Premier League

ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဥ် ပွဲပြီးရလဒ် နဲ့ သုံးသပ်ချက်များ

ဒေါ့မန် ၁-၁ လာဇီယို… အုပ်စု F မှာ ဒေါ့မန်အသင်းကတော့ အသင်းရဲ့ ဂိုးသွင်းစက် ဟာလန်းဒဏ်ရာရခဲ့တာက ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့် လာဇီယိုကို အိမ်ကွင်းမှာကစားတဲ့ သရေရလဒ်နဲ့အတူ အုပ်စုကျွတ်သွားခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီအုပ်စုမှာတော့ လာဇီယိုနဲ့ ကလပ်ဘရုတို့ထဲက တသင်းက နောက်တဆင့်အတွက် တနေရာစာ ယှဥ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ဖာရန့်ဗရို့စ် ၀-၃ ဘာစီလိုနာ… စတိုင်လ်ကျကျပဲ ဂိုးပြတ်သွင်းပြီး အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာက နောက်တဆင့်တက်ပြီးဖြစ်လို့ ဖိအားမရှိဘဲ သက်သောင့်သက်သာ ကစားသွားခဲ့ပါတယ်။ ဂရိဇ်မန်းက ဘာစီလိုနာကစားသမားဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ၃ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သလို မာတင် ဘရိတ်ဝိတ်နဲ့ ဒမ်ဘီလီတို့ ဂိုးသွင်းယူခဲ့တဲ့ ဘာစီလိုနာဟာ ၂၀၀၂-၀၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် အုပ်စုအဆင့် ၅ ပွဲဆက် အနိုင်ရရှိသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ် ၃-ဝ ဒိုင်နမိုကိဗ်… ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘဝ သက်တမ်းတလျှောက် ဂိုးပေါင်း ၇၅၀ ပြည့်မြောက်တဲ့ဂိုးကို ဒီပွဲမှာ သွင်းယူခဲ့တဲ့ မှတ်တမ်းဖြစ်လာခဲ့ပြီး မိုရာတာ၊ ချီဆာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ နောက်တပတ်မှာ ဘာစီလိုနာနဲ့ကစားပြီး အုပ်စုဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။

ဂိုး ၇၅၀ ပြည့် ရော်နယ်ဒို – ဒိုင်နမိုကိဗ်နဲ့ ဒုတိယပိုင်းသွင်းဂိုးအပြီးမှာ ရော်နယ်ဒိုက ဂိုး ၇၅၀ ပြည့်မြောက်တဲ့ သမိုင်းမှတ်တိုင်ကို ရေးထိုးသွားခဲ့ပါတယ်။ အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ သွင်းဂိုးပေါင်း ၄၅၀ ပြည့်မြောက်ဖို့ ၄၃၈ ပွဲသာ ကြာမြင့်ခဲ့တာဖြစ်ပြီး လက်ရှိရာသီမှာလည်း စီးရီးအေမှာ လေးပွဲသာ ပွဲထွက်ကစားပြီး ၈ ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။ ဇရာရဲ့ ရပ်တန့်မှုကို အပြင်းပြဆုံးစိတ်ဓာတ်အင်အားနဲ့ စိန်ခေါ်လိုက်တဲ့ ရော်နယ်ဒိုက နိုင်ငံတကာအဆင့်မှာလည်း ပေါ်တူဂီအသင်းအတွက် တာဝန်ကျေတာထက်ပိုပြီး ဥရောပမှာ လက်ရွေးစင်နိုင်ငံအသင်းအတွက် ဂိုး ၁၀၀ပြည့်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

အခြား ချန်ပီယံလိဂ်အုပ်စုပွဲစဥ်များမှာတော့ ယူနိုက်တက် ၃-၁ ပီအက်စ်ဂျီ၊ ဆီဗီလား ၀-၄ ချယ်လ်ဆီး၊ အစ္စတန်ဘူလ် ၃-၄ လိုက်ပ်ဇစ်၊ ကလပ်ဘရု ၃-၀ ဇင်းနစ် နဲ့ ခရက်စ်နိုဒါ ၁-၀ ရင်းနေး စတဲ့ ရလဒ်တွေ အသီးသီးထွက်ပေါ်ခဲ့ပါတယ်။

REF: BEINSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါ့မန္ ၁-၁ လာဇီယို… အုပ္စု F မွာ ေဒါ့မန္အသင္းကေတာ့ အသင္းရဲ႕ ဂိုးသြင္းစက္ ဟာလန္းဒဏ္ရာရခဲ့တာက ထိုးႏွက္ခ်က္ျဖစ္ခဲ့ေပမယ့္ လာဇီယိုကို အိမ္ကြင္းမွာကစားတဲ့ သေရရလဒ္နဲ႕အတူ အုပ္စုကြၽတ္သြားခဲ့ၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။ ဒီအုပ္စုမွာေတာ့ လာဇီယိုနဲ႕ ကလပ္ဘ႐ုတို႔ထဲက တသင္းက ေနာက္တဆင့္အတြက္ တေနရာစာ ယွဥ္ၿပိဳင္ရဦးမွာ ျဖစ္ပါတယ္။

