Premier League Transfer News

6 Dec ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်ရဲ့ ခြေစွမ်းက ကောင်းတစ်ချက် မကောင်းတစ်ချက်ဖြစ်နေပေမယ့် သူ့ရဲ့ ရာသီအစမှာ အထနှေးတတ်ပြီး နောက်ပိုင်းကို ခြေစွမ်းပြ ဂိုးတွေ သွင်းယူတတ်တဲ့ လေဗာကူဆင်က ပုံစံကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ဖြေသာစရာဖြစ်နေ။

– ချဲလ်ဆီးအသင်းရဲ့ လိဒ်စ်ယူနိုက်တက်အပေါ်နိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အိုလီဗီးယေး ဂျီရူးဟာ အသင်းအတွက် ဘယ်လိုမှ ပွဲထွက်စာရင်းကနေ ချန်လှပ်ထားလို့မရတဲ့ ပုံစံကောင်းမျိုးဖြစ်နေတယ်တယ်လို့ နည်းပြ ဖရန့် လမ်းပတ်က နေရာအတွက် အာမခံချက်သဘော ပြောကြားသွား။

– အသင်းအတွက် လိုအပ်နေတဲ့ ဗဟိုနောက်ခံလူတစ်နေရာအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ကက်ဂလီယာရီအသင်းက ပိုလန်လူငယ် နောက်ခံလူ ဆီဘက်စတီယန် ဗာလူကစ်ချ်ကို လီဗာပူးလ်နဲ့အပြိုင် ခေါ်ယူရနိုင်ပြီး ဈေးကွက်ပေါက်ဈေး ယူရို ၇ သန်းလို့ Transfermarkt ဖော်ပြ။

– ရာသီအစမှာ မတည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့ ချဲလ်ဆီးအသင်းဟာ ဒီလောက်အထိ တိုးတက်လာပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာ မယုံကြည်လောက်အောင်ဖြစ်မိတယ်လို့ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာ မှတ်ချက်ပေး။

– ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလို ကွန်တေဟာ အဖိုးမဖြတ်နိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး ကွင်းလယ်မှာ ဘယ်လိုတာဝန်ပေးပေး လုပ်ဆောင်နိုင်သလို တိုက်စစ်ရော ခံစစ်မှာပါ အကောင်းဆုံး စွမ်းဆောင်နိုင်သူကို ပိုင်ထိုင်ထားတာလို့ နည်းပြ ဖရန့် လမ်းပတ် ဝင့်ကြွား။

– ကွင်းလယ်လူ မေဆန်မောင့်ရဲ့ နည်းစနစ်ပိုင်း တန်ဖိုးမြင့်မားတဲ့ အရေးပါမှုနဲ့ ဖန်တီးမှု၊ ဂိုးတွေကို ရှာဖွေမျှဝေပေးနိုင်မှုက အသင်းရဲ့ Come Back နိုင်ပွဲအတွက် အဓိကကျခဲ့တယ်လို့ ချဲလ်ဆီးတရားဝင်ဝက်ဘ်ဆိုက်ကနေ ရေးသားထုတ်ပြန်သွားခဲ့။

