Premier League Transfer News

5 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့ပြီး အဓိက ကစားသမားတစ်ဦးအဖြစ် အလျင်အမြန် ရပ်တည်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အတွက် စပို့တင်းလစ္စဘွန်းဆီ ပြောင်းရွှေ့ကြေးနဲ့ ခံစားခွင့် ပေးချေခဲ့ရမှုမှာ ထပ်တိုး ယူရို ၃ သန်းနဲ့ဆိုရင် စုစုပေါင်း ယူရို ၅၈ သန်းအထိ ရှိသွားခဲ့ပြီလို့ သိရ။

– အသင်းရဲ့ ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဟာရီ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို စိတ်မချဘူးဆိုတာက သိသာလွန်းတယ်လို့ ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရိဗ်စ်က ပြောကြားလိုက်ပြီး မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို တစ်ပြိုင်တည်း သုံးစွဲနေတာက သက်သေလို့ ထောက်ပြသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဖြစ်နိုင်ခြေနည်းပြီး အလှမ်းဝေးတဲ့ အပြောင်းအရွှေ့တွေကို ကြိုးစားမယ့်အစား အနီးဆုံး နေရာက အသင်းရဲ့ ကစားဟန်နဲ့ ကွက်တိအကျိုးပြုနိုင်မယ့် ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကိုပဲ ခေါ်ယူသွားဖို့ တိုက်တွန်းခံခဲ့ရ။

– ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို လုံးဝစိတ်ဒုံးဒုံးချပြီး ထောက်ခံပေးထားတာမျိုး မဟုတ်ဘဲ အခြေအနေ မကောင်းတာနဲ့ နည်းပြသစ်နဲ့ အစားထိုးသွားမှာဖြစ်ပြီး လျာထားစာရင်းထဲမှာ ပီအက်စ်ဂျီနည်းပြ သောမတ်စ် တူဟယ်လ်ပါ ပါဝင်လာ။

– ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို နည်းပြဟောင်း ဒေးဗစ်မွိုက်စ်က ဝက်စ်ဟမ်းကို ခေါ်ယူဖို့ အလိုရှိခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားသွား။

– ပခုံးဒဏ်ရာရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် နောက်ဆုံးစစ်ဆေးမှုတွေကို ထပ်မံလုပ်ဆောင်နေပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲအမီ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေသလို နည်းပြ ဆိုးလ်ရှားတော့ ဒီဒဏ်ရာက အချိန်မီသက်သာအောင် ကုသပေးနိုင်လိမ့်မယ်လို့ဆို။

– ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့ကို အသင်းက ထုတ်ပယ်ဖို့ စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေကို ပြက်ရယ်ပြုလိုက်ပြီး သူ့မှာ အမြဲတမ်း ၆ ပွဲ စောင့်ကြည့်ပြီးရင် အနာဂတ်ကို ဆုံးဖြတ်ခံရမယ်ဆိုတာမျိုး သတင်းထွက်ခံရတာ ထုံးစံဖြစ်နေပြီလို့ဆို။

– အသင်းရဲ့ ဒုတိယဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး ကစားခွင့် ရှာဖွေဖို့ လူငယ်အသင်းဖော်ဟောင်း ဝက်စ်ဘရွန်းဂိုးသမား ဆမ် ဂျွန်စတုန်းက ပြောကြားသွားခဲ့ပြီး သူဟာလည်း ၁၅ နှစ်တာ ယူနိုက်တက်ကစားသမားဘဝကို ဒဟေးယားကြောင့် စွန့်လွှတ်ခဲ့သူဖြစ်ကြောင်း သိရ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ကွန်ပျူတာထိန်းချုပ်မှုနဲ့ အချက်အလက်စုစည်းမှုတွေကို ဟက်ကာတွေရဲ့ တိုက်ခိုက်ခံခဲ့ရမှုအတွက် နောက်ဆုံးမှာတော့ ဖြေရှင်းနိုင်လိုက်ပြီဖြစ်ပြီး လာမယ့်အပတ်ထဲမှာ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တော့မှာဖြစ်သလို ဘယ်ပုံဘယ်နည်း ဖြေရှင်းပြီး ပြစ်မှုကျူးလွန်သူတွေကို ထိန်းချုပ်နိုင်ခဲ့သလားဆိုတာကိုတော့ သေချာမသိရသေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့ၿပီး အဓိက ကစားသမားတစ္ဦးအျဖစ္ အလ်င္အျမန္ ရပ္တည္ႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ စပို႔တင္းလစၥဘြန္းဆီ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ခံစားခြင့္ ေပးေခ်ခဲ့ရမႈမွာ ထပ္တိုး ယူ႐ို ၃ သန္းနဲ႔ဆိုရင္ စုစုေပါင္း ယူ႐ို ၅၈ သန္းအထိ ရွိသြားခဲ့ၿပီလို႔ သိရ။

