Premier League

9 Dec နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ဒီနေ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို တစ်ကျော့ပြန် စောင့်ရှောက်ခွင့်ရတဲ့ စပိန်သား ဂိုးသမား ကီပါ အာရီဇာဘာလာဂါကတော့ သူ့ကို စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေရှေ့မှာ ပြောစရာတစ်ခု ကြုံခဲ့ရပြီး သူပိတ်ထားတဲ့ ထောင့်ကျဉ်းအနေအထားထဲကို ဂိုးသွင်းယူသွားတာခံခဲ့ရ။ ယခုနှစ်ဘောလုံးရာသီမှာ ကီပါ ဝင်ရောက်ကစားတဲ့ ၄ ပွဲမှာ ၇ ဂိုး ဂိုးပေးခဲ့ရပြီး ဒီပမာဏဟာ မန်ဒီနဲ့ ကာဘာလီယို နှစ်ယောက်ပေါင်း ၁၅ ပွဲ ကစား ၇ ဂိုးပေးရတာနဲ့ ညီမျှနေပါတယ်။

ဟာကင်းမ် ဇီးယက်ရှ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ဟာ တံကောက်ကြောဒဏ်ရာကြောင့် နှစ်ပတ်ကြာ အနားယူရမှာဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြလမ်းပတ်က အတည်ပြုခဲ့ပြီး ဒဏ်ရာစစ်ဆေးချက်အရ ဇီးယက်ရှ်က ပိုမိုစောလျင်စွာ သက်သာလာဖွယ်ရှိ။

ဒူးဒဏ်ရာကနေ ကာလရှည်ကြာ အနားယူခဲ့ရာက ခရက်စ်နိုဒါနဲ့ပွဲမှာ ပွဲထွက်ခဲ့ပြီး ခြေစွမ်းပြခဲဲ့တဲ့ ဘီလီ ဂီးလ်မိုးဟာ ချယ်လ်ဆီးကစားသမားစစ်စစ်ဖြစ်လာပြီလို့ နည်းပြလမ်းပတ်က ချီးကျူးသွားခဲ့ပြီး ဇန်နဝါရီမှာ သူ့ကိုထပ်မံအငှားချဖို့ အစီအစဥ်မရှိဘူးလို့ အတည်ပြုခဲ့သလို ၁၉ နှစ်သား အန်ဂျိုရင်ဟာလည်း အသင်းကြီးအဆင့်နဲ့ ထိုက်တန်ကြောင်း ဖွင့်ဟ။

မထင်မရှားဘဝကနေ ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန် ထိုးဖောက်အောင်မြင်လာခဲ့တဲ့ ချယ်လ်ဆီးဂိုးသမား အေဒူယာ မန်ဒီလို ဂိုးသမားကောင်းတွေ ပေါ်ထွက်လာတာကို အလွန်ဂုဏ်ယူတယ်လို့ ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာက ဂိုးသမားအချင်းချင်း မေတ္တာစကားပြောကြားခဲ့ပြီး သူဟာ ကမ္ဘာ့အဆင့် ဂိုးသမားဖြစ်ကြောင်း ချီးကျူးသွားခဲ့။

ချယ်လ်ဆီးအသင်းဟာ ခရက်စ်နိုဒါနဲ့ နိုင်ပွဲအပြီးမှာ ချန်ပီယံလိဂ် နောက်ဆုံး ၆ ပွဲဆက်မှာ ရှုံးပွဲမရှိ စံချိန်ကိုရခဲ့ပြီး ဒါဟာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်း အကောင်းဆုံးမှတ်တမ်းတခုဖြစ်ခဲ့သလို အုပ်စုတွင်းရမှတ် ၁၄ မှတ်ဟာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း အမြင့်ဆုံးရမှတ်ဖြစ်လာ။

