Premier League

လိုက်ပ်ဇစ် ၃-၂ ယူနိုက်တက်ပွဲအပြီး မှတ်မှတ်သားသား ပြောစရာ ၇ ချက်

အထနှေးလို့ ပေးဆပ်မှုကြီးမားခဲ့တဲ့ ယူနိုက်
တက် – နောက်တဆင့်တက်ရေး မတက်ရေးအတွက် အဆုံးအဖြတ်ဖြစ်တဲ့ ပွဲစဥ်မှာ ယူနိုက်တက်တို့ရဲ့ အထနှေးမှုက ရလဒ်တွေနဲ့ ဖုံးကွယ်ထားလို့ မရတဲ့ အခြေအနေအထိ ဆိုက်ခဲ့ပါတယ်။ ပွဲအစ အဖွင့် ၁၂ မိနစ်အတွင်း ၂ ဂိုးပေးခဲ့ရတာက တိုက်စစ်ကိုပါ စိတ်ဓာတ်အင်အား လျော့ပါးစေခဲ့ပါတယ်။ အထနှေးတဲ့ ယူနိုက်တက်တို့ဟာ စိန့်၊ ဝက်စ်ဟမ်းအသင်းတွေနဲ့ ကွဲပြားတဲ့ ဂျာမန်မြေက လိုက်ပ်ဇစ်အသင်းရဲ့ ဒုက္ခပေးခြင်းကို ကောင်းကောင်းခံစားခဲ့ရပြီး အုပ်စု ၃ ပွဲနိုင်၊ ၃ ပွဲရှုံးရလဒ်နဲ့ ချန်ပီယံလိဂ်ကနေ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားခဲ့ပါတယ်။

အနုတ်ပြနေတဲ့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာ
တမှတ်ရရုံနဲ့ နောက်တဆင့်ကို အလွယ်လေးတက်မှာက ယူနိုက်တက်ဖြစ်ပါတယ်။ အနိုင်ကစားမှ နောက်တဆင့်တက်မယ့် လိုက်ပ်ဇစ်က အနိုင်ကစားသွားခဲ့ပြီး ဆိုးလ်ရှားရဲ့ ခံစစ်တန်း ၃ ယောက် ကစားစေတဲ့ ကစားကွက်က နောက်ကောက်ချခံခံ့ရပါတယ်။ အောက်တိုဘာမှာ ခံစစ်လူ ၅ ယောက်တန်း ထားကစားခဲ့ပြီး ပီအက်စ်ဂျီကို လှုပ်မရအောင် ထိန်းပြခဲ့လို့ ချီးကျူးခံခဲ့ရပေမယ့် လက်ရှိမှာတော့ အလုပ်ဖြစ်လိုက်၊ အလုပ်မဖြစ်လိုက်နဲ့ တနေ့ရွှေ တနေ့ငွေ ယူနိုက်တက်က အနုတ်ပြနေပါတယ်။

ပေါ့ဘာ ဘာလဲ ဘယ်လဲ
ဒီပွဲမတိုင်မီကပဲ ပေါ့ဘာဆိုတာ ယူနိုက်တက်နဲ့ အနာဂတ်မရှိတော့ဘူးလို့ အချိန်ကိုက် ဗုံးခွဲခဲ့လို့ အေးဂျင်ရိုင်အိုလာရဲ့ စကားက ဒီပွဲမှာ ပေါ့ဘာကို ဘယ်လိုသက်ရောက်မှု ရှိခဲ့လဲဆိုတာ စဥ်းစားစရာပါ။ ကွင်းတွင်း ခြေစွမ်းကျဆင်းနေတဲ့ ပေါ့ဘာက ဒီပွဲမှာ အရန်ခုံက ထပြီး ချေပဂိုးတဂိုးကို သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ရဲ့ နိုင်လိုစိတ်၊ ဆာလောင်စိတ်ကိုတော့ ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာ ဘာလဲ ဘယ်လဲဆိုတဲ့ ကွင်းပြင်ဇာတ်လမ်းတွေကတော့ အသင်းရဲ့ ဆုံးဖြတ်မှုနဲ့ တုံ့ပြန်ပုံကို ဆက်လက်စောင့်ကြည့်ရမှာပါ။

