Match Report Premier League UCL&UEL

တစ်ပင်တိုင်မင်းသားကြီး ဂျီရူးရဲ့ သွင်းဂိုးတွေနဲ့ အုပ်စုဗိုလ်နေရာကို ချဲလ်ဆီးတို့ရယူ

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ၄-၂-၄ ဆန်ဆန် ကစားကွက်ကို အသုံးပြုခဲ့ပြီး တောင်ပံက ဟဒ်ဆန်-အိုဒွိုင်းနဲ့ ပူလီရှစ်ချ်တို့ကို ခင်းကျင်းခဲ့သလို အလယ်မှာတော့ အထောင်တိုက်စစ်မှူး ဂျီရူးရဲ့နောက်က ဟာဗတ်ဇ်ကို လိုက်ကစားခိုင်းခဲ့ပြီး ဆီဗီလာကွင်းမှာ ရဲရဲရင့်ရင့်ပဲ ပွဲထုတ်လာခဲ့ပါတယ်။

ဆန်းချက်ဇ် ပစ်ဇ်ဟွမ်ကွင်းမှာ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးတို့ ဖိကစားခဲ့သလို Pressing ပိုင်းမှာလည်း အိမ်ရှင်တို့ကို ကစားကွက် တည်ဖို့ ခက်ခဲအောင်လုပ်နိုင်ခဲ့တဲ့အတွက် အခွင့်အရေးတွေ စောစောစီးစီးကတည်းက ရရှိနေခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတော့ ဆီဗီလာရဲ့ Pressing ကို ဖောက်ထွက်ခဲ့ရာကနေ ဟာဗတ်ဇ် ထိုးပေးတာကို ဂျီရူးက တစ်ချက်ထိန်းပြီး ကန်သွင်းယူခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တွေ ပြန်ဖိကစားလာခဲ့တာမို့ ချဲလ်ဆီးခံစစ်က ခက်ခက်ခဲခဲ ဖျက်ထုတ်ခဲ့ရသလို ဂိုးသမား အေဒူယာ မန်ဒီအနေနဲ့လည်း အနီးကပ်ကန်ချက်တစ်ကြိမ်ကို ကာကွယ်ခဲ့ရပြီး လမ်းပတ်အနေနဲ့ ဒါကို ချေဖျက်ဖို့ Break and Counter များများသုံးပြီး ပူလီရှစ်ချ်ရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ မြန်နှုန်းကိုလည်း အသုံးပြုခဲ့ပုံပေါ်ပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆီဗီလာရဲ့ တိုက်စစ်ကို ခုခံကာကွယ်နေရင်းက ဘောလုံးပြန်ရချိန်မှာ ဆီဗီလာနောက်တန်းကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့ ဂျီရူးကပဲ ပူလီရှစ်ချ်ရဲ့ ပေးပို့မှုကနေ သူ့ကို ကပ်ထားတဲ့ နောက်တန်းနှစ်ယောက်ကို ခွာထွက်ပြီး ဂိုးသမားကို လှည့်စားကန်သွင်းခဲ့လို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

နှစ်ဂိုးပေးလိုက်ရအပြီးမှာ အိမ်ရှင်တွေ စိတ်ဓာတ်နည်းနည်းကျသွားခဲ့ပြီး ချဲလ်ဆီးတို့ကတော့ ဆက်တိုက် အခွင့်အရေးတွေ ဖော်ဆောင်နိုင်ခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အန်ဂိုလို ကွန်တေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဂျီရူးကပဲ ခေါင်းတိုက်ပြီး ဟက်ထရစ်ယူခဲ့သလို ဘယ်ခြေ၊ ညာခြေ၊ ခေါင်း သုံးခုစလုံးနဲ့ သွင်းယူတဲ့ Perfect Hat-Trick လည်းဖြစ်ခဲ့ပါတယ်။

ဆီဗီလာတို့ သိက္ခာဆည်ဂိုးအတွက် ကြိုးစားခဲ့ပေမယ့်လည်း ရူဒီဂါ၊ ခရစ္စတင်ဆန်နဲ့ ဂိုးသမား မန်ဒီတို့ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိသလို ပွဲချိန် ၈၃ မိနစ်မှာတော့ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ဂျီရူးကို အပေါ်က ခုန်အုပ်ခဲ့တဲ့ ဆာဂျီ ဂိုမက်ဇ်ကြောင့်ရတဲ့ ပင်နယ်တီကို ပြင်သစ်တိုက်စစ်မှူးက သူ့ရဲ့ ၄ ဂိုးမြောက်အဖြစ် ကန်သွင်းရယူသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အိမ်ကွင်းမှာ သရေကျခဲ့တဲ့ ဆီဗီလာကို အဝေးကွင်းမှာ ချဲလ်ဆီးတို့အနေနဲ့ ပြတ်ပြတ်သားသား နှိပ်ကွပ်နိုင်ခဲ့ပြီး အုပ်စုပထမ နေရာအတွက် ခြေစွမ်းပြအနိုင်ယူနိုင်ခဲ့သလို နည်းပြ လမ်းပတ်နဲ့ ပရိသတ်တွေအတွက်တော့ ပျော်ရွှင်စရာ အောင်ပွဲတစ်ပွဲအဖြစ် သတ်မှတ်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ၄-၂-၄ ဆန္ဆန္ ကစားကြက္ကို အသုံးျပဳခဲ့ၿပီး ေတာင္ပံက ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ပူလီရွစ္ခ်္တို႔ကို ခင္းက်င္းခဲ့သလို အလယ္မွာေတာ့ အေထာင္တိုက္စစ္မႉး ဂ်ီ႐ူးရဲ႕ေနာက္က ဟာဗတ္ဇ္ကို လိုက္ကစားခိုင္းခဲ့ၿပီး ဆီဗီလာကြင္းမွာ ရဲရဲရင့္ရင့္ပဲ ပြဲထုတ္လာခဲ့ပါတယ္။

