Match Report Premier League UCL&UEL

အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ပြန်လည်ရှုံးနိမ့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ လူစုံထုတ်ပြီး ပွဲထွက်လာခဲ့ပြီး ဝါရင့်တိုက်စစ်မှူး ကာဗာနီရဲ့ အစွမ်းကို သိမြင်ထားပြီးဖြစ်တဲ့ ဆိုးလ်ရှားအနေနဲ့ အသင်းဟောင်းနဲ့ ပြန်လည်ဆုံတွေ့ချိန်မှာ အထောင်တိုက်စစ်မှူးအဖြစ် နေရာပေးခဲ့သလို မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးနဲ့ ခြံရံပြီး ပွဲထွက်စေခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ နေမာရဲ့ ဘောလုံးကိုင်ကစားနိုင်မှုနဲ့ ကွင်းလယ်မှာ ယူနိုက်တက်ကို အာရုံဆွဲယူဖို့ ကြိုးစားပြီး အမ်ဘာပေရဲ့ မြန်နှုန်းနဲ့ ထိုးဖောက်စေခဲ့ရာမှာ ပွဲချိန် ၆ မိနစ်မှာတော့ အမ်ဘာပေကန်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို နေမာက ထောင့်ကျဉ်းအနေအထားကနေ မြေထောက် Volley ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အိမ်ရှင်ယူနိုက်တက်တို့ ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး သူတို့အားသန်ပြီး တိကျတဲ့ အဝေးဘောတွေမှာ ပြေးအားကောင်းတဲ့ ကစားသမားတွေဖြစ်တဲ့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့က ထိုးဖောက်နေခဲ့ပြီး ဂိုးသမား ကီလော် နားဗက်စ်ကလည်း တည်ငြိမ်နေလို့ ဂိုးမရဘဲ ရှိနေခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ပီအက်စ်ဂျီကွင်းလယ်လူ လီယန်ဒရို ပါရေးဒက်စ်ကို ခေါင်းနဲ့ဆောင့်ဖို့ ကြိုးစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ဖရက်ဒ်ကို ထိချက်ကလည်း VAR ပြန်ကြည့်ချိန်မှာ ပြင်းထန်ခြင်းမရှိတာကြောင့် အနီကတ်အစား အဝါကတ်နဲ့ ဒိုင်လူကြီးက သက်ညှာခဲ့လို့ စောစောစီးစီး ၁၀ ယောက် မဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဘယ်ခြမ်းကနေ မာစီယယ်လ် ဆွဲဝင်လာခဲ့ပြီး ကန်သွင်းခဲ့တာကို နာဗက်စ် ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာ လိုက်လံရယူပြီး ပြန်ချိုးပေးတာကို ရက်ရှ်ဖို့ဒ်က ကန်သွင်းယူခဲ့ရာမှာတော့ ပီအက်စ်ဂျီရဲ့ ဒါနီလို ပါရဲရားရဲ့ ခြေထောက်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာကြောင်း ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် ၅၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ မာစီယယ်လ်ပေးတာကို ကာဗာနီ ပြေးထွက်ပြီး ရှေ့ရောက်နေတဲ့ နာဗက်စ်ရဲ့ အပေါ်ကနေ ကျော်ပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဘားထိထွက်ခဲ့ပြီး ပြန်ကျလာတာကို ရက်ရှ်ဖို့ဒ်ပိတ်ဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းခေါင်းဆောင် မာကင်ညော့စ် ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမား ဘက်ကာ ကန်သွင်းတဲ့ ဘောလုံးကို ဒဟေးယား ကာကွယ်ခဲ့ပြီး ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကနေ ပီအက်စ်ဂျီရဲ့ အဆင့်ဆင့် ပိတ်သွင်းချက်တွေက ရရှိတဲ့ ဘောလုံးကို မားကင်ညော့စ်က