Premier League

ေတာ့တင္ဟမ္ေဟာ့စပါးစ္အတြက္ ၆ ပတ္အတြင္း ဟာရီကိန္း ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာ

ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ တိုက္စစ္မွဴး ဟာရီကိန္းဟာ ဧၿပီလဆန္းပိုင္းမွာ ျပန္ကစားႏိုင္ဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ အဂၤလန္လက္ေရြးစင္အသင္းတို႔အတြက္ အားတက္စရာ သတင္းေကာင္းတစ္ရပ္လည္း ျဖစ္လာခဲ့ပါတယ္။

စပါးစ္အသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳကေတာ့ ဒီရာသီမွာ ဟာရီကိန္း ျပန္ကစားႏိုင္မယ့္ရက္ကို မတြက္ေတာ့ဘူးလို႔ ေျပာထားခဲ့ေပမယ့္ The Sun ရဲ႕ သံုးသပ္ခ်က္အရ အဂၤလန္အသင္းေခါင္းေဆာင္ရဲ႕ ဒဏ္ရာတိုးတက္မႈက ထင္ထားတာထက္ ပိုေကာင္းေနၿပီး လာမယ့္ ၆ ပတ္အတြင္းမွာ ျပန္ကစားႏိုင္မယ္လို႔လည္း ဆိုပါတယ္။

ဒီသတင္းကေတာ့ အဂၤလန္လက္ေရြးစင္နည္းျပ ဂယ္ရက္သ္ ေဆာက္ဂိတ္အတြက္ေတာ့ သတင္းေကာင္းျဖစ္ၿပီး အေစာပိုင္းက ယူရို၂၀၂၀ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ေတာ့မယ္လို႔ ထင္ထားတဲ့ ဟာရီကိန္းအစား ေနာက္ထပ္တိုက္စစ္မွဴးသစ္တစ္ေယာက္ကို အခ်ိန္မီ ေလ့က်င့္ေပးၿပီး သံုးစြဲဖို႔ေတာင္ စဥ္းစားေနခဲ့ရတာပါ။

ဟယ္ရီကိန္းဟာ ၂၀၂၀ ခုႏွစ္ရဲ႕ New Year ေန႔ ေဆာက္သမ္တန္ကို ႐ွဳံးခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ပိုင္း ပရိသတ္ျမင္ကြင္းက လုံးဝေပ်ာက္ကြယ္ေနတာလည္းျဖစ္ၿပီး မတ္လရဲ႕ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့ရင္ေတာ့ ပရီးမီးယားလိဂ္ လက္က်န္ပြဲစဥ္ ၇ ပြဲေလာက္ကိုလည္း ပါ၀င္ကစားႏိုင္ေျခရွိပါတယ္။

ဒီအသက္ ၂၆ ႏွစ္အရြယ္ တုိက္စစ္မွဴးနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းကေတာ့ သူ႕အေနနဲ႔ အျမန္ဆံုးျပန္ကစားႏိုင္ဖို႔ ဆႏၵျပင္းျပေနတယ္လို႔ ဆိုခဲ့ေပမယ့္ စပါးစ္အသင္းကေတာ့ အလ်င္စလို စြန္႔စားသံုးစြဲဦးမွာမဟုတ္ဘဲ စိတ္ခ်ရေလာက္တဲ့ အေျခအေနအထိ ေစာင့္ၾကည့္သြားဖို႔ရွိေနၿပီး တျခားဒဏ္ရာရ ကစားသမားေတြ ျဖစ္ၾကတဲ့ ဆြန္ေဟာင္မင္နဲ႔ ဆစ္ဆုိကိုတုိ႔ရဲ႕ ဒဏ္ရာေတြလည္း တုိးတက္မွဳ ျမန္ဆန္ေနလို႔ ရာသီမကုန္ခင္ ပါဝင္လာႏုိင္ဖြယ္ရွိေနတယ္လုိ႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဧပြီလဆန်းပိုင်းမှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့အတွက် အားတက်စရာ သတင်းကောင်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

စပါးစ်အသင်းနည်းပြ ဟိုဆေးမော်ရင်ညိုကတော့ ဒီရာသီမှာ ဟာရီကိန်း ပြန်ကစားနိုင်မယ့်ရက်ကို မတွက်တော့ဘူးလို့ ပြောထားခဲ့ပေမယ့် The Sun ရဲ့ သုံးသပ်ချက်အရ အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့ ဒဏ်ရာတိုးတက်မှုက ထင်ထားတာထက် ပိုကောင်းနေပြီး လာမယ့် ၆ ပတ်အတွင်းမှာ ပြန်ကစားနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းကတော့ အင်္ဂလန်လက်ရွေးစင်နည်းပြ ဂယ်ရက်သ် ဆောက်ဂိတ်အတွက်တော့ သတင်းကောင်းဖြစ်ပြီး အစောပိုင်းက ယူရို၂၀၂၀ပြိုင်ပွဲနဲ့ လွဲချော်တော့မယ်လို့ ထင်ထားတဲ့ ဟာရီကိန်းအစား နောက်ထပ်တိုက်စစ်မှူးသစ်တစ်ယောက်ကို အချိန်မီ လေ့ကျင့်ပေးပြီး သုံးစွဲဖို့တောင် စဉ်းစားနေခဲ့ရတာပါ။

ဟယ်ရီကိန်းဟာ ၂၀၂၀ ခုနှစ်ရဲ့ New Year နေ့ ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း ပရိသတ်မြင်ကွင်းက လုံးဝပျောက်ကွယ်နေတာလည်းဖြစ်ပြီး မတ်လရဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၇ ပွဲလောက်ကိုလည်း ပါဝင်ကစားနိုင်ခြေရှိပါတယ်။

ဒီအသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ သူ့အနေနဲ့ အမြန်ဆုံးပြန်ကစားနိုင်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဆိုခဲ့ပေမယ့် စပါးစ်အသင်းကတော့ အလျင်စလို စွန့်စားသုံးစွဲဦးမှာမဟုတ်ဘဲ စိတ်ချရလောက်တဲ့ အခြေအနေအထိ စောင့်ကြည့်သွားဖို့ရှိနေပြီး တခြားဒဏ်ရာရ ကစားသမားတွေ ဖြစ်ကြတဲ့ ဆွန်ဟောင်မင်နဲ့ ဆစ်ဆိုကိုတို့ရဲ့ ဒဏ်ရာတွေလည်း တိုးတက်မှု မြန်ဆန်နေလို့ ရာသီမကုန်ခင် ပါဝင်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.