Match Report Premier League UCL&UEL

Come Back ဖြစ်ဖို့ မလုံလောက်ခဲ့ဘဲ ပရိသတ်တွေကို မချင့်မရဲဖြစ်စေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ၃-၅-၂ လူစာရင်းကို ခင်းကျင်းလာခဲ့ပြီး လုခ်ရှောနဲ့ အဲလက်စ် တဲလက်စ်တို့ကို ဘယ်ခြမ်းမှာ အတူပွဲထုတ်လာခဲ့သလို ကာဗာနီကိုတော့ ချန်လှပ်ထားခဲ့ပြီး ကွင်းလယ်မှာတော့ ပီအက်စ်ဂျီနဲ့ပွဲမှာ အနီထိထားတဲ့ ဖရက်ဒ် မပါနိုင်ချိန်မှာ မာတစ်ချ်နဲ့ မက်တော်မီနေးကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ကစားခဲ့ကြပါတယ်။

အိမ်ရှင်တို့ရဲ့ ဖိကစားလာမယ့် ပုံစံကို တွက်ချက်ထားတဲ့ လူစာရင်းက ထင်သလိုမဖြစ်ခဲ့တဲ့အခါ ခံစစ်ပိုင်းမှာ ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး လေးလံတဲ့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ မာတစ်ချ်နဲ့ မက်တော်မီနေးတို့အုပ်စုရဲ့ အထနှေးမှုတွေက လိုက်ပ်ဇစ်တို့ အကြိုက်ကျသွားခဲ့ပါတယ်။

ပွဲချိန် ၂ မိနစ်မပြည့်ခင်မှာပဲ ပထမအကျော့က ရလဒ်ကို လက်စားချေမယ်လို့ ကြုံးဝါးထားတဲ့ မန်စီးတီးအငှားကစားသမား အန်ဟဲလီညိုက ညာတောင်ပံကနေ ဆာဘစ်ဇာ ဖြတ်ပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဒဟေးယား ကာကွယ်နိုင်ခြင်းမရှိခဲ့လို့ ယူနိုက်တက်တို့ ဂိုးစပေးခဲ့ရပါတယ်။

ယူနိုက်တက်တို့ရဲ့ တန်ပြန်တိုက်စစ်တချို့ ထိရောက်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းတော့ မရှိခဲ့ဘဲ ပွဲချိန် ၁၃ မိနစ်မှာတော့ ဂိုးဧရိယာထဲ လွတ်နေခဲ့တဲ့ လိုက်ပ်ဇစ်ကွင်းလယ်လူ ဟိုက်ဒါရာက အန်ဟဲလီညိုရဲ့ ဖြတ်တင်ဘောကို Half Volley ကန်သွင်းရယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ အိမ်ရှင် တိုက်စစ်မှူး ဖော့စ်ဘတ်က အဲလက်စ် တဲလက်စ်ကို အနည်းငယ်တွန်းခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ခွင့်ပြုသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ လိုက်ပ်ဇ်စ်တို့ ထပ်သွင်းခဲ့တဲ့ဂိုးကို လူကျွံတယ်ဆိုပြီး စပိန်ဒိုင်က ပယ်ဖျက်ပေးခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ပြီး တကယ်တမ်း ဒီဂိုးရဲ့ Replay တွေမှာ ကိုနာတေဟာ မာတစ်ချ်နဲ့ တစ်ထပ်တည်းမှာ ရှိနေခဲ့လို့ ဆုံးဖြတ်ချက်မှာ ကံကောင်းခဲ့တယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပြီး ပထမပိုင်းမှာ အိမ်ရှင်တွေက နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ အဲလက်စ် တဲလက်စ်အစား ဗန်ဒဘိခ် ဝင်လာခဲ့သလို လိုက်ပ်ဇစ်ဘက်ကလည်း ဖော့စ်ဘတ်အစား ပေါလ်ဆန်၊ အိုလ်မိုအစား ကလွိုက်ဗတ်ကို ထည့်ခဲ့ပြီး တိုက်စစ်ကို အပြောင်းအလဲလုပ်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ လုခ်ရှောနဲ့ မာတစ်အစား၊ ဘရန်ဒန် ဝီလီယမ်စ်နဲ့ ပေါ့ဘာကို ထည့်ပြီး တိုက်စစ်ကို ထပ်မြှင့်လာခဲ့ချိန်မှာတော့ လိုက်ပ်ဇစ်တို့ကလည်း ကောင်တာကို ပိုအားပြုခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ် တိုင်ထိပြီးပြီးချင်းမှာပဲ တောင်ပံကနေ ဘောလုံးရသွားတဲ့ အန်ဟဲလီညိုက ဖြတ်တင် ပေးတာကို ဒဟေးယားနဲ့ မက်ဂွိုင်းယားက နားလည်မှုလွဲ၊ ဝီလီယမ်စ်က အန္တရာယ်ရဲ့ အနံ့မရချိန်မှာ ကလွိုက်ဗတ်က ကြားထဲက ပြေးဝင်ကန်သွင်းခဲ့လို့ လိုက်ပ်ဇစ်တို့ တတိယဂိုးထပ်ရသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နောက်တန်းမှာ ညံ့နေတဲ့ ဝန်ဘစ်ဆာကာနဲ့ လင်ဒီလော့ဖ်တို့အစား တွမ်ဇီဘီနဲ့ ဖိုဆူမန်ဆားတို့ ဝင်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ဘောလုံးလုယူတာ Foul မဖြစ်ဘဲ ကံကောင်းသွားတဲ့ ဂရင်းဝုဒ်ကို အလုခံလိုက်ရတဲ့ ကိုနာတေက ဘော်ဒီတွန်းခဲ့ရာမှာ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့ပါတယ်။