– လူငယ်ကစားသမားဟောင်း ဘမ်ဖို့ဒ်ရဲ့ ဂိုးကို ခွင့်ပြုခဲ့ရတာအတွက် နောက်ခံလူ ကတ်ဇူးမားမှာရော ဂိုးသမား အေဒူယာ မန်ဒီမှာပါ ဒီလိုအဖြစ်မျိုးကို ရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့ ထောက်ပြလိုက်ပြီး နှစ်ဦးစလုံးအနေနဲ့ ဆက်သွယ်ပြောဆိုခဲ့ခြင်းမရှိခဲ့တဲ့ အမှားကို ကျူးလွန်ခဲ့တယ်လို့ လမ်းပတ်သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကြင္းလယ္လူ ခိုင္ဟာဗတ္ဇ္ရဲ႕ ေျခစြမ္းက ေကာင္းတစ္ခ်က္ မေကာင္းတစ္ခ်က္ျဖစ္ေနေပမယ့္ သူ႔ရဲ႕ ရာသီအစမွာ အထေႏွးတတ္ၿပီး ေနာက္ပိုင္းကို ေျခစြမ္းျပ ဂိုးေတြ သြင္းယူတတ္တဲ့ ေလဗာကူဆင္က ပုံစံကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ေျဖသာစရာျဖစ္ေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ လိဒ္စ္ယူႏိုက္တက္အေပၚႏိုင္ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး အဖိုးတန္ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ အိုလီဗီးေယး ဂ်ီ႐ူးဟာ အသင္းအတြက္ ဘယ္လိုမွ ပြဲထြက္စာရင္းကေန ခ်န္လွပ္ထားလို႔မရတဲ့ ပုံစံေကာင္းမ်ိဳးျဖစ္ေနတယ္တယ္လို႔ နည္းျပ ဖရန႔္ လမ္းပတ္က ေနရာအတြက္ အာမခံခ်က္သေဘာ ေျပာၾကားသြား။

– အသင္းအတြက္ လိုအပ္ေနတဲ့ ဗဟိုေနာက္ခံလူတစ္ေနရာအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကက္ဂလီယာရီအသင္းက ပိုလန္လူငယ္ ေနာက္ခံလူ ဆီဘက္စတီယန္ ဗာလူကစ္ခ်္ကို လီဗာပူးလ္နဲ႔အၿပိဳင္ ေခၚယူရႏိုင္ၿပီး ေဈးကြက္ေပါက္ေဈး ယူ႐ို ၇ သန္းလို႔ Transfermarkt ေဖာ္ျပ။

– ရာသီအစမွာ မတည္ၿငိမ္တဲ့ ေျခစြမ္းေတြနဲ႔ ခ်ဲလ္ဆီးအသင္းဟာ ဒီေလာက္အထိ တိုးတက္လာၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့တာ မယုံၾကည္ေလာက္ေအာင္ျဖစ္မိတယ္လို႔ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာ မွတ္ခ်က္ေပး။

– ခ်ဲလ္ဆီးကြင္းလယ္လူ အန္ဂိုလို ကြန္ေတဟာ အဖိုးမျဖတ္ႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ကြင္းလယ္မွာ ဘယ္လိုတာဝန္ေပးေပး လုပ္ေဆာင္ႏိုင္သလို တိုက္စစ္ေရာ ခံစစ္မွာပါ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္သူကို ပိုင္ထိုင္ထားတာလို႔ နည္းျပ ဖရန႔္ လမ္းပတ္ ဝင့္ႂကြား။

– ကြင္းလယ္လူ ေမဆန္ေမာင့္ရဲ႕ နည္းစနစ္ပိုင္း တန္ဖိုးျမင့္မားတဲ့ အေရးပါမႈနဲ႔ ဖန္တီးမႈ၊ ဂိုးေတြကို ရွာေဖြမွ်ေဝေပးႏိုင္မႈက အသင္းရဲ႕ Come Back ႏိုင္ပြဲအတြက္ အဓိကက်ခဲ့တယ္လို႔ ခ်ဲလ္ဆီးတရားဝင္ဝက္ဘ္ဆိုက္ကေန ေရးသားထုတ္ျပန္သြားခဲ့။

– လူငယ္ကစားသမားေဟာင္း ဘမ္ဖို႔ဒ္ရဲ႕ ဂိုးကို ခြင့္ျပဳခဲ့ရတာအတြက္ ေနာက္ခံလူ ကတ္ဇူးမားမွာေရာ ဂိုးသမား ေအဒူယာ မန္ဒီမွာပါ ဒီလိုအျဖစ္မ်ိဳးကို ေရွာင္လႊဲႏိုင္ခဲ့သင့္တယ္လို႔ ေထာက္ျပလိုက္ၿပီး ႏွစ္ဦးစလုံးအေနနဲ႔ ဆက္သြယ္ေျပာဆိုခဲ့ျခင္းမရွိခဲ့တဲ့ အမွားကို က်ဴးလြန္ခဲ့တယ္လို႔ လမ္းပတ္သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.