Premier League

ချယ်လ်ဆီး ၃-၁ လိဒ်စ်ပွဲအပြီး ထူးခြားပြောစရာ ၇ ချက်

ဇယားထိပ်ဆုံးက ဦးဆောင်သွားတဲ့ ချယ်လ်ဆီး – ချယ်လ်ဆီးကို ကြည့်ရတာ ရင်ခုန်စရာကြီးပါ။ ဒီပရီးမီးယားလိဂ်ကို ငါတို့အပိုင်သိမ်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ စိတ်လှုပ်ရှားစရာ ကစားသွားတာကို မြင်ခဲ့ရပြီး ဘယ်အသင်းကိုမဆို ဂိုးသွင်းနိုင်ပြီး ဘယ်အသင်းထက်မဆို ဂိုးပိုသွင်းမယ့် တိုက်စစ်ပေါက်ကွဲမှုတွေနဲ့ တောက်လောင်နေခဲ့ပါတယ်။ ဂျီရူးနဲ့ ပူလီရှစ်ချ်တို့ရဲ့ သွင်းဂိုးတွေက အသင်းမှာ ပွဲထွက်ကစားတဲ့ ဘယ်သူမဆို ဂိုးသွင်းခြေ မြင့်မားနေတယ်ဆိုတာကို သက်သေပြခဲ့တာဖြစ်ပြီး ပြိုင်ဘက်တိုင်းအတွက် ဖိန့်ဖိန့်တုန်စရာ သတိပေးမှုတွေကို ကြေငြာသွားခဲ့တာပါ။ ဒီနေ့ပွဲမှာ ခြေစွာနေတဲ့ လိဒ်စ်တို့ အသက်မဲ့သွားပြီး ဘီယယ်လ်ဆာလည်း ငြိမ်ဝပ်သွားခဲ့ပါတယ်။

ထပ်လုပ်ပြလိုက်ပြန်တဲ့ ဂျီရူး – အသက် ၃၄ နှစ်သားက အရွယ်နဲ့မလိုက်တဲ့ ဖျတ်လတ်မှု၊ လန်းဆန်းမှုတွေနဲ့ လက်မထောင်နေဆဲဖြစ်ပြီး ဆီဗီလာကို လေးဂိုးသွင်းခဲ့တဲ့ သူရဲကောင်းကို ဒီပွဲမှာ ချန်လှပ်ဖို့ လမ်းပတ် မစွမ်းသာခဲ့ပါဘူး။ လိဒ်စ်ရဲ့ ဦးဆောင်ဂိုးကို ချေပပေးခဲ့တဲ့ ပြင်သစ်နှစ်ချို့ဝိုင်က ဒီပွဲမှာ နောက်က လိုက်ကစားရတဲ့ ချယ်လ်ဆီးကို မျှော်လင့်ချက် ပြန်ပေးခဲ့သူပါ။

ပျောက်ဆုံးနေဆဲ ခိုင်ဟာဗတ်ဇ် – ခိုင်ဟာဗတ်ဇ်က ခြေစွမ်းအမှန်ကို ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး ပေါင် ၆၂ သန်းတန် ကစားသမားရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်ရဖို့ ဘယ်လောက်ထိ စောင့်နေရဦးမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နှေးကွေးလေးလံနေသလို အင်္ဂလိပ်ဘောလုံးလောကနဲ့ အံဝင်ဖို့ ဆက်ပြီး စိတ်ရှည်ပေးရဦးမယ့် အလားအလာကို မြင်ခဲ့ရပြီး ၆၆ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

