Premier League

7 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ စောစောစီးစီး လူစားလဲခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်အနေနဲ့ ဘယ်သူနဲ့မှ ထိခိုက်မိခြင်း မရှိဘဲ သူ့ဘာသာသူ ပေါင်နောက်ကြောဒဏ်ရာရရှိသွားခဲ့တာဖြစ်ကြောင်း နည်းပြ ဖရန့် လမ်းပတ်ပြောကြား။

– ချဲလ်ဆီးအသင်းကို စတင်လွှဲပြောင်းရယူပြီး ကိုင်တွယ်ခဲ့ကတည်းက သူ့အတွက် ခံစစ်မှာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ကတ်ဇူးမားကို သတိပြုမိခဲ့ပြီး ရောက်စကတည်းကနေ ခုချိန်အထိ သူ့ကို ကျေနပ်ပျော်ရွှင်စေခဲ့တယ်လို့ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးအထိ ရရှိထားခဲ့ပြီးဖြစ်တဲ့ ပြင်သစ်သားကို လမ်းပတ် ချီးကျူး။

– အသင်းအနေနဲ့ ရှုံးပွဲတွေ့ခဲ့ပေမယ့် ဝက်စ်ဘရွန်းရဲ့ တစ်လုံးတည်းသော ဂိုးကိုတော့ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိနေခဲ့တဲ့ ကွင်းလယ်လူ ကွန်နာ ဂယ်လက်ဂါက နှစ်ပွဲဆက်တိုက် သွင်းယူပေးနိုင်ခဲ့ပြီး လန်ဒန်ပရိသတ်တွေကတော့ ဖရန့် လမ်းပတ်ကို ပြန်ကြည့်နေရသလိုပဲလို့ ဆိုခဲ့ကြ။

– အငှားနဲ့ အက်စတန်ဗီလာကို ရောက်လာခဲ့ချိန်မှာ ကွင်းတွင်းကွင်းပြင် အတွဲညီနေခဲ့တဲ့ ရော့စ် ဘာကလီနဲ့ သူ့ရဲ့ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်တို့ အနေနဲ့ လန်ဒန် မေဖဲရ်အရပ်က စားသောက်ဆိုင်တစ်ဆိုင်မှာ နှာခေါင်းစည်းမတပ်ဘဲ လူတွေကြားမှာ ပွေ့ဖက်နှုတ်ဆက်နေကြတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေက ဝိုင်းဝန်းရှုတ်ချနေကြ။

– နှစ်ဦးကြား အပြန်အလှန်ဖန်တီးပေးမှုတွေနဲ့ သွင်းဂိုးတွေ ရရှိခဲ့ရာမှာ ၃၁ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ကိန်းနဲ့ ဆွန်တို့ဟာ ချဲလ်ဆီးရဲ့ လမ်းပတ်နဲ့ ဒရော့ဘာတို့ တင်ရှိထားခဲ့တဲ့ ပရီးမီးယားလိဂ်စံချိန် ၃၆ ဂိုးကို လိုက်မီဖို့ နီးစပ်လာ။

– တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကို လုံလောက်အောင် ပွဲထွက်ခွင့် မပေးနိုင်ဘဲ အသင်းမှာ ဆက်လက်ထိန်းသိမ်ထားဦးမယ်ဆိုရင်တော့ နည်းပြ လမ်းပတ်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲ ဝေဖန်ရမှာဖြစ်တယ်လို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ မတိုင်ခင် ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဟက်ဆယ်လ်ဘိန့် သတိပေး။

– ချဲလ်ဆီးမှာ ခြေစွမ်းပြခဲ့တဲ့ ဝီလီယန်နဲ့ အာဆင်နယ်အသင်းမှာ ရုန်းကန်နေရတဲ့ ဝီလီယန်တို့ဟာ တစ်ယောက်စီလားလို့ ထင်ရအောင် ခြေစွမ်းချင်းက ကွာခြားနေခဲ့ပြီး ဖန်တီးမှုမရှိ၊ သွင်းဂိုးမရှိ၊ ခံစစ်ကိုလည်း ကူညီခြင်းမရှိတဲ့ ပုံစံကို လိဒ်စ်တိုက်စစ်မှူးဟောင်း နိုဝယ်လ် ဝှီးလန်း မေးခွန်းထုတ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ZAWGYI:

