Premier League

6 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာကနေ သက်လာတာတဲ့ နောက်ခံလူ ချိမ်းဘားစ်အနေနဲ့ အပြည့်အဝ ပါဝင်နေပြီး မြောက်လန်ဒန်ဒါဘီမှာ ကစားနိုင်ဖို့ ပစ်မှတ်ထားနေသလို လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကိုပါ ဒီပွဲမှာ အရန်ခုံပေါ် ပါလာနိုင်ဖို့ ပရိသတ်တွေ မျှော်လင့်နေကြ။

အသင်းရဲ့ စနေနေ့ ထရိန်နင်မှာ လက်ရှိကြံ့ခိုင်မှုအနေအထားကို သောမတ်စ် ပါတေးအနေနဲ့ စစ်ဆေးပြီး လုံလောက်တဲ့ အနေအထားမှာ ရှိရင် ပါဝင်ကစားမယ်လို့ နည်းပြ မီခယ်လ် အာတီတာက ပြောကြားခဲ့လို့ စောင့်ကြည့်သူတွေအနေနဲ့ ထုတ်ပြန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ မတွေ့မြင်ခဲ့ရလို့ အားလျော့စရာဖြစ်ခဲ့။

တော့တင်ဟမ် ဟော့စပါးစ်အသင်းရဲ့ နည်းပြ ဂျိုဆေး မော်ရင်ညိုဟာ လေးစားအားကျထိုက်သူဖြစ်ပြီး တကယ်တမ်း ထူးချွန်ပြောင်မြောက်တဲ့ နည်းပြကောင်းတစ်ဦးဖြစ်သလို ထိပ်တန်းစိန်ခေါ်မှုတွေကို လုပ်ပြနိုင်သူဖြစ်ကြောင်း ဒါဘီပွဲမတိုင်မီ အာဆင်နယ် နည်းပြ အာတီတာက ပြောကြားသွား။

အာဆင်နယ်အသင်းကို ကိုင်တွယ်တဲ့ ပွဲစဉ် ၆၂ ပွဲမှာ နိုင်ပွဲ ၂၉ ပွဲသာ ရရှိစေခဲ့ပြီး အဝါကတ် ၉၁ ကြိမ်၊ နှစ်ဝါတစ်နီနဲ့ အနီသုံးကြိမ်စီ ပြသထားခဲ့သလို နောက်ဆုံး အက်စတန်ဗီလာကို ရှုံးခဲ့တဲ့ ပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး မာတင် အက်ကင်ဆန်ကို မြောက်လန်ဒန် ဒါဘီမှာ နေရာချထားခဲ့လို့ ပရိသတ်တွေ စိုးရိမ်နေကြ။

အိုလီဗီးယေး ဂျီရူးကို ချဲလ်ဆီးအသင်းဆီ မရောင်းချခဲ့ဘူးဆိုရင် အာဆင်နယ်အသင်းမှာ မတူညီတဲ့ တိုက်စစ်စွမ်းဆောင်ရည်တစ်ခုကို ဆက်လက်ပိုင်ဆိုင်ထားနိုင်ဦးမှာဖြစ်ပြီး လေထဲမှာ အားနည်းတဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းအတွက်လည်း အထောက်အပံကောင်းဖြစ်လိမ့်မယ်လို့ ဂီလ်ဘာတို ဆေးလ်ဗားသုံးသပ်။

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာဟာ လက်ရှိအနေအထားထက် အများကြီး တိုးတက်လာဖို့ ရှိနေပြီး အနာဂတ်မှာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ တောင်ပံသမားဖြစ်လာမယ်လို့ မန်စီးတီးနဲ့ ဝက်စ်ဟမ်းကစားသမားဟောင်း ထရီဗာ ဆင်ကလဲယား တစ်ပေး။

အာဆင်နယ်အသင်းက အလိုရှိနေကြောင်း သတင်းထွက်ပေါ်နေတဲ့ အသင်းရဲ့ တောင်ပံကစားသမား အီမီလီယာနို ဘွင်ဒီယာအတွက် ခန့်မှန်းမှုတွေကို မိမိအနေနဲ့ မတားဆီးနိုင်ကြောင်းနဲ့ ဇန်နဝါရီကာလကသာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း နော့ဝစ်ချ်စီးတီးနည်းပြ ဒန်နီယယ်လ် ဖာကာက ကောလဟာတွေကို တုံ့ပြန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာကေန သက္လာတာတဲ့ ေနာက္ခံလူ ခ်ိမ္းဘားစ္အေနနဲ႔ အျပည့္အဝ ပါဝင္ေနၿပီး ေျမာက္လန္ဒန္ဒါဘီမွာ ကစားႏိုင္ဖို႔ ပစ္မွတ္ထားေနသလို လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကိုပါ ဒီပြဲမွာ အရန္ခုံေပၚ ပါလာႏိုင္ဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾက။

