Premier League

Trending: အာတီတာကို သုံးပွဲပဲလို့ ပြောထားကြောင်း သတင်းတွေ ထွက်ပေါ်လာ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းကို လုံလောက်တဲ့ ဦးဆောင်လမ်းညွှန်မှုမျိုး မပေးနိုင်ဘဲဖြစ်နေတဲ့ နည်းပြ မီခယ်လ် အာတီတာကို လာမယ့်ပွဲစဉ် ၃ ပွဲကိုပဲ စောင့်ကြည့်တော့မယ်လို့ ဆိုထားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ အထုတ်ခံရနိုင်တဲ့ နည်းပြအဖြစ် အလေးပေးမှုကလည်း မြင့်တက်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကစားပြီးသမျှ ၁၁ ပွဲမှာ ၆ ပွဲအထိ ရှုံးခဲ့ပြီး ၄ ပွဲနိုင်၊ ၁ ပွဲသရေသာ ရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ရဂိုး ၁၀ ဂိုးနဲ့ ဂိုးမသွင်းနိုင်တဲ့ပွဲ ၅ ပွဲအထိ ရှိခဲ့သလို အိမ်ကွင်းမှာ သုံးပွဲဆက်ရှုံးခဲ့တဲ့ အရှုံးရလဒ်တွေကတော့ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေကို သည်းခံမှု လျော့ကျစေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာလည်း ဗျူဟာပိုင်းမှားယွင်းမှုတွေနဲ့ အလဲထိုးခံခဲ့ရပြီး အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်နဲ့လည်း ၄ မှတ်သာ ကွာဟနေပြီး ဒီအချိန်မှာ လောင်းကစားဒိုင်တွေရဲ့ အလေးပေးမှုတွေကတော့ ၁၀ လေး ၁ လေးကနေ ၁၁ လေး ၂လေး အထိ မြင့်တက်လာခဲ့သလို တချို့ဘွတ်ကီတွေကတော့ ၇ လေး ၂ လေးအထိ ပေးထားကြတာလည်းဖြစ်ပါတယ်။

