Premier League Transfer News

3 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– တော့တင်ဟမ် ဟော့စပါးစ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကိုလည်း အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေး မပါဘဲ ရင်ဆိုင်ရဦးမှာဖြစ်ပြီး နောက်ဆုံး ပွဲတွေမှာ လွဲချော်စေခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာက အလွယ်တကူ မကျော်လွှားနိုင်သေးဘူးလို့ Football London ရဲ့ ဆေးပညာရှင်သုံးသပ်။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဦးစားပေး ဗဟိုခံစစ်မှူးတွေဖြစ်ကြတဲ့ ဂျော်ဂျို ခေးလီနီနဲ့ မီရီ ဒီမီရယ်လ်တို့ ဒဏ်ရာရရှိမှုကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူသွားဖွယ်ရှိနေ။

– ခြေစွမ်းသိပ်မပြနိုင်တဲ့ ကွင်းလယ်လူ ဂျိုးဆက် ဝီလော့ခ်ကို ရောင်းချရင် မှားမှာဖြစ်ပြီး သူဟာ တခြားအသင်းကို ရောက်သွားရင် ဆာ့ဂျ် ဂနာဘရီလိုပဲ အာဆင်နယ်အသင်းကို ပြန်လည်ခြောက်လှန့်ဦးမယ့်သူတစ်ဦးဖြစ်ကြောင်း အားကစားကလောင်ရှင်တစ်ဦးဖြစ်သူ ဂျွန်ခရော့စ် သတိပေး။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ နံပါတ် ၁၀ အခန်းကဏ္ဍမှာ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို မိုလ်ဒီနဲ့ပွဲမှာ စမ်းသုံးခဲ့သလိုမျိုး False 10 အဖြစ် အသုံးချသွားဖို့ ရှိနေပြီး သူ့ရဲ့ ဘောလုံးကိုင်ကစားပြီး နေရာလွတ်ရှာနိုင်တဲ့ အရည်အချင်းကို အသုံးချသွားဖို့ ရှိလာ။

– ဇန်နဝါရီအပြောင်းအရွှေ့အတွက် ပစ်မှတ်တွေထဲမှာ အာဆင်နယ်အသင်းရဲ့ ဦးစားပေးတွေဖြစ်ကြတဲ့ ဟူဆင်းမ် အောဝါ၊ ဒေါမနစ် ဆိုဘော့ဆ်လိုင်းတို့နဲ့အတူ နော့ဝစ်ချ်စီးတီးအသင်းရဲ့ အာဂျင်တီးနားကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာပါ ပါဝင်လာခဲ့။

– အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်က အသင်းရဲ့ ကစားပုံမှာ ဟန်ချက်မညီစေဘဲ အနုတ်လက္ခဏာပြစေနေခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဝီလီယန်အစား လာမယ့်ပွဲတွေမှာ လူငယ်ကစားသမား ရီးစ် နယ်လ်ဆန်ကို ပွဲထုတ်သွားစေဖို့ အလိုရှိနေ။

– ဗြိတိန်အစိုးရရဲ့ ကိုဗစ်-၁၉ အတွက် တင်းကျပ်မှုတွေကို ဖြေလျော့ပေးတဲ့အနေနဲ့ ခွင့်ပြုမှုတွေမှာ အမ်းမရိတ်ကွင်းအတွင်း ပရိသတ် ၂၀၀၀ ကို မကြာခင်အချိန်အတွင်းမှာ မြင်ရတော့မှာဖြစ်ပြီး ဒီမတိုင်ခင်မှာ နည်းပြ မီခယ်လ် အာတီတာက အသင်းရဲ့နောက်မှာ စိတ်ဝမ်း မကွဲဘဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံပေးကြဖို့ တောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကိုလည္း အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ေသာမတ္စ္ ပါေတး မပါဘဲ ရင္ဆိုင္ရဦးမွာျဖစ္ၿပီး ေနာက္ဆုံး ပြဲေတြမွာ လြဲေခ်ာ္ေစခဲ့တဲ့ ေပါင္ႂကြက္သားဒဏ္ရာက အလြယ္တကူ မေက်ာ္လႊားႏိုင္ေသးဘူးလို႔ Football London ရဲ႕ ေဆးပညာရွင္သုံးသပ္။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဦးစားေပး ဗဟိုခံစစ္မႉးေတြျဖစ္ၾကတဲ့ ေဂ်ာ္ဂ်ိဳ ေခးလီနီနဲ႔ မီရီ ဒီမီရယ္လ္တို႔ ဒဏ္ရာရရွိမႈေၾကာင့္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ အာဆင္နယ္ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို ေဈးသက္သက္သာသာနဲ႔ ေခၚယူသြားဖြယ္ရွိေန။