နောက်ထပ် နှစ်မိနစ်အကြာမှာတော့ ထောင့်ကန်ဘောကနေ ဘရူနို ဖာနန်ဒက်စ် ကန်ပို့ပေးတာကို ပေါ့ဘာက ခေါင်းတိုက်သွင်းခဲ့ရာမှာ နောက်ခံလူ မက်ဂွိုင်းယားရဲ့ လက်နဲ့ ထိခဲ့ပေမယ့် ဒိုင်လူကြီးက အသိအမှတ် မပြုဘဲ ဂိုးပေးခဲ့လို့ ယူနိုက်တက်တို့ ဒုတိယချေပဂိုး ထပ်မံရရှိခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ချေပဂိုးရဖို့ ထပ်မံဖိကစားခဲ့ပေမယ့် ကွာလတီမကောင်းတဲ့ ခံစစ်ပိုင်းကြောင့် ဂိုးတောင် ထပ်ပေးရမလိုဖြစ်ခဲ့ပေမယ့် တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်တော့ဘဲ သုံးဂိုး-နှစ်ဂိုးနဲ့ လိုက်ပ်ဇစ်တို့ အောင်ပွဲခံသွားခဲ့ပြီး ဆိုးလ်ရှားနဲ့ သူ့လူတွေကတော့ အခြေမလှခဲ့တာလည်း ဖြစ်ပါတယ်။

သရေကျရင်ကို နောက်တစ်ဆင့် တက်ရမယ့်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပြီး တစ်ဖက်မှာ ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ်တို့ ပွဲပျက်ခဲ့ပေမယ့် ရမှတ်နဲ့ Head to Head အရတော့ အသာပြန်ရဖို့ မရှိနိုင်တော့တာမို့ တတိယနေရာကနေပဲ ယူရိုပါလိဂ်ဆီ ဆင်းကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ၃-၅-၂ လူစာရင္းကို ခင္းက်င္းလာခဲ့ၿပီး လုခ္ေရွာနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ဘယ္ျခမ္းမွာ အတူပြဲထုတ္လာခဲ့သလို ကာဗာနီကိုေတာ့ ခ်န္လွပ္ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အနီထိထားတဲ့ ဖရက္ဒ္ မပါႏိုင္ခ်ိန္မွာ မာတစ္ခ်္နဲ႔ မက္ေတာ္မီေနးကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ ကစားခဲ့ၾကပါတယ္။

