Premier League

ဝက်စ်ဟမ်း ၁-၃ ယူနိုက်တက်ပွဲအပြီး ထူးခြားပြောစရာ ၇ ချက်

Comeback ဘုရင် ယူနိုက်တက် – အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲက Comeback လုပ်၊ နောက်က လိုက်ကစားပြီး အနိုင်ယူခဲ့တဲ့ ယူနိုက်တက်ဟာ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့နဲ့ နှစ်ပွဲဆက်မှာ ပရီးမီးယားလိဂ်ရဲ့ Comeback ဘုရင်ဖြစ်နေဆဲဆိုတာကို သက်သေစိုက်ထူခဲ့ပြန်ပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ်လွှမ်းမိုးမှု အားကောင်းခဲ့တာနဲ့အမျှ ပေါ့ဘာ၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ ဆိုးလ်ရှားကို ကျေနပ်စေခဲ့ပါတယ်။

အဆုံးသတ်ညံ့ဖျင်းခဲ့တဲ့ ဝက်စ်ဟမ်း – ပထမပိုင်းမှာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ထက် အပုံကြီး ပိုသာလွန်တဲ့ ခြေစွမ်းနဲ့ ထိုးဖောက်ကစားခဲ့တဲ့ ဝက်စ်ဟမ်းတို့ အဆုံးသတ်ပိုင်းမှာ ညံ့ဖျင်းနေခဲ့ပြီး တဂိုးသာရခဲ့ပါတယ်။ ဒါက အထနှေးတဲ့ ယူနိုက်တက်အတွက် အသက်ရှုချောင်စရာဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲကို ပြန်သတ်ဖို့ လမ်းစရသွားခဲ့တာ ဖြစ်ပါတယ်။

မတည်ငြိမ်မှုကပဲ လက်ရှိ ယူနိုက်တက်ရဲ့တည်ငြိမ်မှုလေလား – ယူနိုက်တက်ပရိသတ်တွေအတွက် ရိုလာကိုစတာစီးနေရသလို အတက်အကျများပြားပြီး နာကျင်စရာရော နှစ်ထောင်းအားရစရာ ရလဒ်တွေကို တလှည့်စီ ပေးနေတဲ့ လက်ရှိ ယူနိုက်တက်ရဲ့ တည်ငြိမ်မှုနဲ့ ဟန်ချက်ညီမှုကို ဆိုးလ်ရှား အဖြေရှာရပါဦးမယ်။ ပြိုင်ပွဲဝင် အသင်းတသင်းအနေနဲ့ ပန်းတိုင်မရှိတဲ့ ခြေစွမ်းမျိုးကို တနေ့ရွှေ တနေ့ငွေ ကစားပြနေတာဖြစ်ပြီး ရေရှည် ခြေစွမ်း တည်ငြိမ်မှုကို ပုံဖော်ပေးသွားဖို့ လိုနေတာပါ။

လက်ဖက်ကောင်းစားရတဲ့ ဒင်းန်ဟန်ဒါဆန် – ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့ စိတ်ရှည်လက်ရှည်နဲ့ နှစ်ရှည်လများ စောင့်ဆိုင်းနေခဲ့ရတဲ့ ဂိုးသမား ဒင်းန်ဟန်ဒါဆန်အတွက်ကတော့ စိတ်ရှည်ရကျိုး၊ စောင့်ရကျိုးနပ်ခဲ့ပြီး ဒီပွဲမှာ ပွဲထွက်နေရာကို အပိုင်စားရယူခဲ့ပါတယ်။ Clean Sheet မရခဲ့တာတော့ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဒါက ရေရှည်မှာ ယူနိုက်တက်ခံစစ်ရဲ့ မာကျောမှုနဲ့ ကာကွယ်မှုကိုလည်း လိုအပ်နေပါသေးတယ်။

ပရိသတ်တွေကို ပြန်လည်ကြိုဆိုလိုက်တဲ့ ပရီးမီးယားလိဂ် – ပရီးမီးယားလိဂ်ပွဲတွေကို ကွင်းတွင်းကြည့်ရှုအားပေးခွင့်အနေနဲ့ ၂၇၁ ရက်တိတိ လက်လွှတ်ခဲ့ရတဲ့ ပရိသတ်တွေဟာ ကွင်းတွင်းဝင်ခွင့်ကို ပြန်ရခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ကြိုဆိုမှုကို မြင်ရတာ နွေးနွေးထွေးထွေး ဖြစ်ခဲ့ပါတယ်။