အီတလီသတင်းဌာန ကယ်လ်စီယို မာကာတိုကတော့ အာဆင်နယ်အသင်းဟာ မကြုံစဖူး ဆိုးရွားနေပြီး နည်းပြဟောင်း အူနိုင်း အမ်မရီထက်တောင်မှ အခြေအနေဆိုးလာခဲ့တဲ့ အာတီတာကို သုံးပွဲပဲ အချိန်ပေးတော့မှာဖြစ်တယ်လို့ ရေးသားလိုက်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီကို ဦးစားပေးအဖြစ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ဒီသုံးပွဲကိုတော့ လာမယ့် ဒန်းဒေါ့လ်ခ်နဲ့ပွဲဟာတော့ အာဆင်နယ်တို့အတွက် အရေးမပါတဲ့ ပွဲဖြစ်လို့ ထည့်တွက်ဖို့ မရှိဘဲ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပဲ စတင်ရေတွက်ဖို့ ရှိနေသလို လာမယ့် ဘန်လေနဲ့ အိမ်ကွင်းပွဲစဉ်ကတော့ အခြေအနေကောင်းနိုင်ပေမယ့် ဆက်တိုက်လာမယ့် ဆောက်သမ်တန်၊ အဲဗာတန်၊ ချဲလ်ဆီးတို့လို ကိုယ့်ထက် ပုံစံကောင်းနေတဲ့ အသင်းတွေနဲ့ တွေ့ဆုံမယ့်ပွဲတွေကိုတော့ မှားယွင်းခဲ့ရင် အာတီတာရဲ့ အနာဂတ် ပျောက်ဆုံးသွားနိုင်တယ်လို့ Talk Sport က ဖော်ပြခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: CALCIO MERCATO & TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ႏိုင္ပြဲေပ်ာက္ဆုံးေနတဲ့အသင္းကို လုံေလာက္တဲ့ ဦးေဆာင္လမ္းၫႊန္မႈမ်ိဳး မေပးႏိုင္ဘဲျဖစ္ေနတဲ့ နည္းျပ မီခယ္လ္ အာတီတာကို လာမယ့္ပြဲစဥ္ ၃ ပြဲကိုပဲ ေစာင့္ၾကည့္ေတာ့မယ္လို႔ ဆိုထားေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အထုတ္ခံရႏိုင္တဲ့ နည္းျပအျဖစ္ အေလးေပးမႈကလည္း ျမင့္တက္ေနပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ကစားၿပီးသမွ် ၁၁ ပြဲမွာ ၆ ပြဲအထိ ရႈံးခဲ့ၿပီး ၄ ပြဲႏိုင္၊ ၁ ပြဲသေရသာ ရရွိခဲ့တဲ့ အာဆင္နယ္အသင္းဟာ ရဂိုး ၁၀ ဂိုးနဲ႔ ဂိုးမသြင္းႏိုင္တဲ့ပြဲ ၅ ပြဲအထိ ရွိခဲ့သလို အိမ္ကြင္းမွာ သုံးပြဲဆက္ရႈံးခဲ့တဲ့ အရႈံးရလဒ္ေတြကေတာ့ ပရိသတ္ေတြနဲ႔ တာဝန္ရွိသူေတြကို သည္းခံမႈ ေလ်ာ့က်ေစတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာလည္း ဗ်ဴဟာပိုင္းမွားယြင္းမႈေတြနဲ႔ အလဲထိုးခံခဲ့ရၿပီး အဆင့္ ၁၅ မွာ ရပ္တည္ေနတဲ့ အာဆင္နယ္အသင္းဟာ တန္းဆင္းဇုန္နဲ႔လည္း ၄ မွတ္သာ ကြာဟေနၿပီး ဒီအခ်ိန္မွာ ေလာင္းကစားဒိုင္ေတြရဲ႕ အေလးေပးမႈေတြကေတာ့ ၁၀ ေလး ၁ ေလးကေန ၁၁ ေလး ၂ေလး အထိ ျမင့္တက္လာခဲ့သလို တခ်ိဳ႕ဘြတ္ကီေတြကေတာ့ ၇ ေလး ၂ ေလးအထိ ေပးထားၾကတာလည္းျဖစ္ပါတယ္။

အီတလီသတင္းဌာန ကယ္လ္စီယို မာကာတိုကေတာ့ အာဆင္နယ္အသင္းဟာ မႀကဳံစဖူး ဆိုး႐ြားေနၿပီး နည္းျပေဟာင္း အူႏိုင္း အမ္မရီထက္ေတာင္မွ အေျခအေနဆိုးလာခဲ့တဲ့ အာတီတာကို သုံးပြဲပဲ အခ်ိန္ေပးေတာ့မွာျဖစ္တယ္လို႔ ေရးသားလိုက္ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ နည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီကို ဦးစားေပးအျဖစ္ ေစာင့္ၾကည့္ေနတယ္လို႔လည္း ဆိုပါတယ္။

ဒီသုံးပြဲကိုေတာ့ လာမယ့္ ဒန္းေဒါ့လ္ခ္နဲ႔ပြဲဟာေတာ့ အာဆင္နယ္တို႔အတြက္ အေရးမပါတဲ့ ပြဲျဖစ္လို႔ ထည့္တြက္ဖို႔ မရွိဘဲ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကိုပဲ စတင္ေရတြက္ဖို႔ ရွိေနသလို လာမယ့္ ဘန္ေလနဲ႔ အိမ္ကြင္းပြဲစဥ္ကေတာ့ အေျခအေနေကာင္းႏိုင္ေပမယ့္ ဆက္တိုက္လာမယ့္ ေဆာက္သမ္တန္၊ အဲဗာတန္၊ ခ်ဲလ္ဆီးတို႔လို ကိုယ့္ထက္ ပုံစံေကာင္းေနတဲ့ အသင္းေတြနဲ႔ ေတြ႕ဆုံမယ့္ပြဲေတြကိုေတာ့ မွားယြင္းခဲ့ရင္ အာတီတာရဲ႕ အနာဂတ္ ေပ်ာက္ဆုံးသြားႏိုင္တယ္လို႔ Talk Sport က ေဖာ္ျပခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: CALCIO MERCATO & TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.