အနီးကပ်ကန်သွင်းပြီး ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးထပ်မံရယူခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ပထမပိုင်းမှာ ခေါင်းတိုက်ချက်ကို အဝါပြခံထားရတဲ့ ဖရက်ဒ်ရဲ့ ဖျက်ထုတ်မှု ဘောလုံးကို အရင်ထိပြီးမှာ ဟာရဲရားကို ထိခဲ့ပေမယ့် ဒိုင်လူကြီး အော်ဆာတိုကတော့ ဒုတိယအဝါပြဖို့ ဆုံးဖြတ်ခဲ့ပြီး ထုတ်ပယ်ခံခဲ့ရသလို တိုက်ရိုက်အနီ မဟုတ်တာကြောင့် VAR လည်း ကြည့်ခွင့် မရှိခဲ့လို့ အိမ်ရှင်တို့ ဆယ်ယောက်နဲ့ နစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ ချေပဂိုးရဖို့ ယူနိုက်တက်တို့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဂရင်းဝုဒ်နဲ့ အီဂါလို၊ တိုက်စစ်သန် ကွင်းလယ်လူတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့ ဗန်ဒဘိခ်တို့ကို ထည့်သွင်းကစားခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ မရခဲ့ဘဲ တန်ပြန်တိုက်စစ်နဲ့ ကစားတဲ့ ပီအက်စ်ဂျီကတောင် ပိုမိုထိုးဖောက်နိုင်ခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ Do or Die အစီအစဉ်ကတော့ နာကျင်အချိန်ပိုမှာ Backfire ဖြစ်သွားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမား ရာဖင်ညာက ဂိုးသမား ဒဟေးယားနဲ့အတွေ့မှာ ပြန်ချိုးပေးတာကို နေမာက အသာအယာပဲ ကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး အုပ်စု(H)မှာ ဗိုလ်စွဲနိုင်ဖို့အတွက် လာမယ့်ပွဲမှာ RB လိုက်ပ်ဇစ်ကို အနိုင်ကစားရတော့မှာဖြစ်သလို သရေဆိုရင်တော့ အုပ်စုဒုတိယသာ ရရှိနိုင်မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ လူစုံထုတ္ၿပီး ပြဲထြက္လာခဲ့ၿပီး ဝါရင့္တိုက္စစ္မႉး ကာဗာနီရဲ႕ အစြမ္းကို သိျမင္ထားၿပီးျဖစ္တဲ့ ဆိုးလ္ရွားအေနနဲ႔ အသင္းေဟာင္းနဲ႔ ျပန္လည္ဆုံေတြ႕ခ်ိန္မွာ အေထာင္တိုက္စစ္မႉးအျဖစ္ ေနရာေပးခဲ့သလို မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ႏွစ္ဦးနဲ႔ ၿခံရံၿပီး ပြဲထြက္ေစခဲ့ပါတယ္။

ပီအက္စ္ဂ်ီကေတာ့ ေနမာရဲ႕ ေဘာလုံးကိုင္ကစားႏိုင္မႈနဲ႔ ကြင္းလယ္မွာ ယူႏိုက္တက္ကို အာ႐ုံဆြဲယူဖို႔ ႀကိဳးစားၿပီး အမ္ဘာေပရဲ႕ ျမန္ႏႈန္းနဲ႔ ထိုးေဖာက္ေစခဲ့ရာမွာ ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ အမ္ဘာေပကန္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနမာက ေထာင့္က်ဥ္းအေနအထားကေန ေျမေထာက္ Volley ကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အိမ္ရွင္ယူႏိုက္တက္တို႔ ျပန္လည္ၿခိမ္းေျခာက္ခဲ့ၿပီး သူတို႔အားသန္ၿပီး တိက်တဲ့ အေဝးေဘာေတြမွာ ေျပးအားေကာင္းတဲ့ ကစားသမားေတြျဖစ္တဲ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဖာနန္ဒက္စ္တို႔က ထိုးေဖာက္ေနခဲ့ၿပီး ဂိုးသမား ကီေလာ္ နားဗက္စ္ကလည္း တည္ၿငိမ္ေနလို႔ ဂိုးမရဘဲ ရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီကြင္းလယ္လူ လီယန္ဒ႐ို ပါေရးဒက္စ္ကို ေခါင္းနဲ႔ေဆာင့္ဖို႔ ႀကိဳးစားခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ဖရက္ဒ္ကို