– လိဒ္စ္ယူႏိုက္တက္ကို အႏုိင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေစာေစာစီးစီး လူစားလဲခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္အေနနဲ႔ ဘယ္သူနဲ႔မွ ထိခိုက္မိျခင္း မရွိဘဲ သူ႕ဘာသာသူ ေပါင္ေနာက္ေၾကာဒဏ္ရာရရွိသြားခဲ့တာျဖစ္ေၾကာင္း နည္းျပ ဖရန္႔ လမ္းပတ္ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းကို စတင္လႊဲေျပာင္းရယူၿပီး ကိုင္တြယ္ခဲ့ကတည္းက သူ႕အတြက္ ခံစစ္မွာ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ကတ္ဇူးမားကို သတိျပဳမိခဲ့ၿပီး ေရာက္စကတည္းကေန ခုခ်ိန္အထိ သူ႕ကို ေက်နပ္ေပ်ာ္ရႊင္ေစခဲ့တယ္လို႔ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၄ ဂိုးအထိ ရရွိထားခဲ့ၿပီးျဖစ္တဲ့ ျပင္သစ္သားကို လမ္းပတ္ ခ်ီးက်ဴး။

– အသင္းအေနနဲ႔ ရွဳံးပြဲေတြ႕ခဲ့ေပမယ့္ ဝက္စ္ဘရြန္းရဲ႕ တစ္လုံးတည္းေသာ ဂိုးကိုေတာ့ ခ်ဲလ္ဆီးအသင္းကေန အငွားနဲ႔ ေရာက္ရွိေနခဲ့တဲ့ ကြင္းလယ္လူ ကြန္နာ ဂယ္လက္ဂါက ႏွစ္ပြဲဆက္တိုက္ သြင္းယူေပးႏုိင္ခဲ့ၿပီး လန္ဒန္ပရိသတ္ေတြကေတာ့ ဖရန္႔ လမ္းပတ္ကို ျပန္ၾကည့္ေနရသလိုပဲလို႔ ဆုိခဲ့ၾက။

– အငွားနဲ႔ အက္စတန္ဗီလာကို ေရာက္လာခဲ့ခ်ိန္မွာ ကြင္းတြင္းကြင္းျပင္ အတြဲညီေနခဲ့တဲ့ ေရာ့စ္ ဘာကလီနဲ႔ သူ႕ရဲ႕ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္တုိ႔ အေနနဲ႔ လန္ဒန္ ေမဖဲရ္အရပ္က စားေသာက္ဆုိင္တစ္ဆုိင္မွာ ႏွာေခါင္းစည္းမတပ္ဘဲ လူေတြၾကားမွာ ေပြ႕ဖက္ႏွဳတ္ဆက္ေနၾကတဲ့ ဗီဒီယို ထြက္ေပၚလာခဲ့ၿပီး ပရိသတ္ေတြက ဝိုင္းဝန္းရွဳတ္ခ်ေနၾက။

– ႏွစ္ဦးၾကား အျပန္အလွန္ဖန္တီးေပးမွဳေတြနဲ႔ သြင္းဂိုးေတြ ရရွိခဲ့ရာမွာ ၃၁ ဂိုးအထိ ရွိသြားခဲ့ၿပီျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ကိန္းနဲ႔ ဆြန္တုိ႔ဟာ ခ်ဲလ္ဆီးရဲ႕ လမ္းပတ္နဲ႔ ဒေရာ့ဘာတုိ႔ တင္ရွိထားခဲ့တဲ့ ပရီးမီးယားလိဂ္စံခ်ိန္ ၃၆ ဂိုးကို လုိက္မီဖို႔ နီးစပ္လာ။

– တုိက္စစ္မွဴး အိုလီဗီးေယး ဂ်ီ႐ူးကို လုံေလာက္ေအာင္ ပြဲထြက္ခြင့္ မေပးႏုိင္ဘဲ အသင္းမွာ ဆက္လက္ထိန္းသိမ္ထားဦးမယ္ဆုိရင္ေတာ့ နည္းျပ လမ္းပတ္ကို တစ္ကိုယ္ေကာင္းဆန္တယ္လုိ႔ပဲ ေဝဖန္ရမွာျဖစ္တယ္လို႔ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ မတုိင္ခင္ ခ်ဲလ္ဆီး တုိက္စစ္မွဴးေဟာင္း ဟက္ဆယ္လ္ဘိန္႔ သတိေပး။

– ခ်ဲလ္ဆီးမွာ ေျခစြမ္းျပခဲ့တဲ့ ဝီလီယန္နဲ႔ အာဆင္နယ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ဝီလီယန္တုိ႔ဟာ တစ္ေယာက္စီလားလုိ႔ ထင္ရေအာင္ ေျခစြမ္းခ်င္းက ကြာျခားေနခဲ့ၿပီး ဖန္တီးမွဳမရွိ၊ သြင္းဂိုးမရွိ၊ ခံစစ္ကိုလည္း ကူညီျခင္းမရွိတဲ့ ပုံစံကို လိဒ္စ္တုိက္စစ္မွဴးေဟာင္း ႏိုဝယ္လ္ ဝွီးလန္း ေမးခြန္းထုတ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.