အသင္းရဲ႕ စေနေန႔ ထရိန္နင္မွာ လက္ရွိႀကံ့ခိုင္မႈအေနအထားကို ေသာမတ္စ္ ပါေတးအေနနဲ႔ စစ္ေဆးၿပီး လုံေလာက္တဲ့ အေနအထားမွာ ရွိရင္ ပါဝင္ကစားမယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက ေျပာၾကားခဲ့လို႔ ေစာင့္ၾကည့္သူေတြအေနနဲ႔ ထုတ္ျပန္တဲ့ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြမွာ မေတြ႕ျမင္ခဲ့ရလို႔ အားေလ်ာ့စရာျဖစ္ခဲ့။

ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းရဲ႕ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳဟာ ေလးစားအားက်ထိုက္သူျဖစ္ၿပီး တကယ္တမ္း ထူးခြၽန္ေျပာင္ေျမာက္တဲ့ နည္းျပေကာင္းတစ္ဦးျဖစ္သလို ထိပ္တန္းစိန္ေခၚမႈေတြကို လုပ္ျပႏိုင္သူျဖစ္ေၾကာင္း ဒါဘီပြဲမတိုင္မီ အာဆင္နယ္ နည္းျပ အာတီတာက ေျပာၾကားသြား။

အာဆင္နယ္အသင္းကို ကိုင္တြယ္တဲ့ ပြဲစဥ္ ၆၂ ပြဲမွာ ႏိုင္ပြဲ ၂၉ ပြဲသာ ရရွိေစခဲ့ၿပီး အဝါကတ္ ၉၁ ႀကိမ္၊ ႏွစ္ဝါတစ္နီနဲ႔ အနီသုံးႀကိမ္စီ ျပသထားခဲ့သလို ေနာက္ဆုံး အက္စတန္ဗီလာကို ရႈံးခဲ့တဲ့ ပြဲကို ကိုင္တြယ္ခဲ့တဲ့ ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္ကို ေျမာက္လန္ဒန္ ဒါဘီမွာ ေနရာခ်ထားခဲ့လို႔ ပရိသတ္ေတြ စိုးရိမ္ေနၾက။

အိုလီဗီးေယး ဂ်ီ႐ူးကို ခ်ဲလ္ဆီးအသင္းဆီ မေရာင္းခ်ခဲ့ဘူးဆိုရင္ အာဆင္နယ္အသင္းမွာ မတူညီတဲ့ တိုက္စစ္စြမ္းေဆာင္ရည္တစ္ခုကို ဆက္လက္ပိုင္ဆိုင္ထားႏိုင္ဦးမွာျဖစ္ၿပီး ေလထဲမွာ အားနည္းတဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းအတြက္လည္း အေထာက္အပံေကာင္းျဖစ္လိမ့္မယ္လို႔ ဂီလ္ဘာတို ေဆးလ္ဗားသုံးသပ္။

အာဆင္နယ္အသင္းရဲ႕ လူငယ္ကစားသမား ဘူကာယို ဆာကာဟာ လက္ရွိအေနအထားထက္ အမ်ားႀကီး တိုးတက္လာဖို႔ ရွိေနၿပီး အနာဂတ္မွာ မယုံႏိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ေတာင္ပံသမားျဖစ္လာမယ္လို႔ မန္စီးတီးနဲ႔ ဝက္စ္ဟမ္းကစားသမားေဟာင္း ထရီဗာ ဆင္ကလဲယား တစ္ေပး။

အာဆင္နယ္အသင္းက အလိုရွိေနေၾကာင္း သတင္းထြက္ေပၚေနတဲ့ အသင္းရဲ႕ ေတာင္ပံကစားသမား အီမီလီယာႏို ဘြင္ဒီယာအတြက္ ခန႔္မွန္းမႈေတြကို မိမိအေနနဲ႔ မတားဆီးႏိုင္ေၾကာင္းနဲ႔ ဇန္နဝါရီကာလကသာ အဆုံးအျဖတ္ေပးမွာျဖစ္ေၾကာင္း ေနာ့ဝစ္ခ်္စီးတီးနည္းျပ ဒန္နီယယ္လ္ ဖာကာက ေကာလဟာေတြကို တုံ႔ျပန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.