ပေါ့ဘာ ပြန်လာပြီ – ၁၈ ကိုက်စည်းထိပ်ကနေ ဘရူနိုခင်းပေးတဲ့ ဘောလုံးကို ဝက်စ်ဝမ်းဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲ လှလှပပလေး ကန်သွင်းယူသွားတဲ့ ပေါ့ဘာက ယူနိုက်တက်အတွက် တလကျော်ကာလအတွင်း ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းမှာ ပထမဆုံးအကြိမ် ပြန်ပါလာခဲ့​တာပါ။ အခွင့်အရေးရတာနဲ့ ချက်ချင်းအသုံးချခဲ့တဲ့ ပေါ့ဘာတယောက် ပုံမှန်​ခြေစွမ်းနဲ့ ပြန်လာဖို့ ပရိသတ်တွေက မျှော်လင့်ချက်ကြီးကြီး ရှိနေကြပါတယ်။

ယူနိက်တက်အတွက် ဂိုး ၂၀ ပြည့်ခဲ့တဲ့ မေဆန် – အဲလက်စ် တဲလက်စ်ရဲ့ ပေးပို့မှုကို လှလှပပ ထိန်းသိမ်းပြီး ဝက်စ်ဟမ်းဂိုးပေါက်ထဲ ကန်သွင်းယူခဲ့တဲ့ဂိုးက ယူနိုက်တက်အတွက် မေဆန် ဂရင်းဝုဒ်ရဲ့ ဂိုး ၂၀ ပြည့်မြောက်စေတဲ့ ဂိုးဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ယုံကြည်မှုကို ထိုက်တန်စွာနဲ့ ပြန်ပေးဆပ်ခဲ့တယ်လို့ မှတ်ချက်ချရမှာပါ။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Comeback ဘုရင္ ယူနိုက္တက္ – အေဝးကြင္း ေနာက္ဆုံး ၆ ပြဲမွာ ၄ ပြဲက Comeback လုပ္၊ ေနာက္က လိုက္ကစားၿပီး အနိုင္ယူခဲ့တဲ့ ယူနိုက္တက္ဟာ ေဆာက္သမ္တန္၊ ဝက္စ္ဟမ္းတို႔နဲ႕ ႏွစ္ပြဲဆက္မွာ ပရီးမီးယားလိဂ္ရဲ႕ Comeback ဘုရင္ျဖစ္ေနဆဲဆိုတာကို သက္ေသစိုက္ထူခဲ့ျပန္ပါတယ္။ ဒုတိယပိုင္းမွာ တိုက္စစ္လႊမ္းမိုးမႈ အားေကာင္းခဲ့တာနဲ႕အမွ် ေပါ့ဘာ၊ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ ဂိုးေတြနဲ႕ ဆိုးလ္ရွားကို ေက်နပ္ေစခဲ့ပါတယ္။

အဆုံးသတ္ညံ့ဖ်င္းခဲ့တဲ့ ဝက္စ္ဟမ္း – ပထမပိုင္းမွာ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ထက္ အပုံႀကီး ပိုသာလြန္တဲ့ ေျခစြမ္းနဲ႕ ထိုးေဖာက္ကစားခဲ့တဲ့ ဝက္စ္ဟမ္းတို႔ အဆုံးသတ္ပိုင္းမွာ ညံ့ဖ်င္းေနခဲ့ၿပီး တဂိုးသာရခဲ့ပါတယ္။ ဒါက အထႏွေးတဲ့ ယူနိုက္တက္အတြက္ အသက္ရႈေခ်ာင္စရာျဖစ္ခဲ့ၿပီး ဒုတိယပိုင္းမွာ ပြဲကို ျပန္သတ္ဖို႔ လမ္းစရသြားခဲ့တာ ျဖစ္ပါတယ္။

