Premier League Transfer News

6 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ဝုလ်ဗ်စ်နဲ့ ပွဲမတိုင်ခင်မှာ လီဗာပူးလ်အသင်းအတွက် အားတက်စရာအဖြစ် ဒဏ်ရာရ ကစားသမား ၉ ယောက်ထဲက ၂ ယောက် ပြန်လာနိုင်တော့မယ်လို့ သိရပြီး ကွင်းလယ်လူ နာဘီ ကီးတားအပြင် ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ပါ ဒဏ်ရာက သက်သာကောင်းမွန်နေပြီလို့ သိရ။

လီဗာပူးလ်အသင်းရဲ့ ခံစစ်မှူးသစ် အစားထိုးရှာဖွေမှုကို ပြုလုပ်နေရာမှာ RB လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုဟာ မာဆေးဆိုက်ဒ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်နေပြီး ယူရိုသန်း ၆၀ နဲ့ ခေါ်ယူနိုင်တယ်လို့ Bild က ဖော်ပြခဲ့ပြီး ကျန်တဲ့ သတင်းရင်းမြစ်တွေကတော့ သူ့ရဲ့အသင်းဖော် ပြင်သစ်သား အီဘရာဟီမာ ကိုနာတေကိုပါ ရရင် အတွဲလိုက်ခေါ်မယ်လို့ ဆိုနေကြ။

ပွဲပန်းနေပြီး နေရာစုံမှာ လိုက်လံကစားနေရတဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဖာဘင်ညို၊ မီလ်နာနဲ့ ဟန်ဒါဆန်တို့ရဲ့ နေရာကို သူတို့တွေနေရာမှာ အကောင်းဆုံးဖြည့်ဆည်းနိုင်မယ့် ဖြေရှင်းမှုအဖြစ် နာဘီ ကီးတားက လုပ်ဆောင်ပေးနိုင်မယ်လို့ ခန့်မှန်းနေကြ။

လက်ကို ဆီသုတ်ထားပြီး မယုံနိုင်လောက်စရာ အမြန်နှုန်းကို ပြသနေသလို တားဆီးလို့မရတဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးဟာ လီဗာပူးလ်နောက်ခံလူတွေကို ကြောက်ဒူးတုန်အောင် လုပ်မယ့်သူဖြစ်ကြောင်းနဲ့ သူ့ကို အန်းဖီးလ်မှာ တတ်စွမ်းသမျှ ထိန်းချုပ်ရမှာဖြစ်ကြောင်း လီဗာပူးလ်တိုက်စစ်မှူးဟောင်း အီးမီးလ် ဟက်စကီး ပြောကြား။

ချဲလ်ဆီးနဲ့ လိဒ်စ်ယူနိုက်တက်တို့ပွဲစဉ်မှာ ချဲလ်ဆီးနောက်ခံလူ ဘန် ချေးလ်ဝဲလ်အနေနဲ့ လီဗာပူးလ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ရဲ့ ဘရိုက်တန်နဲ့ပွဲက ဖျက်ထုတ်မှုမျိုးနဲ့ တူညီတဲ့ ပုံစံကို ကျူးလွန်ခဲ့ပေမယ့် VAR နဲ့ အရေးယူအပြစ်ပေးခြင်း မခံရဘူးလို့ ပရိသတ်တွေကြား အပြောများနေ။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ ဒီရာသီမှာ လူစားငါးယောက်လဲကစားပြီး ကစားသမားတွေကို အနားပေးခွင့်အတွက် အက်ဖ်အေဖလားမှာ ခွင့်ပြုသွားတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ တတိယအဆင့်ကနေ စတင်အသုံးပြုဖို့ရှိနေ။

