Premier League

ေလ့က်င့္ေရးကြင္းမွာ မာစီယယ္လ္ ဒဏ္ရာရခဲ့လို႔ အဲဗာတန္နဲ႔ပြဲကို လြဲဖြယ္ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေနာက္ဆံုး ၃ ပြဲမွာ ၃ ဂိုးသြင္းထားတဲ့ ျပင္သစ္တိုက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ဟာ ၾကြက္သားဒဏ္ရာတစ္ရပ္ေၾကာင့္ အခုတစ္ပတ္ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

ဒီဒဏ္ရာကို ယူရိုပါလိဂ္ပြဲမတိုင္ခင္ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ ရရွိခဲ့တာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ ၾကာသပေတးေန႔က ကလပ္ဘရုဂ်္နဲ႔ ယူရိုပါလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ့သလို သူ႕ေနရာမွာ တိုက္စစ္မွဴးသစ္ အုိဒီယြန္ အီဂါလိုက ဝင္ကစားၿပီး အသင္းအတြက္ ပထမဆုံးဂိုးကိုလည္း သြင္းယူႏုိင္ခဲ့ပါတယ္။

မာစီယယ္လ္နဲ႔ ပတ္သက္လို႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက”ေလ့က်င့္ေရးလုပ္ေနရင္း သူ သြားလာရတာ အဆင္မေျပေတာ့ပါဘူး။ ေလ့က်င့္ေရးအစီအစဥ္ မၿပီးခင္မွာပဲ ထြက္လိုက္ရပါတယ္။ သူ ဒဏ္ရာရသြားပါတယ္။ ဒဏ္ရာမျပင္းထန္ေအာင္ပဲ ေမွ်ာ္လင့္ရမွာေပါ့”လို႔ မန္ယူတီဗီကို ေျပာသြားပါတယ္။

ဒီျပင္သစ္္တုိက္စစ္မွဴးရဲ႕ ဒဏ္ရာက ဘယ္ေလာက္နားရမလဲကိုေတာ့ နည္းျပ ဆိုးလ္ရွားက ေျပာမသြားဘဲ အခုအေျခအေနအရေတာ့ အဲဗာတန္နဲ႔ပြဲစဥ္ကို သူ လြဲေခ်ာ္ႏိုင္ေၾကာင္းလည္း ခန္႔မွန္းရပါတယ္။

မာစီယယ္လ္ဟာ ကလပ္ဘရုဂ်္နဲ႔ ပထမအေက်ာ့တုန္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ ေခ်ပဂိုးသြင္းခဲ့သူျဖစ္ၿပီး အဓိကတိုက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ဒဏ္ရာရၿပီးေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကို အဓိက ဦးေဆာင္ေနရသူလည္းျဖစ္ပါတယ္။ ဒါဟာ ၿပိဳင္ပြဲအရပ္ရပ္မွာေတာ့ ၃၁ ပြဲကစားၿပီး ၁၅ ဂိုးသြင္းေပးထားတဲ့ သူ႕အတြက္ ဒီရာသီမွာ ဒုတိယဒဏ္ရာျဖစ္ၿပီး နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ တိုက္စစ္မွဴးသစ္ အီဂါလိုကိုပဲ ဆက္လက္အသံုးျပဳရဖို႔ရွိေၾကာင္း သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအတွက် နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးသွင်းထားတဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ ကြွက်သားဒဏ်ရာတစ်ရပ်ကြောင့် အခုတစ်ပတ် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ဒီဒဏ်ရာကို ယူရိုပါလိဂ်ပွဲမတိုင်ခင် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် ကြာသပတေးနေ့က ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့သလို သူ့နေရာမှာ တိုက်စစ်မှူးသစ် အိုဒီယွန် အီဂါလိုက ဝင်ကစားပြီး အသင်းအတွက် ပထမဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

မာစီယယ်လ်နဲ့ ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက”လေ့ကျင့်ရေးလုပ်နေရင်း သူ သွားလာရတာ အဆင်မပြေတော့ပါဘူး။ လေ့ကျင့်ရေးအစီအစဉ် မပြီးခင်မှာပဲ ထွက်လိုက်ရပါတယ်။ သူ ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာမပြင်းထန်အောင်ပဲ မျှော်လင့်ရမှာပေါ့”လို့ မန်ယူတီဗီကို ပြောသွားပါတယ်။

ဒီပြင်သစ်တိုက်စစ်မှူးရဲ့ ဒဏ်ရာက ဘယ်လောက်နားရမလဲကိုတော့ နည်းပြ ဆိုးလ်ရှားက ပြောမသွားဘဲ အခုအခြေအနေအရတော့ အဲဗာတန်နဲ့ပွဲစဉ်ကို သူ လွဲချော်နိုင်ကြောင်းလည်း ခန့်မှန်းရပါတယ်။

မာစီယယ်လ်ဟာ ကလပ်ဘရုဂျ်နဲ့ ပထမအကျော့တုန်းက မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုးသွင်းခဲ့သူဖြစ်ပြီး အဓိကတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ဒဏ်ရာရပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်တိုက်စစ်ကို အဓိက ဦးဆောင်နေရသူလည်းဖြစ်ပါတယ်။ ဒါဟာ ပြိုင်ပွဲအရပ်ရပ်မှာတော့ ၃၁ ပွဲကစားပြီး ၁၅ ဂိုးသွင်းပေးထားတဲ့ သူ့အတွက် ဒီရာသီမှာ ဒုတိယဒဏ်ရာဖြစ်ပြီး နည်းပြ ဆိုးလ်ရှားအတွက်တော့ တိုက်စစ်မှူးသစ် အီဂါလိုကိုပဲ ဆက်လက်အသုံးပြုရဖို့ရှိကြောင်း သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.