အဖြုန်းအတီးကြီးတဲ့ တီမို ဗာနာ – လုပ်တတ်ရင် ဟက်ထရစ်အထိ ရနိုင်မယ့် တီမို ဗာနာက ဒီပွဲမှာလည်း အဖြုန်းအတီးကြီးခဲ့ပြန်ပါတယ်။ အခွင့်အရေးတွေကို လက်လွှတ်ခဲ့တယ်။ တဂိုးမှ မသွင်းနိုင်ခဲ့ဘူး။ သူ့ကိုယ်သူပဲ ဒေါသထွက်ရမှာပါ။ အဆုံးသတ်ပိုင်း သေချာခြင်းက ပွဲကိုကောင်းကောင်းသတ်နိုင်တယ်ဆိုတာ ဗာနာတယောက် နားလည်ပြီးသားဖြစ်မယ်လို့ ယူဆရပါတယ်။

အပြာရောင် ခြသေ့တွေကို ခြိမ်းခြောက်ခဲဲ့တဲ့ ဘမ်းဖို့ဒ် – အသင်းဟောင်းကို ပြန်ရင်ဆိုင်ခဲ့ရတဲ့ ဘမ်းဖို့ဒ်က ချယ်လ်ဆီးနဲ့ ငါးနှစ်တာမှာ အသင်းကြီးမှာ တိုးမပေါက်ခဲ့ရတဲ့ အရှက်ရခြင်းကို လိဒ်စ်နဲ့ ပြန်လာပြီး ပေါက်ကွဲပြခဲ့သလို ချယ်လ်ဆီးတို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ လိဒ်စ်အတွက် အဖွင့်ဂိုးကို သွင်းယူပြီး ဦးဆောင်စေခဲ့သလို သူ့အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ ဂိုးပြည့် သွင်းဂိုးဖြစ်လာခဲ့ပါတယ်။ ထိပ်တန်းခြေစွမ်းပြပြီး သံသယတွေကို ချေဖျက်ခဲ့တဲ့ သူ့ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ် သုံးတတ်ဖို့တော့ လိုပါလိမ့်မယ်။

Set-piece​ ညံ့ဖျင်းတဲ့လိဒ်စ် – ဒီရာသီမှာ လိဒ်စ်အသင်းဟာ ပင်နယ်တီပေးဂိုးတွေ မပါဝင်ဘဲ တည်ကန်ဘော Set-piece ကနေတဆင့် ခွင့်ပြုခဲ့ရတဲ့ဂိုးအရေအတွက်က ၅ ဂိုးအထိ ရှိနေခဲ့ပြီး လက်စတာပြီးရင် အများဆုံးအသင်းဖြစ်နေလို့ ဒါက ရေရှည်အတွက် စိုးရိမ်စရာကောင်းပါတယ်။ ဒါကို သိမြင်ထားမယ့် ဘီယယ်လ်ဆာတယောက် ရှေ့လျှောက် ပရီးမီးယားလိဂ် ခရီးကြမ်းမှာ ဘယ်လိုပြင်ဆင်လာမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာပါ။

