Premier League Transfer News UCL&UEL

2 Dec နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ပေါ်တိုနဲ့ပွဲမှာ ခြေစွမ်းဆိုးရွားနေခဲ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့ ဖြတ်သန်းခဲ့တဲ့ ငါးနှစ်တာမှာ စိတ်ကျေနပ်စရာခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိခဲ့တဲ့ ဘယ်တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို အမြန်ဆုံးရောင်းချပစ်ဖို့ ပရိသတ်တွေ တောင်းဆိုနေကြ။

– ဒီရာသီ ဗလင်စီယာအသင်းမှာ အခွင့်အရေး နည်းပါးနေခဲ့တဲ့ ကွင်းလယ်လူ လီဂန်းအင်းကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေပြီး အသင်းနဲ့ ၂၀၂၂ အထိ စာချုပ်ကို သက်တမ်းမတိုးဘူးလို့ ဆိုထားတဲ့ တောင်ကိုရီးယားသားကို ဈေးသက်သက်သာသာ ရရှိနိုင်ဖို့ မျှော်လင့်နိုင်။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို လူမျိုးရေးခွဲခြားသူလို့ ပေါ်တိုအသင်းက ပြိုင်ဘက် ဘင်ဖီကာရဲ့ ကစားသမားဟောင်းမို့လို့ မုန်းတီးရင်းစွဲနဲ့ တံဆိပ်ကပ်လိုက်ပြီး သူတို့အသင်းရဲ့က ထုတ်ဝေတဲ့ သတင်းလွှာမှာ ရေးသားတိုက်ခိုက်သွားခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီလောက်ငွေကြေးတွေ သုံးစွဲထားပြီး သူတို့ကို အနိုင်မယူနိုင်ဘူးလို့ ပေါ်တိုနည်းပြ ဆာဂျီယို ကွန်ဆေးဆားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပြီး ငွေကြေးက အဆင့်အတန်းကို ဝယ်လို့မရဘူးလို့ ထိုးနှက်သွား။

– မှတ်တမ်းမှတ်ရာ အချက်အလက်တွေအရ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်တို့ မပါဝင်ရင် အနိုင်ရဖို့ ခက်ခဲလေ့ရှိကြောင်း Goal.com ရေးသား။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးရဲ့ ဒီရာသီပွဲစဉ်အချို့မှာ ကစားခွင့် ပြန်လည်ရယူနိုင်ခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ကို အလိုရှိနေပြီး ရောင်းချမယ်ဆိုရင် ဇန်နဝါရီကာလမှာ စကားပြော ဆွေးနွေးခွင့်ပြုဖို့ တောင်းဆိုထား။

– မွန်ချန်ဂလာဘက်ချ်အသင်းအနေနဲ့တော့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ရောင်းချဖို့ ဈေးကိုင်နိုင်ဖွယ်ရှိပြီး မန်ချက်စတာစီးတီးရဲ့ ပထမဆုံး တိကျသေချာတဲ့ စိတ်ဝင်စားမှုကို ထုတ်ဖော်ခဲ့အပြီးမှာ နွေရာသီတုန်းက ကောလဟာတွေ ထွက်ခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေကပါ ယှဉ်ပြိုင်ခေါ်ယူဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေပၚတိုနဲ႔ပြဲမွာ ေျခစြမ္းဆိုး႐ြားေနခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းနဲ႔ ျဖတ္သန္းခဲ့တဲ့ ငါးႏွစ္တာမွာ စိတ္ေက်နပ္စရာေျခစြမ္းမ်ိဳး ျပသႏိုင္ျခင္း မရွိခဲ့တဲ့ ဘယ္ေတာင္ပံကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုကို အျမန္ဆုံးေရာင္းခ်ပစ္ဖို႔ ပရိသတ္ေတြ ေတာင္းဆိုေနၾက။

– ဒီရာသီ ဗလင္စီယာအသင္းမွာ အခြင့္အေရး နည္းပါးေနခဲ့တဲ့ ကြင္းလယ္လူ လီဂန္းအင္းကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနၿပီး အသင္းနဲ႔ ၂၀၂၂ အထိ စာခ်ဳပ္ကို သက္တမ္းမတိုးဘူးလို႔ ဆိုထားတဲ့ ေတာင္ကိုရီးယားသားကို ေဈးသက္သက္သာသာ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားကို လူမ်ိဳးေရးခြဲျခားသူလို႔ ေပၚတိုအသင္းက ၿပိဳင္ဘက္ ဘင္ဖီကာရဲ႕ ကစားသမားေဟာင္းမို႔လို႔ မုန္းတီးရင္းစြဲနဲ႔ တံဆိပ္ကပ္လိုက္ၿပီး သူတို႔အသင္းရဲ႕က ထုတ္ေဝတဲ့ သတင္းလႊာမွာ ေရးသားတိုက္ခိုက္သြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေလာက္ေငြေၾကးေတြ သုံးစြဲထားၿပီး သူတို႔ကို အႏိုင္မယူႏိုင္ဘူးလို႔ ေပၚတိုနည္းျပ ဆာဂ်ီယို ကြန္ေဆးဆားက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ၿပီး ေငြေၾကးက အဆင့္အတန္းကို ဝယ္လို႔မရဘူးလို႔ ထိုးႏွက္သြား။

– မွတ္တမ္းမွတ္ရာ အခ်က္အလက္ေတြအရ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္တို႔ မပါဝင္ရင္ အႏိုင္ရဖို႔ ခက္ခဲေလ့ရွိေၾကာင္း Goal.com ေရးသား။

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးရဲ႕ ဒီရာသီပြဲစဥ္အခ်ိဳ႕မွာ ကစားခြင့္ ျပန္လည္ရယူႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို အလိုရွိေနၿပီး ေရာင္းခ်မယ္ဆိုရင္ ဇန္နဝါရီကာလမွာ စကားေျပာ ေဆြးေႏြးခြင့္ျပဳဖို႔ ေတာင္းဆိုထား။

– မြန္ခ်န္ဂလာဘက္ခ်္အသင္းအေနနဲ႔ေတာ့ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေရာင္းခ်ဖို႔ ေဈးကိုင္ႏိုင္ဖြယ္ရွိၿပီး မန္ခ်က္စတာစီးတီးရဲ႕ ပထမဆုံး တိက်ေသခ်ာတဲ့ စိတ္ဝင္စားမႈကို ထုတ္ေဖာ္ခဲ့အၿပီးမွာ ေႏြရာသီတုန္းက ေကာလဟာေတြ ထြက္ခဲ့ဖူးတဲ့ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြကပါ ယွဥ္ၿပိဳင္ေခၚယူဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.