Premier League Transfer News

5 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– တိုက်စစ်မှာ နေရာစုံအသုံးပြုနိုင်တဲ့ အိုင်းယက်စ်အသင်းရဲ့တောင်ပံကစားသမား ကွင်စီ ပရုမ်းမက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်နည်းပြ အာတီတာ စိတ်ဝင်စားနေပြီး အသက် ၂၈ နှစ်အရွယ် ဒတ်ချ်လက်ရွေးစင်ဟာ အသင်းရဲ့ ရှေ့တန်းအတွက် တန်ဖိုးရှိတဲ့ ကစားသမားလို့ ယုံကြည်နေ။

– အာဆင်နယ်အသင်းမှာ ဘေးနဲ့ နောက်ကို ပေးဖို့ထက် ရှေ့က ကစားသမားတွေကို ပေးပြီး စွန့်စားလိုစိတ်ရှိတဲ့သူနှစ်ဦးဖြစ်တဲ့ ဂရာနစ် ချာကာနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ရဲ့ ပေးပို့မှုတွေကို ကြည့်ရတာ မိမိကို ပျော်ရွှင်စေကြောင်း အီယန်ရိုက် ပြောကြား။

– အာဆင်နယ်အသင်းနဲ့ ရလဒ်တွေကို ဂရုမစိုက်ဘူးလို့ ပြောထားတဲ့ နည်းပြ မော်ရင်ညိုအတွက် အာတီတာက တုံ့ပြန်လိုက်ပြီး ခါးသီးတဲ့ ဒါဘီပြိုင်ဘက် စပါးစ်အသင်းကို ချန်ပီယံဖြစ်မယ့်အသင်းလို့ ပြောလို့ အလွန်စောသေးတယ်လို့ ပြန်လှန်ထိုးနှက်သွားခဲ့။

– မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရရှိခြင်းဟာ အသင်းရဲ့ ဒီရာသီ ပုံစံကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်မှာဖြစ်လို့ အကောင်းဆုံး ပေးဆပ်သွားဖို့ အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းက တိုက်တွန်းလိုက်ပြီး အဝေးကွင်းပွဲစဉ်အတွက် ပြင်ဆင်ထားဖို့ ပြောကြား။

– အစ္စတန်ဘူလ် ဘာရှက်ရှီဟီယာအသင်းမှာ ခြေစွမ်းပြနေတဲ့ တူရကီကွင်းလယ်လူ ဘာကေး အိုဇ်ကန်ကို အသင်းကနေ ထွက်ခွာတော့မယ့် မီဆွတ် အိုဇေးလ်နေရာမှာ အစားထိုးဖို့ အာဆင်နယ် စိတ်ဝင်စားနေပြီး သူဟာ အိုဇေးလ်လိုပဲ ဂျာမနီမှာ မွေးတဲ့ တူရကီသားဖြစ်ပြီး ဂျာမနီထက် တူရကီကို ရွေးချယ်ခဲ့သူဖြစ်ကြောင်း သိရ။

– တော့တင်ဟမ်ဟော့စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုက အာဆင်နယ်အသင်းကို ရောက်သွားတဲ့ ဝီလီယန်ကို သူ့အနေနဲ့ အမှန်တကယ် အလိုရှိခဲ့တာဖြစ်ကြောင်း ဝန်ခံလိုက်ပြီး ကစားသမားရဲ့ လစာငွေကို မတတ်နိုင်ခဲ့လို့သာ လက်လျှော့ခဲ့ရကြောင်းဆို။

– အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ အသင်းရဲ့ ထရိန်နင်ကို အပြည့်အဝ ပြန်လည်လိုက်ပါလုပ်ဆောင်နေနိုင်ပြီဖြစ်ပြီး တော့တင်ဟမ် ဟော့စပါးစ်နဲ့ မြောက်လန်ဒန်ဒါဘီကို ပြန်လည်ကစားနိုင်ဖို့ ရှိနေလို့ ပရိသတ်တွေအတွက် အားတက်စရာဖြစ်လာ။

– အသင်းရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့အစီအစဉ်တစ်ခုဖြစ်တဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ် ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို ရရှိဖို့ ခရီးလမ်းကတော့ ခက်ခဲကြမ်းတမ်းဖွယ်ရှိနေပြီး စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကပါ စိတ်ဝင်စားနေတယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ Invincible နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက အာတီတာဟာ တိုက်စစ်မှူး လာကာဇက်ကို ကွင်းလယ်အထိ ဆင်းကစားခိုင်းခဲ့တာဟာ စပါးစ်ရဲ့ ဟာရီကိန်းကို အသုံးပြုနေပုံနဲ့တူပြီး မြောက်လန်ဒန်ဒါဘီမှာ တူညီတဲ့ နည်းစနစ်နဲ့ ရင်ဆိုင်လာမလား စောင့်ကြည့်ရမယ်လို့ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– တိုက္စစ္မွာ ေနရာစုံအသုံးျပဳႏိုင္တဲ့ အိုင္းယက္စ္အသင္းရဲ႕ေတာင္ပံကစားသမား ကြင္စီ ပ႐ုမ္းမက္စ္ကို ေခၚယူဖို႔ အာဆင္နယ္နည္းျပ အာတီတာ စိတ္ဝင္စားေနၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ဒတ္ခ်္လက္ေ႐ြးစင္ဟာ အသင္းရဲ႕ ေရွ႕တန္းအတြက္ တန္ဖိုးရွိတဲ့ ကစားသမားလို႔ ယုံၾကည္ေန။