ဘီယယ်လ်ဆာနဲ့ လမ်းပတ်ရဲ့ တိုက်ပွဲ – ပွဲကြိုမှာ လိဒ်စ်ကို တုန်လှုပ်နေတယ်လို့ ပွဲအပြီးမှာ လမ်းပတ်က ဝန်ခံသွားခဲ့ပါတယ်။ ဘီယယ်လ်ဆာနဲ့ လမ်းပတ်ရဲ့ တိုက်ပွဲမှာ ပွဲကိုသတ်နိုင်ခဲ့တဲ့ လမ်းပတ်အတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး ဘီယယ်လ်ဆာကတော့ ဒီတိုက်ပွဲရဲ့ အရှူံးကနေ သင်ယူပြီး ပြန်လာခဲ့မယ်လို့ ကြုံးဝါးသွားပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇယားထိပ္ဆုံးက ဦးေဆာင္သြားတဲ့ ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးကို ၾကည့္ရတာ ရင္ခုန္စရာႀကီးပါ။ ဒီပရီးမီးယားလိဂ္ကို ငါတို႔အပိုင္သိမ္းမယ္ဆိုတဲ့ စိတ္ပိုင္းျဖတ္မႈနဲ႕ စိတ္လႈပ္ရွားစရာ ကစားသြားတာကို ျမင္ခဲ့ရၿပီး ဘယ္အသင္းကိုမဆို ဂိုးသြင္းနိုင္ၿပီး ဘယ္အသင္းထက္မဆို ဂိုးပိုသြင္းမယ့္ တိုက္စစ္ေပါက္ကြဲမႈေတြနဲ႕ ေတာက္ေလာင္ေနခဲ့ပါတယ္။ ဂ်ီ႐ူးနဲ႕ ပူလီရွစ္ခ်္တို႔ရဲ႕ သြင္းဂိုးေတြက အသင္းမွာ ပြဲထြက္ကစားတဲ့ ဘယ္သူမဆို ဂိုးသြင္းေျခ ျမင့္မားေနတယ္ဆိုတာကို သက္ေသျပခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္တိုင္းအတြက္ ဖိန့္ဖိန့္တုန္စရာ သတိေပးမႈေတြကို ေၾကျငာသြားခဲ့တာပါ။ ဒီေန႕ပြဲမွာ ေျခစြာေနတဲ့ လိဒ္စ္တို႔ အသက္မဲ့သြားၿပီး ဘီယယ္လ္ဆာလည္း ၿငိမ္ဝပ္သြားခဲ့ပါတယ္။

ထပ္လုပ္ျပလိုက္ျပန္တဲ့ ဂ်ီ႐ူး – အသက္ ၃၄ ႏွစ္သားက အ႐ြယ္နဲ႕မလိုက္တဲ့ ဖ်တ္လတ္မႈ၊ လန္းဆန္းမႈေတြနဲ႕ လက္မေထာင္ေနဆဲျဖစ္ၿပီး ဆီဗီလာကို ေလးဂိုးသြင္းခဲ့တဲ့ သူရဲေကာင္းကို ဒီပြဲမွာ ခ်န္လွပ္ဖို႔ လမ္းပတ္ မစြမ္းသာခဲ့ပါဘူး။ လိဒ္စ္ရဲ႕ ဦးေဆာင္ဂိုးကို ေခ်ပေပးခဲ့တဲ့ ျပင္သစ္ႏွစ္ခ်ိဳ႕ဝိုင္က ဒီပြဲမွာ ေနာက္က လိုက္ကစားရတဲ့ ခ်ယ္လ္ဆီးကို ေမွ်ာ္လင့္ခ်က္ ျပန္ေပးခဲ့သူပါ။

ေပ်ာက္ဆုံးေနဆဲ ခိုင္ဟာဗတ္ဇ္ – ခိုင္ဟာဗတ္ဇ္က ေျခစြမ္းအမွန္ကို ရဖို႔ ႐ုန္းကန္ေနရဆဲ ျဖစ္ၿပီး ေပါင္ ၆၂ သန္းတန္ ကစားသမားရဲ႕ အေကာင္းဆုံးေျခစြမ္းကို ျမင္ရဖို႔ ဘယ္ေလာက္ထိ ေစာင့္ေနရဦးမလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ႏွေးေကြးေလးလံေနသလို အဂၤလိပ္ေဘာလုံးေလာကနဲ႕ အံဝင္ဖို႔ ဆက္ၿပီး စိတ္ရွည္ေပးရဦးမယ့္ အလားအလာကို ျမင္ခဲ့ရၿပီး ၆၆ မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။

အျဖဳန္းအတီးႀကီးတဲ့ တီမို ဗာနာ – လုပ္တတ္ရင္ ဟက္ထရစ္အထိ ရနိုင္မယ့္ တီမို ဗာနာက ဒီပြဲမွာလည္း အျဖဳန္းအတီးႀကီးခဲ့ျပန္ပါတယ္။ အခြင့္အေရးေတြကို လက္လႊတ္ခဲ့တယ္။ တဂိုးမွ မသြင္းနိုင္ခဲ့ဘူး။ သူ႕ကိုယ္သူပဲ ေဒါသထြက္ရမွာပါ။ အဆုံးသတ္ပိုင္း ေသခ်ာျခင္းက ပြဲကိုေကာင္းေကာင္းသတ္နိုင္တယ္ဆိုတာ ဗာနာတေယာက္ နားလည္ၿပီးသားျဖစ္မယ္လို႔ ယူဆရပါတယ္။

