Premier League

7 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– စပါးစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘယ်လာရင်ကို လက်ပစ်ဘော မှန်အောင်မြှောက်ဖို့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးမှာမှ Foul Throw ၁၆ ကြိမ်ဖြစ်ခဲ့ရာမှာ ၅ ကြိမ်ဖြစ်ထားခဲ့တဲ့ စပိန်သားရဲ့ မှတ်တမ်းက ရယ်စရာဖြစ်နေခဲ့သလို ပထမပေးဂိုးမှာလည်း ကာကွယ်နိုင်ခြင်းမရှိဘဲ ချော်လဲနေခဲ့။

– ကွင်းလယ်လူ သောမတ်စ် ပါတေးကို ဒဏ်ရာအကင်းမသေဘဲ သုံးခဲ့တာဟာ မြောက်လန်ဒန်ဒါဘီမှာ သူ့ရဲ့ ရာထူးထိခိုက်မှာစိုးတဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ အကြောက်တရားသာဖြစ်ပြီး ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိခဲ့ကြောင်း အင်္ဂလန်ကွင်းလယ်လူဟောင်း ထရီဗာ ဆင်ကလဲယား ဝေဖန်။

– အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ အမှားအယွင်းမရှိ ခြေစွမ်းပြနေပြီး တိုက်စစ်အထိ လိုက်ပါကူညီပေးခဲ့တဲ့ ခံစစ်မှူးသစ် ဂါဘရီယယ်လ်ရဲ့ ကြိုးစားမှုကို ကျန်တဲ့ အသင်းသားတွေအနေနဲ့ အားနာဖို့ ကောင်းတယ်လို့ ပရိသတ်တွေ ဝေဖန်နေကြ။

– တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ အေးဂျင်တစ်ဦးဖြစ်သူ ကွာကူ မန်ဆားက သူ့ရဲ့ ကစားသမားဖြစ်သူ ဂိုးပေါက်ပျောက်ဆုံး နေတာနဲ့ ပတ်သက်ပြီး နည်းပြ အာတီတာကို တူးဆွလိုက်သလို အခွင့်အရေးဖန်တီးမှုတွေက ဘယ်မှာလဲလို့ ဒီရာသီမှတ်တမ်းမှာ အာဆင်နယ်အသင်းရဲ့ ဆိုးရွားနေမှုတွေနဲ့အတူ မေးခွန်းထုတ်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းက ဂိုးပေါက်ပျောက်ဆုံးနေမှုက တော်တော်လေး စိတ်ပျက်စရာမှတ်တမ်းလည်းဖြစ်ခဲ့ပြီး သူတို့ရဲ့ ဒီရာသီ ၁၁ ပွဲမှာ ရခဲ့တဲ့ ၁၀ ဂိုးက တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်တစ်ဦးတည်းသွင်းဂိုးနဲ့ တူညီနေခဲ့သလို သူတို့ထက် ဂိုးသွင်းနည်းတဲ့ အသင်းဆိုလို့ တန်းဆင်းဇုန် ၃ သင်းပဲ ကျန်ရှိတော့ကြောင်း သိရ။

– အသင်းသားတွေအနေနဲ့ မြောက်လန်ဒန်ဒါဘီရှုံးပွဲမှာ သူညွှန်ကြားသမျှကို အကုန်လုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ နည်းပြ မီခယ်လ် အာတီတာက ပြောကြားသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ ဖြတ်တင်ဘော ၄၄ ကြိမ်နဲ့ တစ်ဂိုးမှ မရခဲ့တာကို စိတ်ပျက်နေကြ။

– ကွင်းလယ်လူ ဂရာနစ် ချာကာဟာ အော့စ်ဘတ်လို အသင်းမျိုးမှာသာ ကစားသင့်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တစ်ဦးက တွစ်တာမှာ လှောင်ပြောင်သွားခဲ့တာကို ဘွန်ဒက်စ်လီဂါကလပ်အသင်းဘက်က သူတို့ကို လေးစားသင့်တယ်လို့ လှောင်ပြောင်မှုကို ပိုမိုပြင်းထန်စေဖို့ မီးထိုးပေးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စပါးစ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဘယ္လာရင္ကို လက္ပစ္ေဘာ မွန္ေအာင္ေျမႇာက္ဖို႔ ပရိသတ္ေတြက ေလွာင္ေျပာင္ခဲ့ၾကၿပီး ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုလုံးမွာမွ Foul Throw ၁၆ ႀကိမ္ျဖစ္ခဲ့ရာမွာ ၅ ႀကိမ္ျဖစ္ထားခဲ့တဲ့ စပိန္သားရဲ႕ မွတ္တမ္းက ရယ္စရာျဖစ္ေနခဲ့သလို ပထမေပးဂိုးမွာလည္း ကာကြယ္ႏိုင္ျခင္းမရွိဘဲ ေခ်ာ္လဲေနခဲ့။

