Match Report Premier League

မစ်ဂျဲလန်း 1 : 1 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ မြင်တွေ့ခဲ့ရတဲ့ အချက် ၇ ချက်

စံချိန်ကို ချိုးမြဲချိုးဆဲ ဆာလား
အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ အသင်းရဲ့ စံချိန်တွေကို ဆက်လက်ချိုးဖျက်နိုင်ဆဲ ဖြစ်ပြီး ဒီနေ့မှာတော့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ၂၁ ဂိုး စံချိန်ကို ပွဲအစ တစ်မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ကျော်ဖြတ်ပြီး ၂၂ ဂိုးနဲ့ စံချိန်သစ်တင်လိုက်တာဖြစ်ပါတယ်။

လူငယ်တွေနဲ့ အသက်ငယ်သွားတဲ့ လီဗာပူးလ်
ဝါရင့်ကစားသမားအများစုကို အသုံးပြုလေ့ရှိတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာတော့ သူတို့ရဲ့ ပွဲထွက်လူစာရင်းရဲ့ ပျမ်းမျှအသက်က ၂၃ နှစ်နဲ့ ၆ လသာ ရှိခဲ့တာပါ။ ကယ်လေဟာနဲ့ ရီးစ် ဝီလီယမ်စ်အပြင် ပရိသတ်တွေ သိပ်မသိတဲ့ လူငယ် တစ်ဦးကို ယာဂန် ကလော့ပ်က သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝ တတိယမြောက်ပွဲအဖြစ် မှတ်တမ်းရေးခွင့်ပြုခဲ့ပြီး သူကတော့ ၁၉ နှစ်သားလေး လေတန် ကလာ့ခ်ဆန်ဖြစ်သလို ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။

ဖြုန်းမြဲ ဖြုန်းဆဲ အိုရီဂီ
လီဗာပူးလ်အသင်းရဲ့ ဘာစီလိုနာနဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဒီဗော့ခ် အိုရီဂီကတော့ ဘာဖြစ်လို့ ဒီလောက်တောင် နောက်ရောက်သွားရသလဲဆိုတာကို ခြေစွမ်းနဲ့ သက်သေပြခဲ့ပါတယ်။ MSF တိုက်စစ်ကို ကျော်လွန်ပြီး နေရာရဖို့ မရှိတဲ့ ဘယ်လ်ဂျီယမ်သားအနေနဲ့ ဒီနေ့ပွဲက ခြေစွမ်းကတော့ ဂျိုတာနဲ့ မီနာမီနိုတို့ကိုပါ ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ပြသလိုက်ပြီး အသင်းက ထွက်ခွာဖို့ကသာ သူ့အတွက် အဖြေ ဖြစ်တော့မှာပါ။

ညာနောက်ခံအတွက် စဉ်းစားရဦးမယ့် ကလော့ပ်
ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဒိန်းမတ်မြေမှာ အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ခြေစွမ်းကတော့ အရင်လို ပုံစံကို မမီနိုင်သေးဘဲ ရှိနေပါတယ်။ နည်းပြ ကလော့ပ်အနေနဲ့ သူ့ရဲ့ ပုံစံကောင်းကို ပြန်ရတဲ့ အချိန်အထိတော့ နီကို ဝီလီယမ်စ်ကိုရော မီလ်နာကိုပါ ဒီနေရာအတွက် ထည့်သွင်းစဉ်းစားရဦးမယ်လို့ ထင်ပါတယ်။

အနားပေးသင့်တဲ့သူတွေကို ခွင့်ပြုသွားခဲ့တဲ့ပွဲ
အပြောင်းအလဲလုပ်စရာ မရှိလို့ အရေးကြီးတဲ့ပွဲတွေမှာ ဆက်တိုက်ကစားပေးခဲ့ရတဲ့ နောက်ခံလူ မာတစ်ပ်နဲ့ ရောဘတ်ဆန်၊ ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ ဗိုင်နယ်လ်ဒွမ်၊ တိုက်စစ်မှူး ဆာဒီယို မာနေးနဲ့ ဖာမီနိုတို့ကို အနားပေးခဲ့တဲ့ လီဗာပူးလ်တို့အနေနဲ့ ပရီးမီးယားလိဂ်မှာတော့ အင်ပြည့်အားပြည့် ပေါက်ကွဲလာနိုင်ဖို့ အခွင့်အရေးရှိသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ အငယ်ဆုံး အသင်းသား
လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ရဲ့ ပထမပိုင်းအပြီးမှာ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တဲ့ ဖာဘင်ညိုနေရာမှာ လူစားလဲပြီး စွန့်စားခဲ့ပါတယ်။ သူကတော့ တောက်မယ့် မီးခဲလေးလို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်လူငယ် ဘီလီ ကူမေစီယို ဖြစ်ပြီး ကျောနံပါတ် ၈၉ ပိုင်ရှင်လေးဟာ အသက် ၁၈ နှစ်ကို တစ်လတောင် မစွန်းသေးတဲ့ အရွယ်မှာ ချန်ပီယံလိဂ်မှာ ခြေချနိုင်ခွင့် ရရှိခဲ့တာပါ။