– အာဆင္နယ္အသင္းမွာ ေဘးနဲ႔ ေနာက္ကို ေပးဖို႔ထက္ ေရွ႕က ကစားသမားေတြကို ေပးၿပီး စြန႔္စားလိုစိတ္ရွိတဲ့သူႏွစ္ဦးျဖစ္တဲ့ ဂရာနစ္ ခ်ာကာနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ရဲ႕ ေပးပို႔မႈေတြကို ၾကည့္ရတာ မိမိကို ေပ်ာ္႐ႊင္ေစေၾကာင္း အီယန္႐ိုက္ ေျပာၾကား။

– အာဆင္နယ္အသင္းနဲ႔ ရလဒ္ေတြကို ဂ႐ုမစိုက္ဘူးလို႔ ေျပာထားတဲ့ နည္းျပ ေမာ္ရင္ညိဳအတြက္ အာတီတာက တုံ႔ျပန္လိုက္ၿပီး ခါးသီးတဲ့ ဒါဘီၿပိဳင္ဘက္ စပါးစ္အသင္းကို ခ်န္ပီယံျဖစ္မယ့္အသင္းလို႔ ေျပာလို႔ အလြန္ေစာေသးတယ္လို႔ ျပန္လွန္ထိုးႏွက္သြားခဲ့။

– ေျမာက္လန္ဒန္ဒါဘီမွာ အႏိုင္ရရွိျခင္းဟာ အသင္းရဲ႕ ဒီရာသီ ပုံစံကို ေျပာင္းျပန္လွန္ပစ္လိုက္ႏိုင္မွာျဖစ္လို႔ အေကာင္းဆုံး ေပးဆပ္သြားဖို႔ အာဆင္နယ္အသင္းကို အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက တိုက္တြန္းလိုက္ၿပီး အေဝးကြင္းပြဲစဥ္အတြက္ ျပင္ဆင္ထားဖို႔ ေျပာၾကား။

– အစၥတန္ဘူလ္ ဘာရွက္ရွီဟီယာအသင္းမွာ ေျခစြမ္းျပေနတဲ့ တူရကီကြင္းလယ္လူ ဘာေကး အိုဇ္ကန္ကို အသင္းကေန ထြက္ခြာေတာ့မယ့္ မီဆြတ္ အိုေဇးလ္ေနရာမွာ အစားထိုးဖို႔ အာဆင္နယ္ စိတ္ဝင္စားေနၿပီး သူဟာ အိုေဇးလ္လိုပဲ ဂ်ာမနီမွာ ေမြးတဲ့ တူရကီသားျဖစ္ၿပီး ဂ်ာမနီထက္ တူရကီကို ေ႐ြးခ်ယ္ခဲ့သူျဖစ္ေၾကာင္း သိရ။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက အာဆင္နယ္အသင္းကို ေရာက္သြားတဲ့ ဝီလီယန္ကို သူ႔အေနနဲ႔ အမွန္တကယ္ အလိုရွိခဲ့တာျဖစ္ေၾကာင္း ဝန္ခံလိုက္ၿပီး ကစားသမားရဲ႕ လစာေငြကို မတတ္ႏိုင္ခဲ့လို႔သာ လက္ေလွ်ာ့ခဲ့ရေၾကာင္းဆို။

– အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ အသင္းရဲ႕ ထရိန္နင္ကို အျပည့္အဝ ျပန္လည္လိုက္ပါလုပ္ေဆာင္ေနႏိုင္ၿပီျဖစ္ၿပီး ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔ ေျမာက္လန္ဒန္ဒါဘီကို ျပန္လည္ကစားႏိုင္ဖို႔ ရွိေနလို႔ ပရိသတ္ေတြအတြက္ အားတက္စရာျဖစ္လာ။

– အသင္းရဲ႕ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အစီအစဥ္တစ္ခုျဖစ္တဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကို ရရွိဖို႔ ခရီးလမ္းကေတာ့ ခက္ခဲၾကမ္းတမ္းဖြယ္ရွိေနၿပီး စပိန္အင္အားႀကီး ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကပါ စိတ္ဝင္စားေနတယ္လို႔ဆို။

– အာဆင္နယ္အသင္းရဲ႕ Invincible ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက အာတီတာဟာ တိုက္စစ္မႉး လာကာဇက္ကို ကြင္းလယ္အထိ ဆင္းကစားခိုင္းခဲ့တာဟာ စပါးစ္ရဲ႕ ဟာရီကိန္းကို အသုံးျပဳေနပုံနဲ႔တူၿပီး ေျမာက္လန္ဒန္ဒါဘီမွာ တူညီတဲ့ နည္းစနစ္နဲ႔ ရင္ဆိုင္လာမလား ေစာင့္ၾကည့္ရမယ္လို႔ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.