Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၅.၁၂.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ စနေနေ့၊ သမားညို၊ ဝါရမိတ္တုငယ်။

တစ်နေ့တာ တိထီနှင့် ယုဂ်
ည ၂၁:၀၉ အထိ တိထီ ၅ လုံး၊ ကျော်လျှင် ၆ လုံး။ ၅ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် လွှသွားယုဂ်၊ အလိုရှိရာ အဓိဋ္ဌာန်ဝင်ခြင်း၊ ဓာတ်ရိုက်ဓာတ်ဆင်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
ညနေ ၁၅:၂၆ အထိ ဖုသျှနက္ခတ်၊ ကျော်လျှင် အဿလိဿနက္ခတ်။ နံနက် ၁၀:၃၂ အထိ ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။

တစ်နေ့တာ ကရိုဏ်း
နံနက် ၉:၁၀ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၁:၀၉ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
ည ၂၁:၀၉ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)