ရှေ့တစ်လှမ်းတိုးရင် နောက်နှစ်လှမ်းဆုတ်တဲ့သူ
အသင်းရဲ့ ဂရိနောက်ခံလူသစ် ကော့စတတ်စ် ဆီမီကတ်စ်ကတော့ ခေါ်ယူမှုများ မှားသွားပြီလားလို့ စဉ်းစားစရာတောင် ဖြစ်လာခဲ့ပါပြီ။ ကြံ့ခိုင်မှုနည်းပါးပြီး အသားမကျသေးတဲ့အပြင် ခဏခဏ ဒဏ်ရာကြုံတတ်သလို ဒီနေ့မှာလည်း ပွဲချိန် ၆၁ မိနစ်မှာ ဆက်မကစားနိုင်တော့ဘဲ ရောဘတ်ဆန်နဲ့ လူစားလဲခဲ့ရတာက သူ့ရဲ့ တိုးတက်မှုဟာ ရှေ့တစ်လှမ်းတိုးရင် နောက်နှစ်လှမ်း ဆုတ်တတ်တယ်လို့ ပြောရမလိုပဲ ဖြစ်နေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စံခ်ိန္ကို ခ်ိဳးၿမဲခ်ိဳးဆဲ ဆာလား
အသင္းရဲ႕ အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ အသင္းရဲ႕ စံခ်ိန္ေတြကို ဆက္လက္ခ်ိဳးဖ်က္ႏိုင္ဆဲ ျဖစ္ၿပီး ဒီေန႔မွာေတာ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံး ၂၁ ဂိုး စံခ်ိန္ကို ပြဲအစ တစ္မိနစ္မွာ သြင္းယူခဲ့တဲ့ဂိုးနဲ႔ ေက်ာ္ျဖတ္ၿပီး ၂၂ ဂိုးနဲ႔ စံခ်ိန္သစ္တင္လိုက္တာျဖစ္ပါတယ္။

လူငယ္ေတြနဲ႔ အသက္ငယ္သြားတဲ့ လီဗာပူးလ္
ဝါရင့္ကစားသမားအမ်ားစုကို အသုံးျပဳေလ့ရွိတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ ပြဲထြက္လူစာရင္းရဲ႕ ပ်မ္းမွ်အသက္က ၂၃ ႏွစ္နဲ႔ ၆ လသာ ရွိခဲ့တာပါ။ ကယ္ေလဟာနဲ႔ ရီးစ္ ဝီလီယမ္စ္အျပင္ ပရိသတ္ေတြ သိပ္မသိတဲ့ လူငယ္ တစ္ဦးကို ယာဂန္ ကေလာ့ပ္က သူ႔ရဲ႕ လီဗာပူးလ္ကစားသမားဘဝ တတိယေျမာက္ပြဲအျဖစ္ မွတ္တမ္းေရးခြင့္ျပဳခဲ့ၿပီး သူကေတာ့ ၁၉ ႏွစ္သားေလး ေလတန္ ကလာ့ခ္ဆန္ျဖစ္သလို ေျခစြမ္းလည္း ျပႏိုင္ခဲ့ပါတယ္။

ျဖဳန္းၿမဲ ျဖဳန္းဆဲ အိုရီဂီ
လီဗာပူးလ္အသင္းရဲ႕ ဘာစီလိုနာနဲ႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဒီေဗာ့ခ္ အိုရီဂီကေတာ့ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ ေနာက္ေရာက္သြားရသလဲဆိုတာကို ေျခစြမ္းနဲ႔ သက္ေသျပခဲ့ပါတယ္။ MSF တိုက္စစ္ကို ေက်ာ္လြန္ၿပီး ေနရာရဖို႔ မရွိတဲ့ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ ဒီေန႔ပြဲက ေျခစြမ္းကေတာ့ ဂ်ိဳတာနဲ႔ မီနာမီႏိုတို႔ကိုပါ ျဖတ္ေက်ာ္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာကို ျပသလိုက္ၿပီး အသင္းက ထြက္ခြာဖို႔ကသာ သူ႔အတြက္ အေျဖ ျဖစ္ေတာ့မွာပါ။

