Premier League Serie A

မန္ခ်က္စတာစီးတီးရဲ႕ ေဂ်ဆူးကို ေႏြရာသီမွာ ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္ စိတ္ဝင္စား

မန္ခ်က္စတာစီးတီးရဲ႕ ဒုတိယဦးစားေပးတုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးကို လာမယ့္ေႏြရာသီမွာ အသင္းကေန ေရာင္းထုတ္သြားဖြယ္ရွိေနတဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး ေပၚလို ဒီဘားလားရဲ႕အစား ေခၚယူဖို႔ အီတလီအင္အားႀကီးကလပ္ ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနခဲ့ပါတယ္။

ေဂ်ဆူးရဲ႕ ကစားပုံေတြကို ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီကိုယ္တုိင္ လာေရာက္ကင္းေထာက္ခဲ့တာလည္းျဖစ္ၿပီး ဘာစီလိုနာကပါ စိတ္ဝင္စားေနတဲ့ ဒီဘရာဇီးလ္တုိက္စစ္မွဴးအတြက္ လက္ဦးမွဳရယူႏုိင္ဖို႔ စီးရီးေအအသင္းဘက္က ျပင္ဆင္ေနတယ္လုိ႔လည္း ဆိုပါတယ္။

ဒီအသက္ ၂၂ ႏွစ္အရြယ္တုိက္စစ္မွဴးအေနနဲ႔ကေတာ့ အသင္းကေန အလ်င္စလို ထြက္ခြာလိုစိတ္ မရွိေသးဘဲ မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ အနာဂတ္ကို လက္ရွိအခ်ိန္အထိ အတိအက်မေျပာႏုိင္ခင္မွာ အစ္တီဟတ္ကြင္းမွာပဲ အာ႐ုံစုိက္ထားတယ္လို႔ဆုိၿပီး ေႏြရာသီက်မွ ဆုံးျဖတ္သြားဖြယ္လည္း ရွိေနပါတယ္။

လက္ရွိအေနအထားအရေတာ့ မန္စီးတီးအသင္းအေနနဲ႔ ဥေရာပပြဲပယ္ျပစ္ဒဏ္က လြတ္ကင္းခဲ့မယ္ဆိုရင္ အသက္အရြယ္အရ အနည္းငယ္ ကစားပုံက်ဆင္းလာတဲ့ ဦးစားေပးတုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ေနာက္ကေန လာမယ့္ရာသီမွာ ေဂ်ဆူးအေနနဲ႔ ပုိမုိၿပီး ေနရာရလာႏုိင္ေျခလည္း ရွိေနလို႔ ထြက္ခြာႏုိင္ေျခ ပုိမုိနည္းပါးသြားမွာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ကေတာ့ တုိက္စစ္မွဴး ေဂ်ဆူးအျပင္ နည္းျပ ပက္ ဂြါဒီယိုလာကိုလည္း ဥေရာပထိပ္တန္းအဆင့္နည္းျပ မဟုတ္မွန္း ေသခ်ာမသိဘဲ အလ်င္စလို ခန္႔အပ္လုိက္မိတဲ့ ေမာ္ရီဇီယို ဆာရီရဲ႕ ေနရာမွာ အစားထိုးသြားဖို႔လည္း အလိုရွိေနၿပီး ေႏြရာသီမွာ ဘာေတြျဖစ္လာမလဲ ဆုိတာနဲ႔ ကို႐ိုနာဗုိင္းရပ္စ္ကိုေရာ ထိန္းခ်ဳပ္သြားႏုိင္မလား ေစာင့္ၾကည့္သြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးရဲ့ ဒုတိယဦးစားပေးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို လာမယ့်နွေရာသီမှာ အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားရဲ့အစား ခေါ်ယူဖို့ အီတလီအင်အားကြီးကလပ် ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေခဲ့ပါတယ်။

ဂျေဆူးရဲ့ ကစားပုံတွေကို ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီကိုယ်တိုင် လာရောက်ကင်းထောက်ခဲ့တာလည်းဖြစ်ပြီး ဘာစီလိုနာကပါ စိတ်ဝင်စားနေတဲ့ ဒီဘရာဇီးလ်တိုက်စစ်မှူးအတွက် လက်ဦးမှုရယူနိုင်ဖို့ စီးရီးအေအသင်းဘက်က ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ကတော့ အသင်းကနေ အလျင်စလို ထွက်ခွာလိုစိတ် မရှိသေးဘဲ မန်စီးတီးရဲ့ ချန်ပီယံလိဂ် အနာဂတ်ကို လက်ရှိအချိန်အထိ အတိအကျမပြောနိုင်ခင်မှာ အစ်တီဟတ်ကွင်းမှာပဲ အာရုံစိုက်ထားတယ်လို့ဆိုပြီး နွေရာသီကျမှ ဆုံးဖြတ်သွားဖွယ်လည်း ရှိနေပါတယ်။

လက်ရှိအနေအထားအရတော့ မန်စီးတီးအသင်းအနေနဲ့ ဥရောပပွဲပယ်ပြစ်ဒဏ်က လွတ်ကင်းခဲ့မယ်ဆိုရင် အသက်အရွယ်အရ အနည်းငယ် ကစားပုံကျဆင်းလာတဲ့ ဦးစားပေးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့နောက်ကနေ လာမယ့်ရာသီမှာ ဂျေဆူးအနေနဲ့ ပိုမိုပြီး နေရာရလာနိုင်ခြေလည်း ရှိနေလို့ ထွက်ခွာနိုင်ခြေ ပိုမိုနည်းပါးသွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ကတော့ တိုက်စစ်မှူး ဂျေဆူးအပြင် နည်းပြ ပက် ဂွါဒီယိုလာကိုလည်း ဥရောပထိပ်တန်းအဆင့်နည်းပြ မဟုတ်မှန်း သေချာမသိဘဲ အလျင်စလို ခန့်အပ်လိုက်မိတဲ့ မော်ရီဇီယို ဆာရီရဲ့ နေရာမှာ အစားထိုးသွားဖို့လည်း အလိုရှိနေပြီး နွေရာသီမှာ ဘာတွေဖြစ်လာမလဲ ဆိုတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုရော ထိန်းချုပ်သွားနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.