ကြာသာပတေးညများတမ်းချင်း
ယူနိုက်တက်အတွက် စိတ်ပျက်စရာ ညဖြစ်ခဲ့ပြီး ယူရိုပါလိဂ်မှာ ဆင်းကစားရတော့မှာပါ​။ ပြီးခဲ့တဲ့ ရာသီက ဆီဗီလာကို ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့တဲ့ ပူပူနွေးနွေးဖြစ်ရပ်နဲ့ အတူ ယူနိုက်တက်အသင်းပရိသတ်တွေအတွက် ကြာသာပတေးညများတမ်းခြင်းတွေ ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ ဆိုးလ်ရှားအတွက်တော့ ကိုယ့်အပြစ်နဲ့ကိုယ်လို့သာ ဆိုရမှာဖြစ်ပါတယ်။

နာဂျယ်စ်မန်းရဲ့ သမိုင်း
ဟော့ဖန်ဟိမ်းကို ထိပ်သီးအဆင့်ရောက်အောင် ဆွဲတင်ပေးခဲ့သလို လိုက်ပ်ဇစ်အသင်းကိုလည်း အချိန်တိုတိုအတွင်း ဥရောပမြွေဟောက်အသင်းဖြစ်အောင် ပျိုးထောင်ခဲ့တဲ့ နာဂျယ်စ်မန်းက ဒီနေ့မှာလည်း သူ့ရဲ့သမိုင်းကို ထပ်မံရေးထိုးခဲ့ပါတယ်။ နည်းပြတယောက်အနေနဲ့ ဆိုးလ်ရှားထက် ပိုအလားအလာရှိပြီး နည်းပြပီတဲ့ ၃၃ နှစ်သားဟာ လိုက်ပ်ဇစ်ကို ရှုံးထွက်အဆင့်ဆီ မရောက်ရောက်အောင် ပို့ဆောင်ပေးလိုက်ပြန်ပါတယ်။

သရဲနီသွေး ပီသခဲ့ပြန်တဲ့ ဘရူနို
ဘရူနိုက သူ့ရဲ့ ထုံးစံအတိုင်း အထိရောက်ဆုံး ကစားပြခဲဲ့ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပင်နယ်တီသွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာရတဲ့ ပင်နယ်တီအခွင့်အရေးကိုလည်း ၃ ဂိုးပြတ် အခြေအနေကနေ ချေပဂိုးအဖြစ် အမှားအယွင်းမရှိဘဲ အတည်ငြိမ်ဆုံးသွင်းယူသွားခဲ့သလို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ ဘရူနိုက ထိပ်ဆုံးက စာရင်းပေါက်ခဲ့ပါတယ်။

စံချိန်တင်လိုက်တဲ့ လုခ်ရှေ
ဒီနေ့ပွဲမှာ ဘယ်နောက်ခံအစွန်လူ လုခ်ရှောက ယူနိုက်တက်အတွက် ပွဲ ၁၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကစားသမားတယောက်အနေနဲ့ အသင်းကို ရောက်ရှိလာတဲ့ လူငယ်ခြေတက်လေးဟာ အတက်အကျမျိုးစုံကြမ်းတမ်းခဲ့တဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင် အလဲထိုးခဲ့ရပြီး ဒီနေ့ပွဲမှာ တံကောက်ကြောဒဏ်ရာကနေ ပြန်သက်သာပြီး ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အထႏွေးလို႔ ေပးဆပ္မႈႀကီးမားခဲ့တဲ့ ယူနိုက္
တက္ – ေနာက္တဆင့္တက္ေရး မတက္ေရးအတြက္ အဆုံးအျဖတ္ျဖစ္တဲ့ ပြဲစဥ္မွာ ယူနိုက္တက္တို႔ရဲ႕ အထႏွေးမႈက ရလဒ္ေတြနဲ႕ ဖုံးကြယ္ထားလို႔ မရတဲ့ အေျခအေနအထိ ဆိုက္ခဲ့ပါတယ္။ ပြဲအစ အဖြင့္ ၁၂ မိနစ္အတြင္း ၂ ဂိုးေပးခဲ့ရတာက တိုက္စစ္ကိုပါ စိတ္ဓာတ္အင္အား ေလ်ာ့ပါးေစခဲ့ပါတယ္။ အထႏွေးတဲ့ ယူနိုက္တက္တို႔ဟာ စိန့္၊ ဝက္စ္ဟမ္းအသင္းေတြနဲ႕ ကြဲျပားတဲ့ ဂ်ာမန္ေျမက လိုက္ပ္ဇစ္အသင္းရဲ႕ ဒုကၡေပးျခင္းကို ေကာင္းေကာင္းခံစားခဲ့ရၿပီး အုပ္စု ၃ ပြဲနိုင္၊ ၃ ပြဲရႈံးရလဒ္နဲ႕ ခ်န္ပီယံလိဂ္ကေန ဒလိမ့္ေကာက္ေကြး ျပဳတ္က်သြားခဲ့ပါတယ္။

