Premier League Transfer News

9 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အသင်းနဲ့ စာချုပ် ၆ လခန့်သာ ကျန်ရှိတော့တဲ့ နာမည်ကြီးကွင်းလယ်လူ မီဆွတ် အိုဇေးလ်အတွက် တရုတ်၊ အရှေ့အလယ်ပိုင်းနဲ့ တူရကီက စိတ်ဝင်စားမှုတွေ ရရှိထားချိန်မှာ ဝိန်းရွန်နီ မရှိတော့လို့ Designated Player တစ်ဦးလိုအပ်နေတဲ့ ဒီစီယူနိုက်တက်က မြင့်မားတဲ့ လစာငွေနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့။

– မြောက်လန်ဒန်ဒါဘီမှာ မီခယ်လ် အာတီတာကို နည်းဗျူဟာဆိုတာ ဘာလဲလို့ ပညာပေးသွားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုကို ဦးထုပ်ချွတ်ပြီး ဦးညွတ်ရမှာဖြစ်ကြောင်း လက်ရှိနည်းပြရဲ့ အဖွဲ့ထဲက ဖယ်ထုတ်ခံခဲ့ရတဲ့ ယာယီနည်းပြဟောင်း ဖရက်ဒီ ယွန်းဘတ် ချီးကျူး။

– ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်းလောက်နဲ့ ခေါ်ယူရရှိနိုင်ပြီး ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ ဒေါမနစ် ဆိုဘော့ဆ်လိုင်းနဲ့ ဈေးအတူတူပဲဖြစ်တဲ့ အေစီမီလန် ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီယေးအတွက် စပါးစ်အသင်းနဲ့အပြိုင် အာဆင်နယ်တို့ ကြိုးစားသွားဖွယ်ရှိနေ။

– ဘောလုံးကိုင်ပြီး ပိုင်ဆိုင်မှုရာခိုင်နှုန်း အများစုကို ထိန်းချုပ်နေနိုင်ပေမယ့် အခွင့်အရေးတွေ မဖန်တီးနိုင်ချိန်မှာ အသင်းကနေ ဖယ်ထုတ်ထားခဲ့တဲ့ ကွင်းလယ်လူ အိုဇေးလ်ကို သတိမရဘူးလားလို့ အာတီတာအပေါ် Invincible ဟောင်းကြီး ယွန်းဘတ် မေးခွန်းထုတ်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ဟာသဆန်ဆန် ခေါ်ယူမှုသုံးခုလို့ ဒေးဗစ် လူးဝစ်ဇ်၊ ဆီးဒရစ် ဆွာရက်စ်နဲ့ ဝီလီယန်တို့ကို ရည်ညွှန်းလိုက်တဲ့ စကိုင်းစပို့စ်တင်ဆက်သူ ဂျေမီ ကာရေဂါကို ကစားသမားသုံးဦးစလုံးရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ကီယာ ဂျော်ရက်ဘ်ချီယန်က အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မပြောဘဲ အချက်အလက်တွေ ကြည့်ပြီးမှ ပြန်ပြောဖို့ တုံ့ပြန်ထိုးနှက်သွားခဲ့။

– ၂၀၁၉-၂၀ ရာသီမှာ အသင်းက ထွက်ခွာသွားခဲ့ပြီး အာဆင်နယ်ပရိသတ်တွေ ချစ်မြဲချစ်ဆဲဖြစ်တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းမှာတော့ ဆိုးရွားတဲ့ ခေါ်ယူမှုအဖြစ် သတ်မှတ်ခံထားခဲ့ရပြီး တစ်ပတ်လုပ်ခ ပေါင်လေးသိန်း ရရှိနေတဲ့ သူ့ကို ပရီးမီးယားလိဂ်မှာ ပြန်ကစားလိမ့်မယ်လို့ ခန့်မှန်းနေကြ။

– ဒဏ်ရာကနေ သက်သာလာခဲ့ပြီး ယူ-၂၃ အသင်းနဲ့အတူ ပြန်လည်ပွဲထွက်ခဲ့တဲ့ ဂါဘရီယယ်လ် မာတီနယ်လီအနေနဲ့ အာတီတာရဲ့ အသွင်သစ်နဲ့ အသင်းမှာ တောင်ပံထက် အထောင်တိုက်စစ်မှူးအဖြစ် အသုံးတော်ခံရဖွယ်ရှိပြီး အူဘာမီယန်းနဲ့အတူ ပရိသတ်တွေ အကြိုက်ဆုံး တိုက်စစ်အတွဲဖြစ်လာဖို့ မျှော်လင့်နေကြ။