ချယ်လ်ဆီးရဲ့ ခေတ်ဟောင်းမှာ ဒယ်ဆယ်လီက ဂျွန်တယ်ရီကို ပံ့ပိုးပေးခဲ့သလိုမျိုး ကတ်ဇူးမားဟာ သီယာဂို ဆေးလ်ဗားရဲ့ ကူညီပျိုးထောင်ပေးခြင်းကိုခံနေရတယ်လို့ ခိုင်းနှိုင်းချီးကျူးမှုတွေရှိနေတဲ့ ကတ်ဇူးမားဟာ ဂျွန်တယ်ရီလက်သစ်ဖြစ်လာဖို့ မျှော်လင့်ခံထားရ။

အမှတ်မလို၊ ဖိအားမရှိတဲ့ ခရက်စ်နိုဒါနဲ့ပွဲမှာ တိုမိုရီကို ထုတ်မသုံးခဲ့တဲ့ နည်းပြလမ်းပတ်ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေက နားလည်ရခက်လို့ စိတ်ပျက်နေကြပြီး တိုမိုရီကို အရန်ခုံကနေ အမြန်ဆုံးလွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ထားကြ။

အန်တိုနီယို ရူဒီဂါကို ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့အပြိုင် အေစီမီလန်၊ ယူဗင်တပ်စ်အသင်းတို့ကလည်း ကြိုးပမ်းလာနေပြီး ဂျာမန်သားကို နွေရာသီမှာ ပေါင် ၁၆ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ အကြိုသဘောတူညီမှုရယူဖို့ ဆွေးနွေးနေ။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ အုပ်စုဗိုလ်အဖြစ်နဲ့ တစ်ဖက်က ဒုတိယအသင်းတွေနဲ့ တွေ့ဆုံရမှာဖြစ်ပြီး အသင်းကြီးတွေထဲက ဘာစီလိုနာနဲ့ လာဇီယိုတို့နဲ့ ယှဉ်ပြိုင်ကစားရနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးေပါက္ကို တစ္ေက်ာ့ျပန္ ေစာင့္ေရွာက္ခြင့္ရတဲ့ စပိန္သား ဂိုးသမား ကီပါ အာရီဇာဘာလာဂါကေတာ့ သူ႔ကို ေစာင့္ၾကည့္ေနၾကတဲ့ ပရိသတ္ေတြေရွ႕မွာ ေျပာစရာတစ္ခု ႀကဳံခဲ့ရၿပီး သူပိတ္ထားတဲ့ ေထာင့္က်ဥ္းအေနအထားထဲကို ဂိုးသြင္းယူသြားတာခံခဲ့ရ။ ယခုႏွစ္ေဘာလုံးရာသီမွာ ကီပါ ဝင္ေရာက္ကစားတဲ့ ၄ ပြဲမွာ ၇ ဂိုး ဂိုးေပးခဲ့ရၿပီး ဒီပမာဏဟာ မန္ဒီနဲ႔ ကာဘာလီယို ႏွစ္ေယာက္ေပါင္း ၁၅ ပြဲ ကစား ၇ ဂိုးေပးရတာနဲ႔ ညီမွ်ေနပါတယ္။

ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ႏွစ္ပတ္ၾကာ အနားယူရမွာျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနည္းျပလမ္းပတ္က အတည္ျပဳခဲ့ၿပီး ဒဏ္ရာစစ္ေဆးခ်က္အရ ဇီးယက္ရွ္က ပိုမိုေစာလ်င္စြာ သက္သာလာဖြယ္ရွိ။

ဒူးဒဏ္ရာကေန ကာလရွည္ၾကာ အနားယူခဲ့ရာက ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ပြဲထြက္ခဲ့ၿပီး ေျခစြမ္းျပခဲဲ့တဲ့ ဘီလီ ဂီးလ္မိုးဟာ ခ်ယ္လ္ဆီးကစားသမားစစ္စစ္ျဖစ္လာၿပီလို႔ နည္းျပလမ္းပတ္က ခ်ီးက်ဴးသြားခဲ့ၿပီး ဇန္နဝါရီမွာ သူ႔ကိုထပ္မံအငွားခ်ဖို႔ အစီအစဥ္မရွိဘူးလို႔ အတည္ျပဳခဲ့သလို ၁၉ ႏွစ္သား အန္ဂ်ိဳရင္ဟာလည္း အသင္းႀကီးအဆင့္နဲ႔ ထိုက္တန္ေၾကာင္း ဖြင့္ဟ။