ထိခ်က္ကလည္း VAR ျပန္ၾကည့္ခ်ိန္မွာ ျပင္းထန္ျခင္းမရွိတာေၾကာင့္ အနီကတ္အစား အဝါကတ္နဲ႔ ဒိုင္လူႀကီးက သက္ညႇာခဲ့လို႔ ေစာေစာစီးစီး ၁၀ ေယာက္ မျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန မာစီယယ္လ္ ဆြဲဝင္လာခဲ့ၿပီး ကန္သြင္းခဲ့တာကို နာဗက္စ္ ပုတ္ထုတ္ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဝန္ဘစ္ဆာကာ လိုက္လံရယူၿပီး ျပန္ခ်ိဳးေပးတာကို ရက္ရွ္ဖို႔ဒ္က ကန္သြင္းယူခဲ့ရာမွာေတာ့ ပီအက္စ္ဂ်ီရဲ႕ ဒါနီလို ပါရဲရားရဲ႕ ေျခေထာက္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာေၾကာင္း ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန မာစီယယ္လ္ေပးတာကို ကာဗာနီ ေျပးထြက္ၿပီး ေရွ႕ေရာက္ေနတဲ့ နာဗက္စ္ရဲ႕ အေပၚကေန ေက်ာ္ၿပီး ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဘားထိထြက္ခဲ့ၿပီး ျပန္က်လာတာကို ရက္ရွ္ဖို႔ဒ္ပိတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပီအက္စ္ဂ်ီ အသင္းေခါင္းေဆာင္ မာကင္ေညာ့စ္ ပိတ္ဆို႔သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူစားဝင္ကစားသမား ဘက္ကာ ကန္သြင္းတဲ့ ေဘာလုံးကို ဒေဟးယား ကာကြယ္ခဲ့ၿပီး ေပးလိုက္ရတဲ့ ေထာင့္ကန္ေဘာကေန ပီအက္စ္ဂ်ီရဲ႕ အဆင့္ဆင့္ ပိတ္သြင္းခ်က္ေတြက ရရွိတဲ့ ေဘာလုံးကို မားကင္ေညာ့စ္က အနီးကပ္ကန္သြင္းၿပီး ဧည့္သည္ေတြအတြက္ ဦးေဆာင္ဂိုးထပ္မံရယူခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ပထမပိုင္းမွာ ေခါင္းတိုက္ခ်က္ကို အဝါျပခံထားရတဲ့ ဖရက္ဒ္ရဲ႕ ဖ်က္ထုတ္မႈ ေဘာလုံးကို အရင္ထိၿပီးမွာ ဟာရဲရားကို ထိခဲ့ေပမယ့္ ဒိုင္လူႀကီး ေအာ္ဆာတိုကေတာ့ ဒုတိယအဝါျပဖို႔ ဆုံးျဖတ္ခဲ့ၿပီး ထုတ္ပယ္ခံခဲ့ရသလို တိုက္႐ိုက္အနီ မဟုတ္တာေၾကာင့္ VAR လည္း ၾကည့္ခြင့္ မရွိခဲ့လို႔ အိမ္ရွင္တို႔ ဆယ္ေယာက္နဲ႔ နစ္နာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ ေခ်ပဂိုးရဖို႔ ယူႏိုက္တက္တို႔ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ဂရင္းဝုဒ္နဲ႔ အီဂါလို၊ တိုက္စစ္သန္ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ေပါ့ဘာနဲ႔ ဗန္ဒဘိခ္တို႔ကို ထည့္သြင္းကစားခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြ မရခဲ့ဘဲ တန္ျပန္တိုက္စစ္နဲ႔ ကစားတဲ့ ပီအက္စ္ဂ်ီကေတာင္ ပိုမိုထိုးေဖာက္ႏိုင္ခဲ့ပါတယ္။

နည္းျပ ဆိုးလ္ရွားရဲ႕ Do or Die အစီအစဥ္ကေတာ့ နာက်င္အခ်ိန္ပိုမွာ Backfire ျဖစ္သြားခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန လူစားဝင္ကစားသမား ရာဖင္ညာက ဂိုးသမား ဒေဟးယားနဲ႔အေတြ႕မွာ ျပန္ခ်ိဳးေပးတာကို ေနမာက အသာအယာပဲ ကန္သြင္းယူခဲ့လို႔ ယူႏိုက္တက္တို႔ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ အရႈံးေပးခဲ့ရၿပီး အုပ္စု(H)မွာ ဗိုလ္စြဲႏိုင္ဖို႔အတြက္ လာမယ့္ပြဲမွာ RB လိုက္ပ္ဇစ္ကို အႏိုင္ကစားရေတာ့မွာျဖစ္သလို သေရဆိုရင္ေတာ့ အုပ္စုဒုတိယသာ ရရွိႏိုင္မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.