Premier League Transfer News

6 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ပြီးခဲ့တဲ့ ပွဲတွေမှာ နှစ်ပွဲဆက်တိုက် ပါဝင်လာခဲ့ပြီး သူပါဝင်လာတဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ Clean Sheet တွေ ရယူနိုင်ခဲ့ပေမယ့် ဖူလ်ဟမ်နဲ့ပွဲက ဘောလုံး ၇ ကြိမ်လုတာ ၇ ကြိမ်လုံး မရခဲ့တဲ့ ဘင်ဂျမင် မန်ဒီရဲ့ စွမ်းဆောင်ရည်ကတော့ နေရာပြန်ပေးခဲ့တဲ့ ဂွါဒီယိုလာ မျက်နှာပျက်စရာဖြစ်လာ။

– ဖူလ်ဟမ်နဲ့ပွဲမှာ ဘောလုံး ၁၁၇ ကြိမ်ထိပြီး ပေးပို့မှု ၁၀၉ ကြိမ်မှာ ၁၀၆ ကြိမ် အောင်မြင်ခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ရဲ့ ပေးပို့မှု ၉၇ ရာခိုင်နှုန်း တိကျခဲ့တာက အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားကိုတောင် မေ့လို့ရပြီလို့ ပရိသတ်တွေ ချီးကျူးနေကြ။

– ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းတည်း ၄၅ မိနစ်ကစားပြီး အသင်းဖော်တွေအတွက် အခွင့်အရေး ၈ ကြိမ် ဖန်တီးပေးသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်က စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားရဲ့ ဝုလ်ဗ်စ်နဲ့ပွဲက ၆ ကြိမ် ဖန်တီးမှုကို ကျော်ဖြတ်သွားနိုင်ခဲ့။

– ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အမြဲတမ်း လေးစားအားကျခဲ့ရပြီး သူ့အတွက် ဆုတွေအားလုံး ပေးအပ်နိုင်တဲ့အထိ စိတ်ထဲမှာ အညှာကိုင်ခံထားရတဲ့အထိ ဖြစ်နေပေမယ့် ဒီလောက် တန်ဖိုးထားခဲ့ရတဲ့ ကစားသမားကို သူ့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးမှာ ကစားတာကိုတော့ မမြင်ချင်ဘူးလို့ မန်ယူကွင်းလယ်လူ ဟွမ်မာတာ အကြောက်အကန်ပြောကြားသွား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဘန်လေနဲ့ ဖူလ်ဟမ်အသင်းတွေကို ပေးဂိုးမရှိဘဲ သွင်းဂိုး ၇ ဂိုးနဲ့ နှစ်ပွဲဆက်တိုက် အနိုင်ယူခဲ့အပြီးမှာ အသင်းသားတွေအနေနဲ့ အကောင်းဆုံး အရှိန်အဟုန်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်ထိမ်းသိမ်းဖို့ မန်ချက်စတာဒါဘီပွဲ မတိုင်ခင်မှာ နောက်ခံလူ ဂျွန်စတုန်းစ်က အားပေးစကားဆို။

– မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အဓိက ကစားသမားတွေကို အနားပေးသွားဖွယ်ရှိနေပြီး အုပ်စုနောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်အတွက် RB လိုက်ပ်ဇစ်နဲ့ပွဲမှာ ရုန်းကန်ရလို့ ပင်ပန်းနေမယ့် မန်ချက်စတာယူနိုက်တက်ထက် ဒါဘီပွဲစဉ်မှာ ဂွါဒီယိုလာနဲ့ စီးတီးတို့အနေနဲ့ လန်းဆန်းအားပြည့်တဲ့ အသင်းကို ပွဲထုတ်နိုင်ဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အလာဘာ၊ မာတီနက်ဇ်၊ ဇာကာရီးယားစတဲ့ ကစားသမားတွေနဲ့ အသံထွက်နေပေမယ့် ဘာမှ ရေရေရာရာ အကောင်အထည်မဖော်နိုင်သေးဘဲ ဘရာဇီးလ်လူငယ်ကွင်းလယ်လူ ဒီယေဂို ရိုဆာတစ်ဦးတည်းကိုသာ ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းရှိနေကြောင်း ပရိသတ် Podcast တစ်ခု ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ၿပီးခဲ့တဲ့ ပြဲေတြမွာ ႏွစ္ပြဲဆက္တိုက္ ပါဝင္လာခဲ့ၿပီး သူပါဝင္လာတဲ့ ပရီးမီးယားလိဂ္ႏွစ္ပြဲမွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ Clean Sheet ေတြ ရယူႏိုင္ခဲ့ေပမယ့္ ဖူလ္ဟမ္နဲ႔ပြဲက ေဘာလုံး ၇ ႀကိမ္လုတာ ၇ ႀကိမ္လုံး မရခဲ့တဲ့ ဘင္ဂ်မင္ မန္ဒီရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ေနရာျပန္ေပးခဲ့တဲ့ ဂြါဒီယိုလာ မ်က္ႏွာပ်က္စရာျဖစ္လာ။