အိမ္ရွင္တို႔ရဲ႕ ဖိကစားလာမယ့္ ပုံစံကို တြက္ခ်က္ထားတဲ့ လူစာရင္းက ထင္သလိုမျဖစ္ခဲ့တဲ့အခါ ခံစစ္ပိုင္းမွာ ကိုယ္လုံးကိုယ္ထည္ႀကီးမားၿပီး ေလးလံတဲ့ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ မာတစ္ခ်္နဲ႔ မက္ေတာ္မီေနးတို႔အုပ္စုရဲ႕ အထေႏွးမႈေတြက လိုက္ပ္ဇစ္တို႔ အႀကိဳက္က်သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မျပည့္ခင္မွာပဲ ပထမအေက်ာ့က ရလဒ္ကို လက္စားေခ်မယ္လို႔ ႀကဳံးဝါးထားတဲ့ မန္စီးတီးအငွားကစားသမား အန္ဟဲလီညိဳက ညာေတာင္ပံကေန ဆာဘစ္ဇာ ျဖတ္ေပးတဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဒေဟးယား ကာကြယ္ႏိုင္ျခင္းမရွိခဲ့လို႔ ယူႏိုက္တက္တို႔ ဂိုးစေပးခဲ့ရပါတယ္။

ယူႏိုက္တက္တို႔ရဲ႕ တန္ျပန္တိုက္စစ္တခ်ိဳ႕ ထိေရာက္ခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ျခင္းေတာ့ မရွိခဲ့ဘဲ ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဂိုးဧရိယာထဲ လြတ္ေနခဲ့တဲ့ လိုက္ပ္ဇစ္ကြင္းလယ္လူ ဟိုက္ဒါရာက အန္ဟဲလီညိဳရဲ႕ ျဖတ္တင္ေဘာကို Half Volley ကန္သြင္းရယူသြားႏိုင္ခဲ့ပါတယ္။ ဒီဂိုးမွာ အိမ္ရွင္ တိုက္စစ္မႉး ေဖာ့စ္ဘတ္က အဲလက္စ္ တဲလက္စ္ကို အနည္းငယ္တြန္းခဲ့ေပမယ့္ ဒိုင္လူႀကီးကေတာ့ ခြင့္ျပဳသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာ လိုက္ပ္ဇ္စ္တို႔ ထပ္သြင္းခဲ့တဲ့ဂိုးကို လူကြၽံတယ္ဆိုၿပီး စပိန္ဒိုင္က ပယ္ဖ်က္ေပးခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ၿပီး တကယ္တမ္း ဒီဂိုးရဲ႕ Replay ေတြမွာ ကိုနာေတဟာ မာတစ္ခ်္နဲ႔ တစ္ထပ္တည္းမွာ ရွိေနခဲ့လို႔ ဆုံးျဖတ္ခ်က္မွာ ကံေကာင္းခဲ့တယ္လို႔ပဲ သုံးသပ္ရမွာျဖစ္ၿပီး ပထမပိုင္းမွာ အိမ္ရွင္ေတြက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ အဲလက္စ္ တဲလက္စ္အစား ဗန္ဒဘိခ္ ဝင္လာခဲ့သလို လိုက္ပ္ဇစ္ဘက္ကလည္း ေဖာ့စ္ဘတ္အစား ေပါလ္ဆန္၊ အိုလ္မိုအစား ကလြိဳက္ဗတ္ကို ထည့္ခဲ့ၿပီး တိုက္စစ္ကို အေျပာင္းအလဲလုပ္ခဲ့ၾကပါတယ္။ ဒီေနာက္ပိုင္းမွာ ယူႏိုက္တက္တို႔ လုခ္ေရွာနဲ႔ မာတစ္အစား၊ ဘရန္ဒန္ ဝီလီယမ္စ္နဲ႔ ေပါ့ဘာကို ထည့္ၿပီး တိုက္စစ္ကို ထပ္ျမႇင့္လာခဲ့ခ်ိန္မွာေတာ့ လိုက္ပ္ဇစ္တို႔ကလည္း ေကာင္တာကို ပိုအားျပဳခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္ တိုင္ထိၿပီးၿပီးခ်င္းမွာပဲ ေတာင္ပံကေန ေဘာလုံးရသြားတဲ့ အန္ဟဲလီညိဳက ျဖတ္တင္ ေပးတာကို ဒေဟးယားနဲ႔ မက္ဂြိဳင္းယားက နားလည္မႈလြဲ၊ ဝီလီယမ္စ္က အႏၲရာယ္ရဲ႕ အနံ႔မရခ်ိန္မွာ ကလြိဳက္ဗတ္က ၾကားထဲက ေျပးဝင္ကန္သြင္းခဲ့လို႔ လိုက္ပ္ဇစ္တို႔ တတိယဂိုးထပ္ရသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေနာက္တန္းမွာ ညံ့ေနတဲ့ ဝန္ဘစ္ဆာကာနဲ႔ လင္ဒီေလာ့ဖ္တို႔အစား တြမ္ဇီဘီနဲ႔ ဖိုဆူမန္ဆားတို႔ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ေဘာလုံးလုယူတာ Foul မျဖစ္ဘဲ ကံေကာင္းသြားတဲ့ ဂရင္းဝုဒ္ကို အလုခံလိုက္ရတဲ့ ကိုနာေတက ေဘာ္ဒီတြန္းခဲ့ရာမွာ ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းသြားခဲ့ပါတယ္။

