Premier League Transfer News

10 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ရှော်လ်ကာအသင်းရဲ့ လူငယ်နောက်ခံလူ အိုဇန် ကာဘက်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းလာခဲ့ပြီဖြစ်ပြီး ဘဏ္ဏာရေးအခြေအနေ ကျပ်တည်းနေခဲ့တဲ့ ဘွန်ဒက်စ်လီဂါအသင်းအနေနဲ့ ယူရို ၁၅ သန်းရရင် ရောင်းထုတ်မယ်လို့ သတင်းထွက်လာ။

– လူငယ်ကစားသမား လေတန် ကလာ့ခ်ဆန်ဟာ အမည်မဖော်ပြတဲ့ ဂျာမန်ကစားသမားတစ်ယောက်နဲ့တူပြီး ကွင်းလယ်မှာ နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေမှာ ကောင်းကောင်းကစားပေးနိုင်သလို အသက် ၁၈ နှစ်အရွယ်နဲ့တောင် မတူဘဲ ကြံ့ခိုင်ထက်မြက်တဲ့သူတစ်ဦး ဖြစ်တယ်လို့ နည်းပြ ကလော့ပ်သုံးသပ်သွား။

– မစ်ဂျဲလန်းနဲ့ပွဲမှာ စစချင်းမိနစ်မှာပဲ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ရဲ့ ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ဒီစံချိန်သစ်အတွက် ဂုဏ်ယူကြောင်းနဲ့ အသင်းအတွက် ထပ်ပြီး ဂိုးပေါင်းများစွာ သွင်းယူပေးချင်သေးကြောင်း ပြောကြား။

– လီဗာပူးလ်အသင်းနဲ့ VAR ကတော့ လက်ရှိအချိန်အထိ စိတ်ပျက်စရာတွေပဲ များနေခဲ့ပြီး မစ်ဂျဲလန်းနဲ့ပွဲမှာလည်း ထိခိုက်မှုနည်းခဲ့တဲ့ ဂိုးသမား ကယ်လေဟာရဲ့ ဖျက်ထုတ်မှုကို ပင်နယ်တီပေးခဲ့သလို နောက်ဆုံးမိနစ် မီနာမီနိုရဲ့ အနိုင်ဂိုးကိုလည်း ပယ်ဖျက်ခံခဲ့ရ။

– ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ အုပ်စုဗိုလ်အဖြစ် တက်ရောက်လာခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဂျာမန်အသင်းတွေနဲ့ တွေ့ဆုံဖွယ်ရှိနေတယ်လို့ အုပ်စု(B)မှာ ဒုတိယရခဲ့တဲ့ မိုချန်ဂလာဘက်ချ်နဲ့ ဖြစ်နိုင်ကြောင်း UEFA ရဲ့ အစဉ်အလာတွေအရ ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံနေရာမှာ စကော့တလန်သား အန်ဒီ ရောဘတ်ဆန်တစ်ယောက်တည်း ပင်ပန်းဦးမှာဖြစ်ပြီး မစ်ဂျဲလန်းနဲ့ပွဲမှာ ဒူးဒဏ်ရာရသွားတဲ့ ကော့စတတ်စ် ဆီမီကတ်စ်အနေနဲ့ ခဏတာ အနားယူရနိုင်သလို သူ့ရဲ့ မလိုအပ်တဲ့ လျှောထိုးဖျက်ထုတ်ပုံတွေကိုလည်း ဝေဖန်ခံခဲ့ရ။

– RB လိုက်ပ်ဇစ်ရဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရောက်သွားခဲ့မှုက လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေကို ထိခိုက်စေခဲ့ပြီး နောက်ခံလူတွေဖြစ်ကြတဲ့ ဒါယို အူပါမီကာနိုနဲ့ အီဘရာဟီမာ ကိုနာတေတို့ကို ခေါ်ယူဖို့ ခက်ခဲသွားနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ေရွာ္လ္ကာအသင္းရဲ႕ လူငယ္ေနာက္ခံလူ အိုဇန္ ကာဘက္ကို ေခၚယူႏိုင္ဖို႔ အေျခအေန ေကာင္းလာခဲ့ၿပီျဖစ္ၿပီး ဘဏၰာေရးအေျခအေန က်ပ္တည္းေနခဲ့တဲ့ ဘြန္ဒက္စ္လီဂါအသင္းအေနနဲ႔ ယူ႐ို ၁၅ သန္းရရင္ ေရာင္းထုတ္မယ္လို႔ သတင္းထြက္လာ။

