Premier League Transfer News

5 Dec နံနက်ပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ကလော့ပ်ဟာ ယူနိုက်တက်ရဲ့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ခြေရာနင်းပြီး လူစားလဲမှု ၅ ကြိမ်ကို ကိုယ့်အသင်း အသာစီးရဖို့ တောင်းဆိုနေတာဆိုတဲ့ ဂယ်ရီ နဗီးလ်ရဲ့ ထိုးနှက်ချက်ကို တုံ့ပြန်သွားခဲ့ပြီး ကိုယ့်စိတ်နဲ့နှိုင်းရင် ရိုင်းမှာဖြစ်ကြောင်း ခနဲ့သွားခဲ့။

ဝုဗ်နဲ့ပွဲမှာ လူငယ်ဂိုးသမား ကွီးဗင် ကယ်လေဟာကို ပွဲထွက်စေဖွယ်ရှိတယ်လို့ ကလော့ပ် အရိပ်အမြွက် ပြောကြားခဲ့ပြီး တံကောက်ကြော ဒဏ်ရာရထားတဲ့ အယ်လစ်ဆန်ရဲ့ အခြေအနေက စိုးရိမ်စရာမရှိဘဲ အမြန်ဆုံး သက်သာလာမှာဖြစ်။

ကာလအတန်ကြာ အနားယူနေရတဲ့ ချိမ်ဘာလိန်ဟာ အမြန်ဆုံး ပွဲပြန်ကစားနိုင်တော့မယ်လို့ ကလော့ပ်ကအတည်ပြုလိုက်ပြီး အခုတော့ ‘မကြာမီ လာမည်’ အခြေအနေရောက်ပြီလို့ ကစားသမားကလည်း သူ့ပရိသတ်တွေကို အမှာပါးခဲ့သလို အာနိုးလ်နဲ့ နာဘီ ကီတာတို့လည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်း။

အဲဗာတန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ဒူးအရွတ်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ နားရဖို့ သတင်းပြေးခဲ့တဲ့ ဗန်ဒိုက်ဟာ ဒဏ်ရာရပြီး ငါးပတ်အကြာမှာပဲ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီလို့ ပရိသတ်တွေကို သတင်းကောင်းပေးသွားခဲ့ပြီး သူလေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့လို့ ပရိသတ်တွေရဲ့ စိတ်ပူပန်မှု လျော့ကျခဲ့ရ။

လီဗာပူးလ်ဟာ ဗိုင်နယ်လ်ဒွမ်ရဲ့နေရာကို ရေရှည်အစားထိုးဖို့အတွက် ခံစစ်အားသန်တဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ချိန်ရွယ်နေပြီး ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ စိတ်ဝင်တစား စောင့်ကြည့်ခဲ့တဲ့ ကလော့ပ်က သူ့ကို ဇန်နဝါရီမှာ ကမ်းလှမ်းသွားဖွယ်ရှိ။

ကလော့ပ့်ရဲ့ ဆုံးဖြတ်ချက်အရ ယူပါမီကာနိုကို ငွေပုံပေးပြီး ခေါ်ယူသွားတော့မှာ မဟုတ်ဘဲ သူ့ထက် ပိုငယ်ရွယ်ပြီး ခြေစွမ်း ပိုကောင်းတယ်လို့ ယူဆထားတဲ့ လိုက်ပ်ဇစ်ခံစစ်တွဲဖက် ကွန်နာတေကို ပေါင်သန်း ၅၀ အောက် ဈေးနဲ့ အရခေါ်ယူသွားဖို့ ချိန်ရွယ်နေ။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:







၃ ကြိမ်သာ လူစားလဲခွင့်စနစ်ကို ဆက်လက်ကျင့်သုံးမယ်ဆိုရင် တကယ်ထိခိုက်မှာက
အင်္ဂလန်လက်ရွေးစင်အသင်းသာဖြစ်ပြီး ယူရို ၂၀၂၁ ပြိုင်ပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြဿနာကို နည်းပြ ဆောက်ဂိတ်ကသာ အဓိက ခံစားသွားရမယ်လို့ ယာဂန် ကလော့ပ် သတိပေးသွားခဲ့။

REF: INTERNET SOURCES
SPORTS A2Z.