အႏုတ္ျပေနတဲ့ ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာ
တမွတ္ရ႐ုံနဲ႕ ေနာက္တဆင့္ကို အလြယ္ေလးတက္မွာက ယူနိုက္တက္ျဖစ္ပါတယ္။ အနိုင္ကစားမွ ေနာက္တဆင့္တက္မယ့္ လိုက္ပ္ဇစ္က အနိုင္ကစားသြားခဲ့ၿပီး ဆိုးလ္ရွားရဲ႕ ခံစစ္တန္း ၃ ေယာက္ ကစားေစတဲ့ ကစားကြက္က ေနာက္ေကာက္ခ်ခံခံ့ရပါတယ္။ ေအာက္တိုဘာမွာ ခံစစ္လူ ၅ ေယာက္တန္း ထားကစားခဲ့ၿပီး ပီအက္စ္ဂ်ီကို လႈပ္မရေအာင္ ထိန္းျပခဲ့လို႔ ခ်ီးက်ဴးခံခဲ့ရေပမယ့္ လက္ရွိမွာေတာ့ အလုပ္ျဖစ္လိုက္၊ အလုပ္မျဖစ္လိုက္နဲ႕ တေန႕ေ႐ႊ တေန႕ေငြ ယူနိုက္တက္က အႏုတ္ျပေနပါတယ္။

ေပါ့ဘာ ဘာလဲ ဘယ္လဲ – ဒီပြဲမတိုင္မီကပဲ ေပါ့ဘာဆိုတာ ယူနိုက္တက္နဲ႕ အနာဂတ္မရွိေတာ့ဘူးလို႔ အခ်ိန္ကိုက္ ဗုံးခြဲခဲ့လို႔ ေအးဂ်င္ရိုင္အိုလာရဲ႕ စကားက ဒီပြဲမွာ ေပါ့ဘာကို ဘယ္လိုသက္ေရာက္မႈ ရွိခဲ့လဲဆိုတာ စဥ္းစားစရာပါ။ ကြင္းတြင္း ေျခစြမ္းက်ဆင္းေနတဲ့ ေပါ့ဘာက ဒီပြဲမွာ အရန္ခုံက ထၿပီး ေခ်ပဂိုးတဂိုးကို သြင္းယူေပးခဲ့ၿပီး ယူနိုက္တက္ရဲ႕ နိုင္လိုစိတ္၊ ဆာေလာင္စိတ္ကိုေတာ့ ျပသသြားခဲ့တာ ျဖစ္ပါတယ္။ ေပါ့ဘာ ဘာလဲ ဘယ္လဲဆိုတဲ့ ကြင္းျပင္ဇာတ္လမ္းေတြကေတာ့ အသင္းရဲ႕ ဆုံးျဖတ္မႈနဲ႕ တုံ႕ျပန္ပုံကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