ညာေနာက္ခံအတြက္ စဥ္းစားရဦးမယ့္ ကေလာ့ပ္
ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး ဒိန္းမတ္ေျမမွာ အသင္းေခါင္းေဆာင္ လက္ပတ္ကိုပါ ဝတ္ဆင္ခြင့္ရခဲ့ေပမယ့္ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ေျခစြမ္းကေတာ့ အရင္လို ပုံစံကို မမီႏိုင္ေသးဘဲ ရွိေနပါတယ္။ နည္းျပ ကေလာ့ပ္အေနနဲ႔ သူ႔ရဲ႕ ပုံစံေကာင္းကို ျပန္ရတဲ့ အခ်ိန္အထိေတာ့ နီကို ဝီလီယမ္စ္ကိုေရာ မီလ္နာကိုပါ ဒီေနရာအတြက္ ထည့္သြင္းစဥ္းစားရဦးမယ္လို႔ ထင္ပါတယ္။

အနားေပးသင့္တဲ့သူေတြကို ခြင့္ျပဳသြားခဲ့တဲ့ပြဲ
အေျပာင္းအလဲလုပ္စရာ မရွိလို႔ အေရးႀကီးတဲ့ပြဲေတြမွာ ဆက္တိုက္ကစားေပးခဲ့ရတဲ့ ေနာက္ခံလူ မာတစ္ပ္နဲ႔ ေရာဘတ္ဆန္၊ ကြင္းလယ္လူ ဟန္ဒါဆန္နဲ႔ ဗိုင္နယ္လ္ဒြမ္၊ တိုက္စစ္မႉး ဆာဒီယို မာေနးနဲ႔ ဖာမီႏိုတို႔ကို အနားေပးခဲ့တဲ့ လီဗာပူးလ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာေတာ့ အင္ျပည့္အားျပည့္ ေပါက္ကြဲလာႏိုင္ဖို႔ အခြင့္အေရးရွိသြားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ အငယ္ဆုံး အသင္းသား
လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ရဲ႕ ပထမပိုင္းအၿပီးမွာ အသင္းရဲ႕ အေကာင္းဆုံးကစားသမားတစ္ဦး ျဖစ္တဲ့ ဖာဘင္ညိဳေနရာမွာ လူစားလဲၿပီး စြန႔္စားခဲ့ပါတယ္။ သူကေတာ့ ေတာက္မယ့္ မီးခဲေလးလို႔ သတ္မွတ္ခံထားရတဲ့ ျပင္သစ္လူငယ္ ဘီလီ ကူေမစီယို ျဖစ္ၿပီး ေက်ာနံပါတ္ ၈၉ ပိုင္ရွင္ေလးဟာ အသက္ ၁၈ ႏွစ္ကို တစ္လေတာင္ မစြန္းေသးတဲ့ အ႐ြယ္မွာ ခ်န္ပီယံလိဂ္မွာ ေျခခ်ႏိုင္ခြင့္ ရရွိခဲ့တာပါ။

ေရွ႕တစ္လွမ္းတိုးရင္ ေနာက္ႏွစ္လွမ္းဆုတ္တဲ့သူ
အသင္းရဲ႕ ဂရိေနာက္ခံလူသစ္ ေကာ့စတတ္စ္ ဆီမီကတ္စ္ကေတာ့ ေခၚယူမႈမ်ား မွားသြားၿပီလားလို႔ စဥ္းစားစရာေတာင္ ျဖစ္လာခဲ့ပါၿပီ။ ႀကံ့ခိုင္မႈနည္းပါးၿပီး အသားမက်ေသးတဲ့အျပင္ ခဏခဏ ဒဏ္ရာႀကဳံတတ္သလို ဒီေန႔မွာလည္း ပြဲခ်ိန္ ၆၁ မိနစ္မွာ ဆက္မကစားႏိုင္ေတာ့ဘဲ ေရာဘတ္ဆန္နဲ႔ လူစားလဲခဲ့ရတာက သူ႔ရဲ႕ တိုးတက္မႈဟာ ေရွ႕တစ္လွမ္းတိုးရင္ ေနာက္ႏွစ္လွမ္း ဆုတ္တတ္တယ္လို႔ ေျပာရမလိုပဲ ျဖစ္ေနခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.