ေနာက္ထပ္ ႏွစ္မိနစ္အၾကာမွာေတာ့ ေထာင့္ကန္ေဘာကေန ဘ႐ူႏို ဖာနန္ဒက္စ္ ကန္ပို႔ေပးတာကို ေပါ့ဘာက ေခါင္းတိုက္သြင္းခဲ့ရာမွာ ေနာက္ခံလူ မက္ဂြိဳင္းယားရဲ႕ လက္နဲ႔ ထိခဲ့ေပမယ့္ ဒိုင္လူႀကီးက အသိအမွတ္ မျပဳဘဲ ဂိုးေပးခဲ့လို႔ ယူႏိုက္တက္တို႔ ဒုတိယေခ်ပဂိုး ထပ္မံရရွိခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ေခ်ပဂိုးရဖို႔ ထပ္မံဖိကစားခဲ့ေပမယ့္ ကြာလတီမေကာင္းတဲ့ ခံစစ္ပိုင္းေၾကာင့္ ဂိုးေတာင္ ထပ္ေပးရမလိုျဖစ္ခဲ့ေပမယ့္ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမသြင္းႏိုင္ေတာ့ဘဲ သုံးဂိုး-ႏွစ္ဂိုးနဲ႔ လိုက္ပ္ဇစ္တို႔ ေအာင္ပြဲခံသြားခဲ့ၿပီး ဆိုးလ္ရွားနဲ႔ သူ႔လူေတြကေတာ့ အေျခမလွခဲ့တာလည္း ျဖစ္ပါတယ္။

သေရက်ရင္ကို ေနာက္တစ္ဆင့္ တက္ရမယ့္ပြဲမွာ ရႈံးနိမ့္ခဲ့ရတာေၾကာင့္ ယူႏိုက္တက္တို႔ ခ်န္ပီယံလိဂ္ကို လက္ျပႏႈတ္ဆက္ခဲ့ရၿပီျဖစ္ၿပီး တစ္ဖက္မွာ ပီအက္စ္ဂ်ီနဲ႔ အစၥတန္ဘူလ္တို႔ ပြဲပ်က္ခဲ့ေပမယ့္ ရမွတ္နဲ႔ Head to Head အရေတာ့ အသာျပန္ရဖို႔ မရွိႏိုင္ေတာ့တာမို႔ တတိယေနရာကေနပဲ ယူ႐ိုပါလိဂ္ဆီ ဆင္းကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.