– အသင္းရဲ႕ ဗဟိုခံစစ္အတြဲျဖစ္တဲ့ ဟာရီ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ကို စိတ္မခ်ဘူးဆိုတာက သိသာလြန္းတယ္လို႔ ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂရိဗ္စ္က ေျပာၾကားလိုက္ၿပီး မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို တစ္ၿပိဳင္တည္း သုံးစြဲေနတာက သက္ေသလို႔ ေထာက္ျပသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ျဖစ္ႏိုင္ေျခနည္းၿပီး အလွမ္းေဝးတဲ့ အေျပာင္းအေ႐ႊ႕ေတြကို ႀကိဳးစားမယ့္အစား အနီးဆုံး ေနရာက အသင္းရဲ႕ ကစားဟန္နဲ႔ ကြက္တိအက်ိဳးျပဳႏိုင္မယ့္ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကိုပဲ ေခၚယူသြားဖို႔ တိုက္တြန္းခံခဲ့ရ။

– ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို လုံးဝစိတ္ဒုံးဒုံးခ်ၿပီး ေထာက္ခံေပးထားတာမ်ိဳး မဟုတ္ဘဲ အေျခအေန မေကာင္းတာနဲ႔ နည္းျပသစ္နဲ႔ အစားထိုးသြားမွာျဖစ္ၿပီး လ်ာထားစာရင္းထဲမွာ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္ တူဟယ္လ္ပါ ပါဝင္လာ။

– ပီအက္စ္ဂ်ီအသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းျပေနခဲ့တဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကို နည္းျပေဟာင္း ေဒးဗစ္မြိဳက္စ္က ဝက္စ္ဟမ္းကို ေခၚယူဖို႔ အလိုရွိခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားသြား။

– ပခုံးဒဏ္ရာရွိေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အတြက္ ေနာက္ဆုံးစစ္ေဆးမႈေတြကို ထပ္မံလုပ္ေဆာင္ေနၿပီး ဝက္စ္ဟမ္းအသင္းနဲ႔ပြဲအမီ ပါဝင္ႏိုင္ဖို႔ ပစ္မွတ္ထားေနသလို နည္းျပ ဆိုးလ္ရွားေတာ့ ဒီဒဏ္ရာက အခ်ိန္မီသက္သာေအာင္ ကုသေပးႏိုင္လိမ့္မယ္လို႔ဆို။

– ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက သူ႔ကို အသင္းက ထုတ္ပယ္ဖို႔ ေစာင့္ၾကည့္ေနတယ္ဆိုတဲ့ သတင္းေတြကို ျပက္ရယ္ျပဳလိုက္ၿပီး သူ႔မွာ အၿမဲတမ္း ၆ ပြဲ ေစာင့္ၾကည့္ၿပီးရင္ အနာဂတ္ကို ဆုံးျဖတ္ခံရမယ္ဆိုတာမ်ိဳး သတင္းထြက္ခံရတာ ထုံးစံျဖစ္ေနၿပီလို႔ဆို။

– အသင္းရဲ႕ ဒုတိယဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာၿပီး ကစားခြင့္ ရွာေဖြဖို႔ လူငယ္အသင္းေဖာ္ေဟာင္း ဝက္စ္ဘ႐ြန္းဂိုးသမား ဆမ္ ဂြၽန္စတုန္းက ေျပာၾကားသြားခဲ့ၿပီး သူဟာလည္း ၁၅ ႏွစ္တာ ယူႏိုက္တက္ကစားသမားဘဝကို ဒေဟးယားေၾကာင့္ စြန႔္လႊတ္ခဲ့သူျဖစ္ေၾကာင္း သိရ။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြန္ပ်ဴတာထိန္းခ်ဳပ္မႈနဲ႔ အခ်က္အလက္စုစည္းမႈေတြကို ဟက္ကာေတြရဲ႕ တိုက္ခိုက္ခံခဲ့ရမႈအတြက္ ေနာက္ဆုံးမွာေတာ့ ေျဖရွင္းႏိုင္လိုက္ၿပီျဖစ္ၿပီး လာမယ့္အပတ္ထဲမွာ ပုံမွန္အတိုင္း လုပ္ေဆာင္ႏိုင္ေတာ့မွာျဖစ္သလို ဘယ္ပုံဘယ္နည္း ေျဖရွင္းၿပီး ျပစ္မႈက်ဴးလြန္သူေတြကို ထိန္းခ်ဳပ္ႏိုင္ခဲ့သလားဆိုတာကိုေတာ့ ေသခ်ာမသိရေသး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.