Premier League

5 Dec နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်အတွက် ဒဏ်ရာပြဿနာတွေ ကင်းစင်နေပြီး ကစားသမားတွေအားလုံးဟာ ကြံ့ခိုင်မှုအပြည့်ရှိနေကာ အိမ်ကွင်းမှာ အကောင်းဆုံးရင်ဆိုင်ဖို့ အင်အားအပြည့်နဲ့ အဆင်သင့် စောင့်ဆိုင်းနေတယ်လို့ နည်းပြ ဖရန့် လမ်းပတ်က အတည်ပြုသွားခဲ့။

နိုဝင်ဘာလရဲ့ တစ်လတာ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ မော်ရင်ညို၊ ဆိုးလ်ရှား၊ ဒေးဗစ်မွိုက်စ်တို့နဲ့အတူ လမ်းပတ်ပါဝင်လာခဲ့ပြီး တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဘရူနိုဖာနန်ဒက်စ်၊ ဂရီးလစ်ရှ်တို့နဲ့အတူ ဘန်ချေးလ်ဝဲလ် ရွေးချယ်ခံရ။

ဘီယယ်လ်ဆာနဲ့ အတိတ်ဖြစ်ရပ်ဆိုးကို မေ့လိုက်ပြီဖြစ်လို့ လိဒ်စ်နဲ့ပွဲမှာ အငြိုးအတေးတွေ မရှိကြောင်း လမ်းပတ်က Spy Gate ဖြစ်စဉ်အပေါ် တုံ့ပြန့်ခဲ့ပြီး ပြိုင်ဘက်အသင်းသားတွေနဲ့ နည်းပြ မာဆယ်လို ဘီယယ်လ်ဆာတို့ကို အပြည့်အဝ လေးစားမှုရှိကြောင်းဆို။

လမ်းပတ်ဟာ အလုပ်များများ လုပ်ပြီး စကားနည်းနည်းသာ ပြောတတ်တဲ့ အသံတိတ်ခေါင်းဆောင် ဖြစ်တယ်လို့ ဂျိုး ကိုးလ်က ချီးကျူးသွားခဲ့ပြီး လမ်းပတ်ရဲ့ လက်ရှိအသင်းဟာ ၂၀၁၂ ခုနှစ်က ချန်ပီယံဗိုလ်ဝင်ခံခဲ့တဲ့ အသင်းထက် ပိုအဆင့်အတန်းမြင့်တယ်လို့ မှတ်ချက်ချ။

လိဒ်ယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမား အာလီယော့စကီးက တစ်ဦးချင်းကောင်းတဲ့ နာမည်ကြီးကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းလိုက်ကစားပုံမှာ မိမိတို့အသင်းလောက် အဆင့်မရှိဘူးလို့ လှောင်ပြောင် ရန်စသွားခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ အကြောက်အလန့်မရှိ ရင်ဆိုင်သွားမှာဖြစ်ကြောင်း သတိပေးသွား။

သူ့ရဲ့လက်ထက်မှာ အိုလံပီယာကော့စ်ကို ချန်ပီယံလိဂ်အဝေးကွင်းမှာ ဟက်ထရစ်သွင်းယူခဲ့ဖူးသလို ဆီဗီလာနဲ့ပွဲမှာလည်း ဟက်ထရစ်အပြင် လေးဂိုးအထိ ရရှိနိုင်ခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးဟာ တခြားသူတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူလို့ နည်းပြဟောင်း အာဆင်ဝင်းဂါး ချီးကျူးသွားခဲ့။

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် နေ့စဉ်မက်ဆေ့ချ်ပို့ပြီး အတက်ကြွဆုံး စည်းရုံးသိမ်းသွင်းခဲ့သူမှာ တီမို ဗာနာဖြစ်ကြောင်း ခိုင်ဟာဗတ်ဇ် ဖွင့်ဟခဲ့ပြီး သူတို့နှစ်ဦးရဲ့ ကွင်းတွင်းကွင်းပြင်ဆက်ဆံရေးဟာ ပွင့်လင်းရင်းနှီးလွန်းကြောင်း ထုတ်ဖော်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူႏိုက္တက္နဲ႕ပြဲစဥ္အတြက္ ဒဏ္ရာျပႆနာေတြ ကင္းစင္ေနၿပီး ကစားသမားေတြအားလုံးဟာ ႀကံ့ခိုင္မႈအျပည့္ရွိေနကာ အိမ္ကြင္းမွာ အေကာင္းဆုံးရင္ဆိုင္ဖို႔ အင္အားအျပည့္နဲ႕ အဆင္သင့္ ေစာင့္ဆိုင္းေနတယ္လို႔ နည္းျပ ဖရန္႔ လမ္းပတ္က အတည္ျပဳသြားခဲ့။

