Premier League

7 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မေဆန် ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပေမယ့် အဲလက်စ် တဲလက်စ်ရဲ့ ခံစစ်ကစားပုံကို ပရိသတ်တွေ သဘောမတွေ့ဘဲဖြစ်နေကြပြီး ဟမ်းမားညာတောင်ပံကစားသမား ဂျားရော့ဒ် ဘိုဝင်ကို ထိန်းချုပ်ရာမှာ ရုန်းကန်နေရတာကို ဝေဖန်နေကြ။

– ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းတည်း ၄၅ မိနစ်ကစားပြီး အသင်းဖော်တွေအတွက် အခွင့်အရေး ၈ ကြိမ် ဖန်တီးပေးသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်က စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားရဲ့ ဝုလ်ဗ်စ်နဲ့ပွဲက ၆ ကြိမ် ဖန်တီးမှုကို ကျော်ဖြတ်သွားနိုင်ခဲ့။

– ဈေးကွက်ပေါက်ဈေးအရ ပေါင် ၃၆ သန်း တန်ကြေးရှိနေခဲ့ပြီဖြစ်တဲ့ အဲလက်စ် တဲလက်စ်ကို ပေါ်တိုကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၃.၆ သန်းတည်းနဲ့ ခေါ်ယူနိုင်ခဲ့တာဟာ အက်ဒ် ဝုဒ်ဝဒ်ရဲ့ ရှားရှားပါးပါး ဆရာကျတဲ့ ခေါ်ယူမှုတစ်ခုဖြစ်တယ်လို့ သတင်းတွေ ဖော်ပြ။

– ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ လာမယ့် ၂၀၂၁ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာနိုင်ခြေရှိနေဆဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဆီ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြ။

– ပီအက်စ်ဂျီနဲ့ပွဲမှာ ဒုတိယအဝါနဲ့ အထုတ်ခံခဲ့ရတဲ့ ဖရက်ဒ်ဟာ အမှားတွေကနေ သင်ခန်းစာ မယူတတ်ဘူးလို့ ဝါရင့်အင်္ဂလိပ်နည်းပြကြီး ဟာရီ ရက်ဒ်နက်ပ်က ဝေဖန်လိုက်သလို အနီထိခဲ့တာအတွက် နည်းပြ ဆိုးလ်ရှားမှာ တာဝန်မရှိဘဲ ကစားသမားရဲ့ အခြေအနေအပေါ် နားလည်သဘောပေါက်မှုအပေါ်ပဲ မူတည်ခဲ့တယ်လို့ သုံးသပ်သွား။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ အသင်းရဲ့ ညာခြမ်းတိုက်စစ်ကို ပိုမိုပံ့ပိုးပေးနိုင်မယ့် Attacking Full Back တစ်ဦးကို ရှာဖွေနေရာမှာ စပါးစ်အသင်းရဲ့ ကစားသမားဟောင်း ကီရန် ထရစ်ပီယာကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပြန်လည်ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေ။

– အုပ်စုနောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်အတွက် RB လိုက်ပ်ဇစ်နဲ့ပွဲမှာ ရုန်းကန်ရလို့ ပင်ပန်းနေမယ့် မန်ချက်စတာယူနိုက်တက်ထက် မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အဓိက ကစားသမားတွေကို အနားပေးသွားဖွယ်ရှိနေပြီး လာမယ့်အပတ် ဒါဘီပွဲစဉ်မှာ ဂွါဒီယိုလာနဲ့ စီးတီးတို့အနေနဲ့ လန်းဆန်းအားပြည့်တဲ့ အသင်းကို ပွဲထုတ်နိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဝက္စ္ဟမ္းအသင္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေမဆန္ ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့ေပမယ့္ အဲလက္စ္ တဲလက္စ္ရဲ႕ ခံစစ္ကစားပုံကို ပရိသတ္ေတြ သေဘာမေတြ႕ဘဲျဖစ္ေနၾကၿပီး ဟမ္းမားညာေတာင္ပံကစားသမား ဂ်ားေရာ့ဒ္ ဘိုဝင္ကို ထိန္းခ်ဳပ္ရာမွာ ႐ုန္းကန္ေနရတာကို ေဝဖန္ေနၾက။

– ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒုတိယပိုင္းတစ္ပိုင္းတည္း ၄၅ မိနစ္ကစားၿပီး အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ၈ ႀကိမ္ ဖန္တီးေပးသြားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္က စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းနားရဲ႕ ဝုလ္ဗ္စ္နဲ႔ပြဲက ၆ ႀကိမ္ ဖန္တီးမႈကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့။

– ေဈးကြက္ေပါက္ေဈးအရ ေပါင္ ၃၆ သန္း တန္ေၾကးရွိေနခဲ့ၿပီျဖစ္တဲ့ အဲလက္စ္ တဲလက္စ္ကို ေပၚတိုကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၃.၆ သန္းတည္းနဲ႔ ေခၚယူႏိုင္ခဲ့တာဟာ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ ရွားရွားပါးပါး ဆရာက်တဲ့ ေခၚယူမႈတစ္ခုျဖစ္တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ဝက္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အဖိုးတန္ ေခ်ပဂိုးကို သြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ လာမယ့္ ၂၀၂၁ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာႏိုင္ေျခရွိေနဆဲျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီတို႔ဆီ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ဒုတိယအဝါနဲ႔ အထုတ္ခံခဲ့ရတဲ့ ဖရက္ဒ္ဟာ အမွားေတြကေန သင္ခန္းစာ မယူတတ္ဘူးလို႔ ဝါရင့္အဂၤလိပ္နည္းျပႀကီး ဟာရီ ရက္ဒ္နက္ပ္က ေဝဖန္လိုက္သလို အနီထိခဲ့တာအတြက္ နည္းျပ ဆိုးလ္ရွားမွာ တာဝန္မရွိဘဲ ကစားသမားရဲ႕ အေျခအေနအေပၚ နားလည္သေဘာေပါက္မႈအေပၚပဲ မူတည္ခဲ့တယ္လို႔ သုံးသပ္သြား။

– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အသင္းရဲ႕ ညာျခမ္းတိုက္စစ္ကို ပိုမိုပံ့ပိုးေပးႏိုင္မယ့္ Attacking Full Back တစ္ဦးကို ရွာေဖြေနရာမွာ စပါးစ္အသင္းရဲ႕ ကစားသမားေဟာင္း ကီရန္ ထရစ္ပီယာကို အက္သလက္တီကို မက္ဒရစ္အသင္းကေန ျပန္လည္ေခၚယူသြားႏိုင္ဖို႔ ေစာင့္ၾကည့္ေန။

– အုပ္စုေနာက္ဆုံးအဆုံးအျဖတ္ပြဲစဥ္အတြက္ RB လိုက္ပ္ဇစ္နဲ႔ပြဲမွာ ႐ုန္းကန္ရလို႔ ပင္ပန္းေနမယ့္ မန္ခ်က္စတာယူႏိုက္တက္ထက္ မာေဆးလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အဓိက ကစားသမားေတြကို အနားေပးသြားဖြယ္ရွိေနၿပီး လာမယ့္အပတ္ ဒါဘီပြဲစဥ္မွာ ဂြါဒီယိုလာနဲ႔ စီးတီးတို႔အေနနဲ႔ လန္းဆန္းအားျပည့္တဲ့ အသင္းကို ပြဲထုတ္ႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.