– မြောက်လန်ဒန်ဒါဘီကို ရှုံးနိမ့်ခဲ့အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ ငြိမ်သက်နေခဲ့ရာကနေ ပထမဆုံးအကြိမ် အင်စတာဂရမ်မှာ လှုပ်ရှားလာခဲ့ပြီး “ပုန်းနေလို့ မရဘူး။ ကိုယ်ဘာလိုအပ်သလဲ ကိုယ်မေးခွန်းထုတ်ပြီး ဘယ်တော့မှ လက်မလျှော့ဘဲ အလုပ်ကြိုးစား၊ ဒါက ငါတို့ လုပ်တဲ့ ပုံစံပဲ”လို့ ပြောကြားသွား။

– အာဆင်နယ်အသင်းကို ပုံစံကောင်းပြန်ရစေဖို့ အာတီတာအနေနဲ့ ၁။ ကစားသမားတွေကို လွတ်လပ်စွာ ကစားခွင့်ပေးဖို့၊ ၂။ ဝီလီယန်ကို မသုံးဖို့၊ ၃။ မိတ်လန်းနိုင်းလ်စ်ကို ကွင်းလယ်မှာ သုံးဖို့၊ ၄။ နံပါတ် ၁၀ ကဏ္ဍကို ပြန်ဖော်ထုတ်ပြီး စမစ်ရိုးကို စမ်းသပ်ဖို့နဲ့ ၅။ ခံစစ်အစွန်လူ တွေကို တိုက်စစ်အလွန်အကျွံမလိုက်ပါစေဘဲ တစ်ဦးသာ အလှည့်ကျလိုက်ပါပြီး ဟန်ချက်ကို ထိန်းသိမ်းဖို့ ပရိသတ်ဝက်ဘ်ဆိုက် Just Arsenal တိုက်တွန်းရေးသားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းနဲ႔ စာခ်ဳပ္ ၆ လခန႔္သာ က်န္ရွိေတာ့တဲ့ နာမည္ႀကီးကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အတြက္ တ႐ုတ္၊ အေရွ႕အလယ္ပိုင္းနဲ႔ တူရကီက စိတ္ဝင္စားမႈေတြ ရရွိထားခ်ိန္မွာ ဝိန္း႐ြန္နီ မရွိေတာ့လို႔ Designated Player တစ္ဦးလိုအပ္ေနတဲ့ ဒီစီယူႏိုက္တက္က ျမင့္မားတဲ့ လစာေငြနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းလာခဲ့။

– ေျမာက္လန္ဒန္ဒါဘီမွာ မီခယ္လ္ အာတီတာကို နည္းဗ်ဴဟာဆိုတာ ဘာလဲလို႔ ပညာေပးသြားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳကို ဦးထုပ္ခြၽတ္ၿပီး ဦးၫြတ္ရမွာျဖစ္ေၾကာင္း လက္ရွိနည္းျပရဲ႕ အဖြဲ႕ထဲက ဖယ္ထုတ္ခံခဲ့ရတဲ့ ယာယီနည္းျပေဟာင္း ဖရက္ဒီ ယြန္းဘတ္ ခ်ီးက်ဴး။

– ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၃ သန္းေလာက္နဲ႔ ေခၚယူရရွိႏိုင္ၿပီး ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းနဲ႔ ေဈးအတူတူပဲျဖစ္တဲ့ ေအစီမီလန္ ကြင္းလယ္လူ ဖရန႔္ခ္ ကက္ဆီေယးအတြက္ စပါးစ္အသင္းနဲ႔အၿပိဳင္ အာဆင္နယ္တို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– ေဘာလုံးကိုင္ၿပီး ပိုင္ဆိုင္မႈရာခိုင္ႏႈန္း အမ်ားစုကို ထိန္းခ်ဳပ္ေနႏိုင္ေပမယ့္ အခြင့္အေရးေတြ မဖန္တီးႏိုင္ခ်ိန္မွာ အသင္းကေန ဖယ္ထုတ္ထားခဲ့တဲ့ ကြင္းလယ္လူ အိုေဇးလ္ကို သတိမရဘူးလားလို႔ အာတီတာအေပၚ Invincible ေဟာင္းႀကီး ယြန္းဘတ္ ေမးခြန္းထုတ္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ဟာသဆန္ဆန္ ေခၚယူမႈသုံးခုလို႔ ေဒးဗစ္ လူးဝစ္ဇ္၊ ဆီးဒရစ္ ဆြာရက္စ္နဲ႔ ဝီလီယန္တို႔ကို ရည္ၫႊန္းလိုက္တဲ့ စကိုင္းစပို႔စ္တင္ဆက္သူ ေဂ်မီ ကာေရဂါကို ကစားသမားသုံးဦးစလုံးရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနတဲ့ ကီယာ ေဂ်ာ္ရက္ဘ္ခ်ီယန္က အဓိပၸါယ္မရွိတဲ့ စကားေတြကို မေျပာဘဲ အခ်က္အလက္ေတြ ၾကည့္ၿပီးမွ ျပန္ေျပာဖို႔ တုံ႔ျပန္ထိုးႏွက္သြားခဲ့။