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ဒဏ္ရာအကင္းမေသဘဲ သုံးခဲ့တာဟာ ေျမာက္လန္ဒန္ဒါဘီမွာ သူ႔ရဲ႕ ရာထူးထိခိုက္မွာစိုးတဲ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အေၾကာက္တရားသာျဖစ္ၿပီး ဘယ္သူ႔အတြက္မွ ေကာင္းက်ိဳးမရွိခဲ့ေၾကာင္း အဂၤလန္ကြင္းလယ္လူေဟာင္း ထရီဗာ ဆင္ကလဲယား ေဝဖန္။

– အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းမွာ အမွားအယြင္းမရွိ ေျခစြမ္းျပေနၿပီး တိုက္စစ္အထိ လိုက္ပါကူညီေပးခဲ့တဲ့ ခံစစ္မႉးသစ္ ဂါဘရီယယ္လ္ရဲ႕ ႀကိဳးစားမႈကို က်န္တဲ့ အသင္းသားေတြအေနနဲ႔ အားနာဖို႔ ေကာင္းတယ္လို႔ ပရိသတ္ေတြ ေဝဖန္ေနၾက။

– တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ ေအးဂ်င္တစ္ဦးျဖစ္သူ ကြာကူ မန္ဆားက သူ႔ရဲ႕ ကစားသမားျဖစ္သူ ဂိုးေပါက္ေပ်ာက္ဆုံး ေနတာနဲ႔ ပတ္သက္ၿပီး နည္းျပ အာတီတာကို တူးဆြလိုက္သလို အခြင့္အေရးဖန္တီးမႈေတြက ဘယ္မွာလဲလို႔ ဒီရာသီမွတ္တမ္းမွာ အာဆင္နယ္အသင္းရဲ႕ ဆိုး႐ြားေနမႈေတြနဲ႔အတူ ေမးခြန္းထုတ္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုင္းက ဂိုးေပါက္ေပ်ာက္ဆုံးေနမႈက ေတာ္ေတာ္ေလး စိတ္ပ်က္စရာမွတ္တမ္းလည္းျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ ဒီရာသီ ၁၁ ပြဲမွာ ရခဲ့တဲ့ ၁၀ ဂိုးက ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဆြန္ေဟာင္မင္တစ္ဦးတည္းသြင္းဂိုးနဲ႔ တူညီေနခဲ့သလို သူတို႔ထက္ ဂိုးသြင္းနည္းတဲ့ အသင္းဆိုလို႔ တန္းဆင္းဇုန္ ၃ သင္းပဲ က်န္ရွိေတာ့ေၾကာင္း သိရ။

– အသင္းသားေတြအေနနဲ႔ ေျမာက္လန္ဒန္ဒါဘီရႈံးပြဲမွာ သူၫႊန္ၾကားသမွ်ကို အကုန္လုံး လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက ေျပာၾကားသြားခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္း၊ ျဖတ္တင္ေဘာ ၄၄ ႀကိမ္နဲ႔ တစ္ဂိုးမွ မရခဲ့တာကို စိတ္ပ်က္ေနၾက။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာဟာ ေအာ့စ္ဘတ္လို အသင္းမ်ိဳးမွာသာ ကစားသင့္တယ္လို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းပရိသတ္တစ္ဦးက တြစ္တာမွာ ေလွာင္ေျပာင္သြားခဲ့တာကို ဘြန္ဒက္စ္လီဂါကလပ္အသင္းဘက္က သူတို႔ကို ေလးစားသင့္တယ္လို႔ ေလွာင္ေျပာင္မႈကို ပိုမိုျပင္းထန္ေစဖို႔ မီးထိုးေပးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.