အသင်းရဲ့ တိုက်စစ်မှာ နှစ်နှစ်တာ ရှိနေခဲ့ပေမယ့် ဘာမှ လောက်လောက်လားလား အခန်းကဏ္ဍမရှိဘဲ ခြေစွမ်းမပြနိုင်တဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီကို ဆက်လက်ထိန်းသိမ်းထားတဲ့ နည်းပြ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်အတွက် ပရိသတ်တွေ စိတ်ပျက်နေကြပြီး ရောင်းချဖို့ တောင်းဆိုနေကြ။

အသင်းရဲ့ ဦးစားပေးရှေ့တန်းလူသုံးဦးဖြစ်တဲ့ ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ သုံးဦးစလုံးဟာ အသင်းကို ဒီရာသီမှာ ရောက်ရှိလာပြီး ဆက်တိုက်ခြေစွမ်းပြနေခဲ့တဲ့ ပေါ်တူဂီတောင်ပံကစားသမား ဒီယိုဂို ဂျိုတာအတွက် ပျော်ရွှင်နေကြပြီး ပွဲထွက်ခွင့်အတွက် သူတို့ကြားမှာ နားလည်မှုအပြည့်ရှိတယ်လို့ ကလော့ပ်ရှင်းလင်းသွား။

လီဗာပူးလ်အသင်းအနေနဲ့ အိုင်းယက်စ်အသင်းရဲ့ နောက်ခံလူ ပါးရှူးစ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေသလို ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းမှာ ကစားနေပြီး ကလော့ပ်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ လက်တွဲခဲ့ဖူးတဲ့ ဖာဘီယို ဆေးလ်ဗားနဲ့ ရူဘင် နီဗက်စ်တို့ကိုလည်း စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝုလ္ဗ္စ္နဲ႔ ပြဲမတိုင္ခင္မွာ လီဗာပူးလ္အသင္းအတြက္ အားတက္စရာအျဖစ္ ဒဏ္ရာရ ကစားသမား ၉ ေယာက္ထဲက ၂ ေယာက္ ျပန္လာႏိုင္ေတာ့မယ္လို႔ သိရၿပီး ကြင္းလယ္လူ နာဘီ ကီးတားအျပင္ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ပါ ဒဏ္ရာက သက္သာေကာင္းမြန္ေနၿပီလို႔ သိရ။

လီဗာပူးလ္အသင္းရဲ႕ ခံစစ္မႉးသစ္ အစားထိုးရွာေဖြမႈကို ျပဳလုပ္ေနရာမွာ RB လိုက္ပ္ဇစ္အသင္းရဲ႕ ေနာက္ခံလူ ဒါယို အူပါမီကာႏိုဟာ မာေဆးဆိုက္ဒ္အသင္းရဲ႕ ထိပ္တန္းပစ္မွတ္တစ္ခုျဖစ္ေနၿပီး ယူ႐ိုသန္း ၆၀ နဲ႔ ေခၚယူႏိုင္တယ္လို႔ Bild က ေဖာ္ျပခဲ့ၿပီး က်န္တဲ့ သတင္းရင္းျမစ္ေတြကေတာ့ သူ႔ရဲ႕အသင္းေဖာ္ ျပင္သစ္သား အီဘရာဟီမာ ကိုနာေတကိုပါ ရရင္ အတြဲလိုက္ေခၚမယ္လို႔ ဆိုေနၾက။

ပြဲပန္းေနၿပီး ေနရာစုံမွာ လိုက္လံကစားေနရတဲ့ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဖာဘင္ညိဳ၊ မီလ္နာနဲ႔ ဟန္ဒါဆန္တို႔ရဲ႕ ေနရာကို သူတို႔ေတြေနရာမွာ အေကာင္းဆုံးျဖည့္ဆည္းႏိုင္မယ့္ ေျဖရွင္းမႈအျဖစ္ နာဘီ ကီးတားက လုပ္ေဆာင္ေပးႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