မထင္မရွားဘဝကေန ပရီးမီးယားလိဂ္မွာ လ်င္လ်င္ျမန္ျမန္ ထိုးေဖာက္ေအာင္ျမင္လာခဲ့တဲ့ ခ်ယ္လ္ဆီးဂိုးသမား ေအဒူယာ မန္ဒီလို ဂိုးသမားေကာင္းေတြ ေပၚထြက္လာတာကို အလြန္ဂုဏ္ယူတယ္လို႔ ဘိုင္ယန္ျမဴးနစ္ဂိုးသမား န်ဴအာက ဂိုးသမားအခ်င္းခ်င္း ေမတၱာစကားေျပာၾကားခဲ့ၿပီး သူဟာ ကမာၻ႔အဆင့္ ဂိုးသမားျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့။

ခ်ယ္လ္ဆီးအသင္းဟာ ခရက္စ္ႏိုဒါနဲ႔ ႏိုင္ပြဲအၿပီးမွာ ခ်န္ပီယံလိဂ္ ေနာက္ဆုံး ၆ ပြဲဆက္မွာ ရႈံးပြဲမရွိ စံခ်ိန္ကိုရခဲ့ၿပီး ဒါဟာ ၂၀၁၅ ခုႏွစ္၊ စက္တင္ဘာေနာက္ပိုင္း အေကာင္းဆုံးမွတ္တမ္းတခုျဖစ္ခဲ့သလို အုပ္စုတြင္းရမွတ္ ၁၄ မွတ္ဟာ ၂၀၁၄-၁၅ ရာသီေနာက္ပိုင္း အျမင့္ဆုံးရမွတ္ျဖစ္လာ။

ခ်ယ္လ္ဆီးရဲ႕ ေခတ္ေဟာင္းမွာ ဒယ္ဆယ္လီက ဂြၽန္တယ္ရီကို ပံ့ပိုးေပးခဲ့သလိုမ်ိဳး ကတ္ဇူးမားဟာ သီယာဂို ေဆးလ္ဗားရဲ႕ ကူညီပ်ိဳးေထာင္ေပးျခင္းကိုခံေနရတယ္လို႔ ခိုင္းႏႈိင္းခ်ီးက်ဴးမႈေတြရွိေနတဲ့ ကတ္ဇူးမားဟာ ဂြၽန္တယ္ရီလက္သစ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ခံထားရ။

အမွတ္မလို၊ ဖိအားမရွိတဲ့ ခရက္စ္ႏိုဒါနဲ႔ပြဲမွာ တိုမိုရီကို ထုတ္မသုံးခဲ့တဲ့ နည္းျပလမ္းပတ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ပရိသတ္ေတြက နားလည္ရခက္လို႔ စိတ္ပ်က္ေနၾကၿပီး တိုမိုရီကို အရန္ခုံကေန အျမန္ဆုံးလြတ္ေျမာက္ခြင့္ေပးဖို႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ထားၾက။

အန္တိုနီယို ႐ူဒီဂါကို ဇန္နဝါရီမွာ အငွားနဲ႔ ေခၚယူဖို႔ ဘာစီလိုနာအသင္းနဲ႔အၿပိဳင္ ေအစီမီလန္၊ ယူဗင္တပ္စ္အသင္းတို႔ကလည္း ႀကိဳးပမ္းလာေနၿပီး ဂ်ာမန္သားကို ေႏြရာသီမွာ ေပါင္ ၁၆ သန္းနဲ႔ အၿပီးသတ္ေခၚယူဖို႔ အႀကိဳသေဘာတူညီမႈရယူဖို႔ ေဆြးေႏြးေန။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္မွာ အုပ္စုဗိုလ္အျဖစ္နဲ႔ တစ္ဖက္က ဒုတိယအသင္းေတြနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး အသင္းႀကီးေတြထဲက ဘာစီလိုနာနဲ႔ လာဇီယိုတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.