– လူငယ္ကစားသမား ေလတန္ ကလာ့ခ္ဆန္ဟာ အမည္မေဖာ္ျပတဲ့ ဂ်ာမန္ကစားသမားတစ္ေယာက္နဲ႔တူၿပီး ကြင္းလယ္မွာ နံပါတ္ ၆ နဲ႔ နံပါတ္ ၈ ေနရာေတြမွာ ေကာင္းေကာင္းကစားေပးႏိုင္သလို အသက္ ၁၈ ႏွစ္အ႐ြယ္နဲ႔ေတာင္ မတူဘဲ ႀကံ့ခိုင္ထက္ျမက္တဲ့သူတစ္ဦး ျဖစ္တယ္လို႔ နည္းျပ ကေလာ့ပ္သုံးသပ္သြား။

– မစ္ဂ်ဲလန္းနဲ႔ပြဲမွာ စစခ်င္းမိနစ္မွာပဲ တစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားကေတာ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္ ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီစံခ်ိန္သစ္အတြက္ ဂုဏ္ယူေၾကာင္းနဲ႔ အသင္းအတြက္ ထပ္ၿပီး ဂိုးေပါင္းမ်ားစြာ သြင္းယူေပးခ်င္ေသးေၾကာင္း ေျပာၾကား။

– လီဗာပူးလ္အသင္းနဲ႔ VAR ကေတာ့ လက္ရွိအခ်ိန္အထိ စိတ္ပ်က္စရာေတြပဲ မ်ားေနခဲ့ၿပီး မစ္ဂ်ဲလန္းနဲ႔ပြဲမွာလည္း ထိခိုက္မႈနည္းခဲ့တဲ့ ဂိုးသမား ကယ္ေလဟာရဲ႕ ဖ်က္ထုတ္မႈကို ပင္နယ္တီေပးခဲ့သလို ေနာက္ဆုံးမိနစ္ မီနာမီႏိုရဲ႕ အႏိုင္ဂိုးကိုလည္း ပယ္ဖ်က္ခံခဲ့ရ။

– ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္မွာ အုပ္စုဗိုလ္အျဖစ္ တက္ေရာက္လာခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဂ်ာမန္အသင္းေတြနဲ႔ ေတြ႕ဆုံဖြယ္ရွိေနတယ္လို႔ အုပ္စု(B)မွာ ဒုတိယရခဲ့တဲ့ မိုခ်န္ဂလာဘက္ခ်္နဲ႔ ျဖစ္ႏိုင္ေၾကာင္း UEFA ရဲ႕ အစဥ္အလာေတြအရ ခန႔္မွန္းေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ဘယ္ေနာက္ခံေနရာမွာ စေကာ့တလန္သား အန္ဒီ ေရာဘတ္ဆန္တစ္ေယာက္တည္း ပင္ပန္းဦးမွာျဖစ္ၿပီး မစ္ဂ်ဲလန္းနဲ႔ပြဲမွာ ဒူးဒဏ္ရာရသြားတဲ့ ေကာ့စတတ္စ္ ဆီမီကတ္စ္အေနနဲ႔ ခဏတာ အနားယူရႏိုင္သလို သူ႔ရဲ႕ မလိုအပ္တဲ့ ေလွ်ာထိုးဖ်က္ထုတ္ပုံေတြကိုလည္း ေဝဖန္ခံခဲ့ရ။

– RB လိုက္ပ္ဇစ္ရဲ႕ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ေရာက္သြားခဲ့မႈက လီဗာပူးလ္ရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္ေတြကို ထိခိုက္ေစခဲ့ၿပီး ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဒါယို အူပါမီကာႏိုနဲ႔ အီဘရာဟီမာ ကိုနာေတတို႔ကို ေခၚယူဖို႔ ခက္ခဲသြားႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.