လက္ကို ဆီသုတ္ထားၿပီး မယုံႏိုင္ေလာက္စရာ အျမန္ႏႈန္းကို ျပသေနသလို တားဆီးလို႔မရတဲ့ ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးဟာ လီဗာပူးလ္ေနာက္ခံလူေတြကို ေၾကာက္ဒူးတုန္ေအာင္ လုပ္မယ့္သူျဖစ္ေၾကာင္းနဲ႔ သူ႔ကို အန္းဖီးလ္မွာ တတ္စြမ္းသမွ် ထိန္းခ်ဳပ္ရမွာျဖစ္ေၾကာင္း လီဗာပူးလ္တိုက္စစ္မႉးေဟာင္း အီးမီးလ္ ဟက္စကီး ေျပာၾကား။

ခ်ဲလ္ဆီးနဲ႔ လိဒ္စ္ယူႏိုက္တက္တို႔ပြဲစဥ္မွာ ခ်ဲလ္ဆီးေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္အေနနဲ႔ လီဗာပူးလ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ရဲ႕ ဘ႐ိုက္တန္နဲ႔ပြဲက ဖ်က္ထုတ္မႈမ်ိဳးနဲ႔ တူညီတဲ့ ပုံစံကို က်ဴးလြန္ခဲ့ေပမယ့္ VAR နဲ႔ အေရးယူအျပစ္ေပးျခင္း မခံရဘူးလို႔ ပရိသတ္ေတြၾကား အေျပာမ်ားေန။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အျဖစ္ခ်င္ဆုံး ဆႏၵတစ္ခုျဖစ္တဲ့ ဒီရာသီမွာ လူစားငါးေယာက္လဲကစားၿပီး ကစားသမားေတြကို အနားေပးခြင့္အတြက္ အက္ဖ္ေအဖလားမွာ ခြင့္ျပဳသြားေတာ့မွာျဖစ္ၿပီး ဒီၿပိဳင္ပြဲရဲ႕ တတိယအဆင့္ကေန စတင္အသုံးျပဳဖို႔ရွိေန။

အသင္းရဲ႕ တိုက္စစ္မွာ ႏွစ္ႏွစ္တာ ရွိေနခဲ့ေပမယ့္ ဘာမွ ေလာက္ေလာက္လားလား အခန္းက႑မရွိဘဲ ေျခစြမ္းမျပႏိုင္တဲ့ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကို ဆက္လက္ထိန္းသိမ္းထားတဲ့ နည္းျပ ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး ေရာင္းခ်ဖို႔ ေတာင္းဆိုေနၾက။

အသင္းရဲ႕ ဦးစားေပးေရွ႕တန္းလူသုံးဦးျဖစ္တဲ့ ဆာလား၊ မာေနးနဲ႔ ဖာမီႏိုတို႔ သုံးဦးစလုံးဟာ အသင္းကို ဒီရာသီမွာ ေရာက္ရွိလာၿပီး ဆက္တိုက္ေျခစြမ္းျပေနခဲ့တဲ့ ေပၚတူဂီေတာင္ပံကစားသမား ဒီယိုဂို ဂ်ိဳတာအတြက္ ေပ်ာ္႐ႊင္ေနၾကၿပီး ပြဲထြက္ခြင့္အတြက္ သူတို႔ၾကားမွာ နားလည္မႈအျပည့္ရွိတယ္လို႔ ကေလာ့ပ္ရွင္းလင္းသြား။

လီဗာပူးလ္အသင္းအေနနဲ႔ အိုင္းယက္စ္အသင္းရဲ႕ ေနာက္ခံလူ ပါးရႉးစ္ကို ေခၚယူဖို႔ ထိပ္ဆုံးက ဦးေဆာင္ေနသလို ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းမွာ ကစားေနၿပီး ကေလာ့ပ္ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ လက္တြဲခဲ့ဖူးတဲ့ ဖာဘီယို ေဆးလ္ဗားနဲ႔ ႐ူဘင္ နီဗက္စ္တို႔ကိုလည္း ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.