မတည္ၿငိမ္မႈကပဲ လက္ရွိ ယူနိုက္တက္ရဲ႕တည္ၿငိမ္မႈေလလား – ယူနိုက္တက္ပရိသတ္ေတြအတြက္ ရိုလာကိုစတာစီးေနရသလို အတက္အက်မ်ားျပားၿပီး နာက်င္စရာေရာ ႏွစ္ေထာင္းအားရစရာ ရလဒ္ေတြကို တလွည့္စီ ေပးေနတဲ့ လက္ရွိ ယူနိုက္တက္ရဲ႕ တည္ၿငိမ္မႈနဲ႕ ဟန္ခ်က္ညီမႈကို ဆိုးလ္ရွား အေျဖရွာရပါဦးမယ္။ ၿပိဳင္ပြဲဝင္ အသင္းတသင္းအေနနဲ႕ ပန္းတိုင္မရွိတဲ့ ေျခစြမ္းမ်ိဳးကို တေန႕ေ႐ႊ တေန႕ေငြ ကစားျပေနတာျဖစ္ၿပီး ေရရွည္ ေျခစြမ္း တည္ၿငိမ္မႈကို ပုံေဖာ္ေပးသြားဖို႔ လိုေနတာပါ။

လက္ဖက္ေကာင္းစားရတဲ့ ဒင္းန္ဟန္ဒါဆန္ – ယူနိုက္တက္မွာ ပြဲထြက္ခြင့္ရဖို႔ စိတ္ရွည္လက္ရွည္နဲ႕ ႏွစ္ရွည္လမ်ား ေစာင့္ဆိုင္းေနခဲ့ရတဲ့ ဂိုးသမား ဒင္းန္ဟန္ဒါဆန္အတြက္ကေတာ့ စိတ္ရွည္ရက်ိဳး၊ ေစာင့္ရက်ိဳးနပ္ခဲ့ၿပီး ဒီပြဲမွာ ပြဲထြက္ေနရာကို အပိုင္စားရယူခဲ့ပါတယ္။ Clean Sheet မရခဲ့တာေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္ ဒါက ေရရွည္မွာ ယူနိုက္တက္ခံစစ္ရဲ႕ မာေက်ာမႈနဲ႕ ကာကြယ္မႈကိုလည္း လိုအပ္ေနပါေသးတယ္။

ပရိသတ္ေတြကို ျပန္လည္ႀကိဳဆိုလိုက္တဲ့ ပရီးမီးယားလိဂ္ – ပရီးမီးယားလိဂ္ပြဲေတြကို ကြင္းတြင္းၾကည့္ရႈအားေပးခြင့္အေနနဲ႕ ၂၇၁ ရက္တိတိ လက္လႊတ္ခဲ့ရတဲ့ ပရိသတ္ေတြဟာ ကြင္းတြင္းဝင္ခြင့္ကို ျပန္ရခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ႀကိဳဆိုမႈကို ျမင္ရတာ ႏြေးႏြေးေထြးေထြး ျဖစ္ခဲ့ပါတယ္။

ေပါ့ဘာ ျပန္လာၿပီ – ၁၈ ကိုက္စည္းထိပ္ကေန ဘ႐ူနိုခင္းေပးတဲ့ ေဘာလုံးကို ဝက္စ္ဝမ္းဂိုးသမားရဲ႕ ဘယ္ဘက္ေထာင့္ထဲ လွလွပပေလး ကန္သြင္းယူသြားတဲ့ ေပါ့ဘာက ယူနိုက္တက္အတြက္ တလေက်ာ္ကာလအတြင္း ပရီးမီးယားလိဂ္ ပြဲထြက္လူစာရင္းမွာ ပထမဆုံးအႀကိမ္ ျပန္ပါလာခဲ့​တာပါ။ အခြင့္အေရးရတာနဲ႕ ခ်က္ခ်င္းအသုံးခ်ခဲ့တဲ့ ေပါ့ဘာတေယာက္ ပုံမွန္​ေျခစြမ္းနဲ႕ ျပန္လာဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ခ်က္ႀကီးႀကီး ရွိေနၾကပါတယ္။

ယူနိက္တက္အတြက္ ဂိုး ၂၀ ျပည့္ခဲ့တဲ့ ေမဆန္ – အဲလက္စ္ တဲလက္စ္ရဲ႕ ေပးပို႔မႈကို လွလွပပ ထိန္းသိမ္းၿပီး ဝက္စ္ဟမ္းဂိုးေပါက္ထဲ ကန္သြင္းယူခဲ့တဲ့ဂိုးက ယူနိုက္တက္အတြက္ ေမဆန္ ဂရင္းဝုဒ္ရဲ႕ ဂိုး ၂၀ ျပည့္ေျမာက္ေစတဲ့ ဂိုးျဖစ္လာခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ ယုံၾကည္မႈကို ထိုက္တန္စြာနဲ႕ ျပန္ေပးဆပ္ခဲ့တယ္လို႔ မွတ္ခ်က္ခ်ရမွာပါ။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.