ၾကာသာပေတးညမ်ားတမ္းခ်င္း – ယူနိုက္တက္အတြက္ စိတ္ပ်က္စရာ ညျဖစ္ခဲ့ၿပီး ယူရိုပါလိဂ္မွာ ဆင္းကစားရေတာ့မွာပါ​။ ၿပီးခဲ့တဲ့ ရာသီက ဆီဗီလာကို ဆီမီးဖိုင္နယ္မွာ အေရးနိမ့္ခဲ့တဲ့ ပူပူႏြေးႏြေးျဖစ္ရပ္နဲ႕ အတူ ယူနိုက္တက္အသင္းပရိသတ္ေတြအတြက္ ၾကာသာပေတးညမ်ားတမ္းျခင္းေတြ ျပန္လည္ေရာက္ရွိလို႔ လာခဲ့ပါၿပီ။ ဆိုးလ္ရွားအတြက္ေတာ့ ကိုယ့္အျပစ္နဲ႕ကိုယ္လို႔သာ ဆိုရမွာျဖစ္ပါတယ္။

နာဂ်ယ္စ္မန္းရဲ႕ သမိုင္း
ေဟာ့ဖန္ဟိမ္းကို ထိပ္သီးအဆင့္ေရာက္ေအာင္ ဆြဲတင္ေပးခဲ့သလို လိုက္ပ္ဇစ္အသင္းကိုလည္း အခ်ိန္တိုတိုအတြင္း ဥေရာပေႁမြေဟာက္အသင္းျဖစ္ေအာင္ ပ်ိဳးေထာင္ခဲ့တဲ့ နာဂ်ယ္စ္မန္းက ဒီေန႕မွာလည္း သူ႕ရဲ႕သမိုင္းကို ထပ္မံေရးထိုးခဲ့ပါတယ္။ နည္းျပတေယာက္အေနနဲ႕ ဆိုးလ္ရွားထက္ ပိုအလားအလာရွိၿပီး နည္းျပပီတဲ့ ၃၃ ႏွစ္သားဟာ လိုက္ပ္ဇစ္ကို ရႈံးထြက္အဆင့္ဆီ မေရာက္ေရာက္ေအာင္ ပို႔ေဆာင္ေပးလိုက္ျပန္ပါတယ္။

သရဲနီေသြး ပီသခဲ့ျပန္တဲ့ ဘ႐ူနို – ဘ႐ူနိုက သူ႕ရဲ႕ ထုံးစံအတိုင္း အထိေရာက္ဆုံး ကစားျပခဲဲ့ၿပီး ယူနိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ပင္နယ္တီသြင္းဂိုး ၁၃ ဂိုးအထိ သြင္းယူထားတဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။ ဒီပြဲမွာရတဲ့ ပင္နယ္တီအခြင့္အေရးကိုလည္း ၃ ဂိုးျပတ္ အေျခအေနကေန ေခ်ပဂိုးအျဖစ္ အမွားအယြင္းမရွိဘဲ အတည္ၿငိမ္ဆုံးသြင္းယူသြားခဲ့သလို ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားေတြထဲမွာ ဘ႐ူနိုက ထိပ္ဆုံးက စာရင္းေပါက္ခဲ့ပါတယ္။

စံခ်ိန္တင္လိုက္တဲ့ လုခ္ေရွာ – ဒီေန႕ပြဲမွာ ဘယ္ေနာက္ခံအစြန္လူ လုခ္ေရွာက ယူနိုက္တက္အတြက္ ပြဲ ၁၅၀ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ကစားသမားတေယာက္အေနနဲ႕ အသင္းကို ေရာက္ရွိလာတဲ့ လူငယ္ေျခတက္ေလးဟာ အတက္အက်မ်ိဳးစုံၾကမ္းတမ္းခဲ့တဲ့ ဒဏ္ရာျပႆနာေတြနဲ႕ ရင္ဆိုင္ အလဲထိုးခဲ့ရၿပီး ဒီေန႕ပြဲမွာ တံေကာက္ေၾကာဒဏ္ရာကေန ျပန္သက္သာၿပီး ပါဝင္ကစားနိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.