– ၂၀၁၉-၂၀ ရာသီမွာ အသင္းက ထြက္ခြာသြားခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြ ခ်စ္ၿမဲခ်စ္ဆဲျဖစ္တဲ့ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးဟာ ဂ်ဴဗင္တပ္စ္အသင္းမွာေတာ့ ဆိုး႐ြားတဲ့ ေခၚယူမႈအျဖစ္ သတ္မွတ္ခံထားခဲ့ရၿပီး တစ္ပတ္လုပ္ခ ေပါင္ေလးသိန္း ရရွိေနတဲ့ သူ႔ကို ပရီးမီးယားလိဂ္မွာ ျပန္ကစားလိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– ဒဏ္ရာကေန သက္သာလာခဲ့ၿပီး ယူ-၂၃ အသင္းနဲ႔အတူ ျပန္လည္ပြဲထြက္ခဲ့တဲ့ ဂါဘရီယယ္လ္ မာတီနယ္လီအေနနဲ႔ အာတီတာရဲ႕ အသြင္သစ္နဲ႔ အသင္းမွာ ေတာင္ပံထက္ အေထာင္တိုက္စစ္မႉးအျဖစ္ အသုံးေတာ္ခံရဖြယ္ရွိၿပီး အူဘာမီယန္းနဲ႔အတူ ပရိသတ္ေတြ အႀကိဳက္ဆုံး တိုက္စစ္အတြဲျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾက။

– ေျမာက္လန္ဒန္ဒါဘီကို ရႈံးနိမ့္ခဲ့အၿပီးမွာ အာဆင္နယ္အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ ၿငိမ္သက္ေနခဲ့ရာကေန ပထမဆုံးအႀကိမ္ အင္စတာဂရမ္မွာ လႈပ္ရွားလာခဲ့ၿပီး “ပုန္းေနလို႔ မရဘူး။ ကိုယ္ဘာလိုအပ္သလဲ ကိုယ္ေမးခြန္းထုတ္ၿပီး ဘယ္ေတာ့မွ လက္မေလွ်ာ့ဘဲ အလုပ္ႀကိဳးစား၊ ဒါက ငါတို႔ လုပ္တဲ့ ပုံစံပဲ”လို႔ ေျပာၾကားသြား။

– အာဆင္နယ္အသင္းကို ပုံစံေကာင္းျပန္ရေစဖို႔ အာတီတာအေနနဲ႔ ၁။ ကစားသမားေတြကို လြတ္လပ္စြာ ကစားခြင့္ေပးဖို႔၊ ၂။ ဝီလီယန္ကို မသုံးဖို႔၊ ၃။ မိတ္လန္းႏိုင္းလ္စ္ကို ကြင္းလယ္မွာ သုံးဖို႔၊ ၄။ နံပါတ္ ၁၀ က႑ကို ျပန္ေဖာ္ထုတ္ၿပီး စမစ္႐ိုးကို စမ္းသပ္ဖို႔နဲ႔ ၅။ ခံစစ္အစြန္လူ ေတြကို တိုက္စစ္အလြန္အကြၽံမလိုက္ပါေစဘဲ တစ္ဦးသာ အလွည့္က်လိုက္ပါၿပီး ဟန္ခ်က္ကို ထိန္းသိမ္းဖို႔ ပရိသတ္ဝက္ဘ္ဆိုက္ Just Arsenal တိုက္တြန္းေရးသားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.