နိုဝင္ဘာလရဲ႕ တစ္လတာ အေကာင္းဆုံးနည္းျပဆုအတြက္ ဆန္ခါတင္စာရင္းမွာ ေမာ္ရင္ညို၊ ဆိုးလ္ရွား၊ ေဒးဗစ္မြိုက္စ္တို႔နဲ႕အတူ လမ္းပတ္ပါဝင္လာခဲ့ၿပီး တစ္လတာ အေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာ ဘ႐ူနိုဖာနန္ဒက္စ္၊ ဂရီးလစ္ရွ္တို႔နဲ႕အတူ ဘန္ေခ်းလ္ဝဲလ္ ေ႐ြးခ်ယ္ခံရ။

ဘီယယ္လ္ဆာနဲ႕ အတိတ္ျဖစ္ရပ္ဆိုးကို ေမ့လိုက္ၿပီျဖစ္လို႔ လိဒ္စ္နဲ႕ပြဲမွာ အၿငိဳးအေတးေတြ မရွိေၾကာင္း လမ္းပတ္က Spy Gate ျဖစ္စဥ္အေပၚ တုံ႕ျပန့္ခဲ့ၿပီး ၿပဳိင္ဘက္အသင္းသားေတြနဲ႔ နည္းျပ မာဆယ္လို ဘီယယ္လ္ဆာတို႔ကို အျပည့္အဝ ေလးစားမႈရွိေၾကာင္းဆို။

လမ္းပတ္ဟာ အလုပ္မ်ားမ်ား လုပ္ၿပီး စကားနည္းနည္းသာ ေျပာတတ္တဲ့ အသံတိတ္ေခါင္းေဆာင္ ျဖစ္တယ္လို႔ ဂ်ိဳး ကိုးလ္က ခ်ီးက်ဴးသြားခဲ့ၿပီး လမ္းပတ္ရဲ႕ လက္ရွိအသင္းဟာ ၂၀၁၂ ခုႏွစ္က ခ်န္ပီယံဗိုလ္ဝင္ခံခဲ့တဲ့ အသင္းထက္ ပိုအဆင့္အတန္းျမင့္တယ္လို႔ မွတ္ခ်က္ခ်။

လိဒ္ယူနိုက္တက္ရဲ႕ ၾကယ္ပြင့္ကစားသမား အာလီေယာ့စကီးက တစ္ဦးခ်င္းေကာင္းတဲ့ နာမည္ႀကီးကစားသမားေတြကို ပိုင္ဆိုင္ထားတဲ့ ခ်ယ္လ္ဆီးအသင္းဟာ အသင္းလိုက္ကစားပုံမွာ မိမိတို႔အသင္းေလာက္ အဆင့္မရွိဘူးလို႔ ေလွာင္ေျပာင္ ရန္စသြားခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အေၾကာက္အလန့္မရွိ ရင္ဆိုင္သြားမွာျဖစ္ေၾကာင္း သတိေပးသြား။

သူ႕ရဲ႕လက္ထက္မွာ အုိလံပီယာေကာ့စ္ကို ခ်န္ပီယံလိဂ္အေဝးကြင္းမွာ ဟက္ထရစ္သြင္းယူခဲ့ဖူးသလို ဆီဗီလာနဲ႔ပြဲမွာလည္း ဟက္ထရစ္အျပင္ ေလးဂိုးအထိ ရရွိႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး အိုလီဗီးေယး ဂ်ီ႐ူးဟာ တျခားသူေတြနဲ႔ မတူဘဲ တစ္မူထူးျခားတဲ့ အရည္အေသြးေတြကို ပုိင္ဆုိင္ထားသူလို႔ နည္းျပေဟာင္း အာဆင္ဝင္းဂါး ခ်ီးက်ဴးသြားခဲ့။

ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေန႕စဥ္မက္ေဆ့ခ်္ပို႔ၿပီး အတက္ႂကြဆုံး စည္း႐ုံးသိမ္းသြင္းခဲ့သူမွာ တီမို ဗာနာျဖစ္ေၾကာင္း ခိုင္ဟာဗတ္ဇ္ ဖြင့္ဟခဲ့ၿပီး သူတို႔ႏွစ္ဦးရဲ႕ ကြင္းတြင္းကြင္းျပင္ဆက္ဆံေရးဟာ ပြင့္လင္းရင္းႏွီးလြန္းေၾကာင္း ထုတ္ေဖာ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.