– ဖူလ္ဟမ္နဲ႔ပြဲမွာ ေဘာလုံး ၁၁၇ ႀကိမ္ထိၿပီး ေပးပို႔မႈ ၁၀၉ ႀကိမ္မွာ ၁၀၆ ႀကိမ္ ေအာင္ျမင္ခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္ရဲ႕ ေပးပို႔မႈ ၉၇ ရာခိုင္ႏႈန္း တိက်ခဲ့တာက အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားကိုေတာင္ ေမ့လို႔ရၿပီလို႔ ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒုတိယပိုင္းတစ္ပိုင္းတည္း ၄၅ မိနစ္ကစားၿပီး အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ၈ ႀကိမ္ ဖန္တီးေပးသြားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္က စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းနားရဲ႕ ဝုလ္ဗ္စ္နဲ႔ပြဲက ၆ ႀကိမ္ ဖန္တီးမႈကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့။

– ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို အၿမဲတမ္း ေလးစားအားက်ခဲ့ရၿပီး သူ႔အတြက္ ဆုေတြအားလုံး ေပးအပ္ႏိုင္တဲ့အထိ စိတ္ထဲမွာ အညႇာကိုင္ခံထားရတဲ့အထိ ျဖစ္ေနေပမယ့္ ဒီေလာက္ တန္ဖိုးထားခဲ့ရတဲ့ ကစားသမားကို သူ႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးမွာ ကစားတာကိုေတာ့ မျမင္ခ်င္ဘူးလို႔ မန္ယူကြင္းလယ္လူ ဟြမ္မာတာ အေၾကာက္အကန္ေျပာၾကားသြား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဘန္ေလနဲ႔ ဖူလ္ဟမ္အသင္းေတြကို ေပးဂိုးမရွိဘဲ သြင္းဂိုး ၇ ဂိုးနဲ႔ ႏွစ္ပြဲဆက္တိုက္ အႏိုင္ယူခဲ့အၿပီးမွာ အသင္းသားေတြအေနနဲ႔ အေကာင္းဆုံး အရွိန္အဟုန္တစ္ခုကို တည္ေဆာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆက္လက္ထိမ္းသိမ္းဖို႔ မန္ခ်က္စတာဒါဘီပြဲ မတိုင္ခင္မွာ ေနာက္ခံလူ ဂြၽန္စတုန္းစ္က အားေပးစကားဆို။

– မာေဆးလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အဓိက ကစားသမားေတြကို အနားေပးသြားဖြယ္ရွိေနၿပီး အုပ္စုေနာက္ဆုံးအဆုံးအျဖတ္ပြဲစဥ္အတြက္ RB လိုက္ပ္ဇစ္နဲ႔ပြဲမွာ ႐ုန္းကန္ရလို႔ ပင္ပန္းေနမယ့္ မန္ခ်က္စတာယူႏိုက္တက္ထက္ ဒါဘီပြဲစဥ္မွာ ဂြါဒီယိုလာနဲ႔ စီးတီးတို႔အေနနဲ႔ လန္းဆန္းအားျပည့္တဲ့ အသင္းကို ပြဲထုတ္ႏိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အလာဘာ၊ မာတီနက္ဇ္၊ ဇာကာရီးယားစတဲ့ ကစားသမားေတြနဲ႔ အသံထြက္ေနေပမယ့္ ဘာမွ ေရေရရာရာ အေကာင္အထည္မေဖာ္ႏိုင္ေသးဘဲ ဘရာဇီးလ္လူငယ္ကြင္းလယ္လူ ဒီေယဂို ႐ိုဆာတစ္ဦးတည္းကိုသာ ေခၚယူႏိုင္ဖို႔ အခြင့္အလမ္းရွိေနေၾကာင္း ပရိသတ္ Podcast တစ္ခု ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.