– ေျခစြမ္းသိပ္မျပႏိုင္တဲ့ ကြင္းလယ္လူ ဂ်ိဳးဆက္ ဝီေလာ့ခ္ကို ေရာင္းခ်ရင္ မွားမွာျဖစ္ၿပီး သူဟာ တျခားအသင္းကို ေရာက္သြားရင္ ဆာ့ဂ်္ ဂနာဘရီလိုပဲ အာဆင္နယ္အသင္းကို ျပန္လည္ေျခာက္လွန႔္ဦးမယ့္သူတစ္ဦးျဖစ္ေၾကာင္း အားကစားကေလာင္ရွင္တစ္ဦးျဖစ္သူ ဂြၽန္ခေရာ့စ္ သတိေပး။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းရဲ႕ နံပါတ္ ၁၀ အခန္းက႑မွာ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို မိုလ္ဒီနဲ႔ပြဲမွာ စမ္းသုံးခဲ့သလိုမ်ိဳး False 10 အျဖစ္ အသုံးခ်သြားဖို႔ ရွိေနၿပီး သူ႔ရဲ႕ ေဘာလုံးကိုင္ကစားၿပီး ေနရာလြတ္ရွာႏိုင္တဲ့ အရည္အခ်င္းကို အသုံးခ်သြားဖို႔ ရွိလာ။

– ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြက္ ပစ္မွတ္ေတြထဲမွာ အာဆင္နယ္အသင္းရဲ႕ ဦးစားေပးေတြျဖစ္ၾကတဲ့ ဟူဆင္းမ္ ေအာဝါ၊ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းတို႔နဲ႔အတူ ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ အာဂ်င္တီးနားကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာပါ ပါဝင္လာခဲ့။

– အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္က အသင္းရဲ႕ ကစားပုံမွာ ဟန္ခ်က္မညီေစဘဲ အႏုတ္လကၡဏာျပေစေနခဲ့တဲ့ ဘရာဇီးလ္ ကြင္းလယ္လူ ဝီလီယန္အစား လာမယ့္ပြဲေတြမွာ လူငယ္ကစားသမား ရီးစ္ နယ္လ္ဆန္ကို ပြဲထုတ္သြားေစဖို႔ အလိုရွိေန။

– ၿဗိတိန္အစိုးရရဲ႕ ကိုဗစ္-၁၉ အတြက္ တင္းက်ပ္မႈေတြကို ေျဖေလ်ာ့ေပးတဲ့အေနနဲ႔ ခြင့္ျပဳမႈေတြမွာ အမ္းမရိတ္ကြင္းအတြင္း ပရိသတ္ ၂၀၀၀ ကို မၾကာခင္အခ်ိန္အတြင္းမွာ ျမင္ရေတာ့မွာျဖစ္ၿပီး ဒီမတိုင္ခင္မွာ နည္းျပ မီခယ္လ္ အာတီတာက အသင္းရဲ႕ေနာက္မွာ စိတ္ဝမ္း မကြဲဘဲ တစ္ညီတစ္ၫြတ္တည္း ေထာက္ခံေပးၾကဖို႔ ေတာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.