တို့ ၂၄ ကြိမ်ကန်ခွင့်ရတာမှာ ၈ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး အားလုံးကို ဂိုးသမား ဂွိုင်တာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ အသင်းလိုဂိုတွေအရ အင်အားနည်းပါးတဲ့ အိမ်ရှင်စင်ရော်တွေ ဧည့်သည်လင်းယုန်တွေကို မရှုံးသင့်ဘဲ အရှုံးပေးခဲ့ရပြီး တန်းဆင်းဇုန်နဲ့ ပိုနီးသွားခဲ့ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.