Match Report Premier League UCL&UEL

အရေးမပါတော့တဲ့ပွဲမှာ စမ်းသပ်ပြီး အရန်တွေနဲ့ သရေတစ်မှတ်ပဲ ယူခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့်လည်း ဒီပွဲရဲ့ ရလဒ်က အရေးမပါတော့တဲ့ အခြေအနေမှာ အရန်ကစားသမားအများစုကို ထုတ်သုံးခဲ့ပြီး သရေလဒ်ကိုပဲ ကျေကျေနပ်နပ်ရယူသွားခဲ့ပါတယ်။

လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဂီးလ်မိုးနဲ့ အန်ဂျိုရင်တို့ကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာ အန်ဂိုလို ကွန်တေ မပါနိုင်တဲ့ပွဲမှာ ကွင်းလယ် အဖျက်ပိုင်းကတော့ ပြဿနာရှိနေခဲ့ပြီ ခရက်စ်နိုဒါ တိုက်စစ်ကို ရပ်တန့်နိုင်ခြင်းမရှိလို့ အကြိမ်ကြိမ် ထိုးဖောက်ခွင့် ပေးခဲ့ရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ရုရှားကလပ်ရဲ့ ကွင်းလယ်ကစားသမား ကာဘယ်လာက ဂိုးဧရိယာထဲကနေ အနိမ့်ဘောကန်သွင်းပြီး အဖွင့်ဂိုးယူခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဂိုးသွင်းယူနိုင်တဲ့ အနေအထားမှာရှိတဲ့ အေဘရာဟမ်ကို တစ်ဖက်နောက်ခံလူ ဆွဲထားခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဒါကို ကွင်းလယ်လူ ဂျော်ဂျင်ညိုက ဂိုးသမားကို လှည့်စားပြီး သူ့ရဲ့ ကန်နေကျပုံစံအတိုင်းပဲ ကန်သွင်းသွားခဲ့လို့ ချေပဂိုးရခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ အေဘရာဟမ်၊ ဟာဗတ်ဇ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို လူစားဝင် တိုက်စစ်မှူး တီမို ဗာနာနဲ့ ဂျီရူးတို့လည်း အခွင့်အရေးတွေ ကောင်းကောင်းမရခဲ့တာကြောင့် မိနစ် ၉၀ မှာလည်း ရလဒ်မပြောင်းဘဲ သရေကျခဲ့ပါတယ်။

အုပ်စုပထမအဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ဒီနေ့ပွဲမှာ အရန်ကစားသမားတွေရဲ့ ခြေစွမ်းကတော့ ပွဲထွက်ကစားသမားတွေနဲ့ ယှဉ်လို့ မရသေးတာကို တွေ့ခဲ့ရပြီး ချဲလ်ဆီးတို့အနေနဲ့ အရေးမပါတော့တဲ့ ပွဲတစ်ပွဲမှာ ဒီထဲက ကစားသမားတိုင်းကို ယုံစားလို့ မရသေးဘူးဆိုတဲ့ အချက်ကို မြင်သာခဲ့မယ်ဆိုရင်တော့ ဒီနေ့ပွဲကနေ အဖိုးတန် သတိပြုစရာတစ်ခုကို ရယူနိုင်ခဲ့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔ပြဲမွာ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ကစားခဲ့ရေပမယ့္လည္း ဒီပြဲရဲ႕ ရလဒ္က အေရးမပါေတာ့တဲ့ အေျခအေနမွာ အရန္ကစားသမားအမ်ားစုကို ထုတ္သုံးခဲ့ၿပီး သေရလဒ္ကိုပဲ ေက်ေက်နပ္နပ္ရယူသြားခဲ့ပါတယ္။

လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ ဂီးလ္မိုးနဲ႔ အန္ဂ်ိဳရင္တို႔ကို ထည့္သြင္းခဲ့ၿပီး ကြင္းလယ္မွာ အန္ဂိုလို ကြန္ေတ မပါႏိုင္တဲ့ပြဲမွာ ကြင္းလယ္ အဖ်က္ပိုင္းကေတာ့ ျပႆနာရွိေနခဲ့ၿပီ ခရက္စ္ႏိုဒါ တိုက္စစ္ကို ရပ္တန႔္ႏိုင္ျခင္းမရွိလို႔ အႀကိမ္ႀကိမ္ ထိုးေဖာက္ခြင့္ ေပးခဲ့ရၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ႐ုရွားကလပ္ရဲ႕ ကြင္းလယ္ကစားသမား ကာဘယ္လာက ဂိုးဧရိယာထဲကေန အနိမ့္ေဘာကန္သြင္းၿပီး အဖြင့္ဂိုးယူခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဂိုးသြင္းယူႏိုင္တဲ့ အေနအထားမွာရွိတဲ့ ေအဘရာဟမ္ကို တစ္ဖက္ေနာက္ခံလူ ဆြဲထားခဲ့လို႔ ပင္နယ္တီရခဲ့ၿပီး ဒါကို ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက ဂိုးသမားကို လွည့္စားၿပီး သူ႔ရဲ႕ ကန္ေနက်ပုံစံအတိုင္းပဲ ကန္သြင္းသြားခဲ့လို႔ ေခ်ပဂိုးရခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာ ေအဘရာဟမ္၊ ဟာဗတ္ဇ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို လူစားဝင္ တိုက္စစ္မႉး တီမို ဗာနာနဲ႔ ဂ်ီ႐ူးတို႔လည္း အခြင့္အေရးေတြ ေကာင္းေကာင္းမရခဲ့တာေၾကာင့္ မိနစ္ ၉၀ မွာလည္း ရလဒ္မေျပာင္းဘဲ သေရက်ခဲ့ပါတယ္။

အုပ္စုပထမအျဖစ္နဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့ ဒီေန႔ပြဲမွာ အရန္ကစားသမားေတြရဲ႕ ေျခစြမ္းကေတာ့ ပြဲထြက္ကစားသမားေတြနဲ႔ ယွဥ္လို႔ မရေသးတာကို ေတြ႕ခဲ့ရၿပီး ခ်ဲလ္ဆီးတို႔အေနနဲ႔ အေရးမပါေတာ့တဲ့ ပြဲတစ္ပြဲမွာ ဒီထဲက ကစားသမားတိုင္းကို ယုံစားလို႔ မရေသးဘူးဆိုတဲ့ အခ်က္ကို ျမင္သာခဲ့မယ္ဆိုရင္ေတာ့ ဒီေန႔ပြဲကေန အဖိုးတန္ သတိျပဳစရာတစ္ခုကို ရယူႏိုင္ခဲ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.