ဖာရန့္ဗရို႔စ္ ၀-၃ ဘာစီလိုနာ… စတိုင္လ္က်က်ပဲ ဂိုးျပတ္သြင္းၿပီး အနိုင္ရရွိခဲ့တဲ့ ဘာစီလိုနာက ေနာက္တဆင့္တက္ၿပီးျဖစ္လို႔ ဖိအားမရွိဘဲ သက္ေသာင့္သက္သာ ကစားသြားခဲ့ပါတယ္။ ဂရိဇ္မန္းက ဘာစီလိုနာကစားသမားျဖစ္လာၿပီးေနာက္ပိုင္း ပထမဆုံးအေနနဲ႕ ၃ ပြဲဆက္ဂိုးသြင္းနိုင္ခဲ့သလို မာတင္ ဘရိတ္ဝိတ္နဲ႕ ဒမ္ဘီလီတို႔ ဂိုးသြင္းယူခဲ့တဲ့ ဘာစီလိုနာဟာ ၂၀၀၂-၀၃ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ၅ ပြဲဆက္ အနိုင္ရရွိသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ ၃-ဝ ဒိုင္နမိုကိဗ္… ခရစၥတီယာနို ေရာ္နယ္ဒိုက သူ႕ရဲ႕ ကစားသမားဘဝ သက္တမ္းတေလွ်ာက္ ဂိုးေပါင္း ၇၅၀ ျပည့္ေျမာက္တဲ့ဂိုးကို ဒီပြဲမွာ သြင္းယူခဲ့တဲ့ မွတ္တမ္းျဖစ္လာခဲ့ၿပီး မိုရာတာ၊ ခ်ီဆာတို႔ရဲ႕ သြင္းဂိုးေတြနဲ႕အတူ ၃ ဂိုးျပတ္အနိုင္ရရွိခဲ့တဲ့ ဂ်ဴဗင္တပ္စ္ဟာ ေနာက္တပတ္မွာ ဘာစီလိုနာနဲ႕ကစားၿပီး အုပ္စုဗိုလ္လုရေတာ့မွာ ျဖစ္ပါတယ္။

ဂိုး ၇၅၀ ျပည့္ ေရာ္နယ္ဒို – ဒိုင္နမိုကိဗ္နဲ႕ ဒုတိယပိုင္းသြင္းဂိုးအၿပီးမွာ ေရာ္နယ္ဒိုက ဂိုး ၇၅၀ ျပည့္ေျမာက္တဲ့ သမိုင္းမွတ္တိုင္ကို ေရးထိုးသြားခဲ့ပါတယ္။ အသက္ ၃၆ ႏွစ္ျပည့္ေတာ့မယ့္ ေရာ္နယ္ဒိုဟာ သြင္းဂိုးေပါင္း ၄၅၀ ျပည့္ေျမာက္ဖို႔ ၄၃၈ ပြဲသာ ၾကာျမင့္ခဲ့တာျဖစ္ၿပီး လက္ရွိရာသီမွာလည္း စီးရီးေအမွာ ေလးပြဲသာ ပြဲထြက္ကစားၿပီး ၈ ဂိုးအထိသြင္းယူထားတာျဖစ္ပါတယ္။ ဇရာရဲ႕ ရပ္တန့္မႈကို အျပင္းျပဆုံးစိတ္ဓာတ္အင္အားနဲ႕ စိန္ေခၚလိုက္တဲ့ ေရာ္နယ္ဒိုက နိုင္ငံတကာအဆင့္မွာလည္း ေပၚတူဂီအသင္းအတြက္ တာဝန္ေက်တာထက္ပိုၿပီး ဥေရာပမွာ လက္ေ႐ြးစင္နိုင္ငံအသင္းအတြက္ ဂိုး ၁၀၀ျပည့္တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။

အျခား ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မ်ားမွာေတာ့ ယူနိုက္တက္ ၃-၁ ပီအက္စ္ဂ်ီ၊ ဆီဗီလား ၀-၄ ခ်ယ္လ္ဆီး၊ အစၥတန္ဘူလ္ ၃-၄ လိုက္ပ္ဇစ္၊ ကလပ္ဘ႐ု ၃-၀ ဇင္းနစ္ နဲ႕ ခရက္စ္နိုဒါ ၁-၀ ရင္းေနး စတဲ့ ရလဒ္ေတြ အသီးသီးထြက္ေပၚခဲ့ပါတယ္။

REF: BEINSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.