ဆန္းခ်က္ဇ္ ပစ္ဇ္ဟြမ္ကြင္းမွာ ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္အေကာင္းဆုံးအသင္းတစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးတို႔ ဖိကစားခဲ့သလို Pressing ပိုင္းမွာလည္း အိမ္ရွင္တို႔ကို ကစားကြက္ တည္ဖို႔ ခက္ခဲေအာင္လုပ္ႏိုင္ခဲ့တဲ့အတြက္ အခြင့္အေရးေတြ ေစာေစာစီးစီးကတည္းက ရရွိေနခဲ့ၿပီး ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ ဆီဗီလာရဲ႕ Pressing ကို ေဖာက္ထြက္ခဲ့ရာကေန ဟာဗတ္ဇ္ ထိုးေပးတာကို ဂ်ီ႐ူးက တစ္ခ်က္ထိန္းၿပီး ကန္သြင္းယူခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အိမ္ရွင္ေတြ ျပန္ဖိကစားလာခဲ့တာမို႔ ခ်ဲလ္ဆီးခံစစ္က ခက္ခက္ခဲခဲ ဖ်က္ထုတ္ခဲ့ရသလို ဂိုးသမား ေအဒူယာ မန္ဒီအေနနဲ႔လည္း အနီးကပ္ကန္ခ်က္တစ္ႀကိမ္ကို ကာကြယ္ခဲ့ရၿပီး လမ္းပတ္အေနနဲ႔ ဒါကို ေခ်ဖ်က္ဖို႔ Break and Counter မ်ားမ်ားသုံးၿပီး ပူလီရွစ္ခ်္ရဲ႕ ေဘာလုံးကြၽမ္းက်င္မႈနဲ႔ ျမန္ႏႈန္းကိုလည္း အသုံးျပဳခဲ့ပုံေပၚပါတယ္။

ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဆီဗီလာရဲ႕ တိုက္စစ္ကို ခုခံကာကြယ္ေနရင္းက ေဘာလုံးျပန္ရခ်ိန္မွာ ဆီဗီလာေနာက္တန္းကို ေကာင္းေကာင္းႀကီး ဒုကၡေပးေနတဲ့ ဂ်ီ႐ူးကပဲ ပူလီရွစ္ခ်္ရဲ႕ ေပးပို႔မႈကေန သူ႔ကို ကပ္ထားတဲ့ ေနာက္တန္းႏွစ္ေယာက္ကို ခြာထြက္ၿပီး ဂိုးသမားကို လွည့္စားကန္သြင္းခဲ့လို႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ႏွစ္ဂိုးေပးလိုက္ရအၿပီးမွာ အိမ္ရွင္ေတြ စိတ္ဓာတ္နည္းနည္းက်သြားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ ဆက္တိုက္ အခြင့္အေရးေတြ ေဖာ္ေဆာင္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အန္ဂိုလို ကြန္ေတ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ဂ်ီ႐ူးကပဲ ေခါင္းတိုက္ၿပီး ဟက္ထရစ္ယူခဲ့သလို ဘယ္ေျခ၊ ညာေျခ၊ ေခါင္း သုံးခုစလုံးနဲ႔ သြင္းယူတဲ့ Perfect Hat-Trick လည္းျဖစ္ခဲ့ပါတယ္။

ဆီဗီလာတို႔ သိကၡာဆည္ဂိုးအတြက္ ႀကိဳးစားခဲ့ေပမယ့္လည္း ႐ူဒီဂါ၊ ခရစၥတင္ဆန္နဲ႔ ဂိုးသမား မန္ဒီတို႔ရဲ႕ ခံစစ္ကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိသလို ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ဂ်ီ႐ူးကို အေပၚက ခုန္အုပ္ခဲ့တဲ့ ဆာဂ်ီ ဂိုမက္ဇ္ေၾကာင့္ရတဲ့ ပင္နယ္တီကို ျပင္သစ္တိုက္စစ္မႉးက သူ႔ရဲ႕ ၄ ဂိုးေျမာက္အျဖစ္ ကန္သြင္းရယူသြားခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ အိမ္ကြင္းမွာ သေရက်ခဲ့တဲ့ ဆီဗီလာကို အေဝးကြင္းမွာ ခ်ဲလ္ဆီးတို႔အေနနဲ႔ ျပတ္ျပတ္သားသား ႏွိပ္ကြပ္ႏိုင္ခဲ့ၿပီး အုပ္စုပထမ ေနရာအတြက္ ေျခစြမ္းျပအႏိုင္ယူႏိုင္ခဲ့သလို နည္းျပ လမ္းပတ္နဲ႔ ပရိသတ္ေတြအတြက္ေတာ့ ေပ်ာ္႐ႊင္စရာ ေအာင္ပြဲတစ္ပြဲအျဖစ္ သတ္မွတ္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.