အျပာေရာင္ ျခေသ့ေတြကို ၿခိမ္းေျခာက္ခဲဲ့တဲ့ ဘမ္းဖို႔ဒ္ – အသင္းေဟာင္းကို ျပန္ရင္ဆိုင္ခဲ့ရတဲ့ ဘမ္းဖို႔ဒ္က ခ်ယ္လ္ဆီးနဲ႕ ငါးႏွစ္တာမွာ အသင္းႀကီးမွာ တိုးမေပါက္ခဲ့ရတဲ့ အရွက္ရျခင္းကို လိဒ္စ္နဲ႕ ျပန္လာၿပီး ေပါက္ကြဲျပခဲ့သလို ခ်ယ္လ္ဆီးတို႔ ၿခိမ္းေျခာက္ခံခဲ့ရပါတယ္။ လိဒ္စ္အတြက္ အဖြင့္ဂိုးကို သြင္းယူၿပီး ဦးေဆာင္ေစခဲ့သလို သူ႕အတြက္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၈ ဂိုးျပည့္ သြင္းဂိုးျဖစ္လာခဲ့ပါတယ္။ ထိပ္တန္းေျခစြမ္းျပၿပီး သံသယေတြကို ေခ်ဖ်က္ခဲ့တဲ့ သူ႕ကို အဂၤလန္နည္းျပ ေဆာက္ဂိတ္ သုံးတတ္ဖို႔ေတာ့ လိုပါလိမ့္မယ္။

Set-piece​ ညံ့ဖ်င္းတဲ့လိဒ္စ္ – ဒီရာသီမွာ လိဒ္စ္အသင္းဟာ ပင္နယ္တီေပးဂိုးေတြ မပါဝင္ဘဲ တည္ကန္ေဘာ Set-piece ကေနတဆင့္ ခြင့္ျပဳခဲ့ရတဲ့ဂိုးအေရအတြက္က ၅ ဂိုးအထိ ရွိေနခဲ့ၿပီး လက္စတာၿပီးရင္ အမ်ားဆုံးအသင္းျဖစ္ေနလို႔ ဒါက ေရရွည္အတြက္ စိုးရိမ္စရာေကာင္းပါတယ္။ ဒါကို သိျမင္ထားမယ့္ ဘီယယ္လ္ဆာတေယာက္ ေရွ႕ေလွ်ာက္ ပရီးမီးယားလိဂ္ ခရီးၾကမ္းမွာ ဘယ္လိုျပင္ဆင္လာမလဲဆိုတာကိုသာ ေစာင့္ၾကည့္ရေတာ့မွာပါ။

ဘီယယ္လ္ဆာနဲ႕ လမ္းပတ္ရဲ႕ တိုက္ပြဲ – ပြဲႀကိဳမွာ လိဒ္စ္ကို တုန္လႈပ္ေနတယ္လို႔ ပြဲအၿပီးမွာ လမ္းပတ္က ဝန္ခံသြားခဲ့ပါတယ္။ ဘီယယ္လ္ဆာနဲ႕ လမ္းပတ္ရဲ႕ တိုက္ပြဲမွာ ပြဲကိုသတ္နိုင္ခဲ့တဲ့ လမ္းပတ္အတြက္ ေက်နပ္စရာျဖစ္ခဲ့ၿပီး ဘီယယ္လ္ဆာကေတာ့ ဒီတိုက္ပြဲရဲ႕ အရႉံးကေန သင္ယူၿပီး ျပန္လာခဲ့မယ္လို႔ ႀကဳံးဝါးသြားပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.