Premier League Transfer News UCL&UEL

2 Dec ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာကို စိတ်ဝင်စားချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကြောင်း ချဲလ်ဆီးအသင်းနဲ့ သြစတြီးယားလက်ရွေးစင်တို့ အပြန်အလှည်အတည်ပြု။

ချဲလ်ဆီးအသင်းဟာ နည်းပြ ဖရန့် လမ်းပတ်လက်အောက်မှာ အပြစ်ပြောစရာမရှိလောက်အောင် ကောင်းမွန်နေပြီလို့ ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က ချီးကျူးလိုက်ပြီး ချန်ပီယံလိဂ်မှာရော ပရီးမီးယားလိဂ်မှာပါ စစ်မှန်တဲ့ စိန်ခေါ်သူဖြစ်လာလိမ့်မယ်လို့ ပြောကြား။

လာမယ့် ဆီဗီလားနဲ့ပွဲအတွက် အသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာ ကင်းစင်နေတယ်လို့ လမ်းပတ်အတည်ပြုခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ဘီလီ ဂီးလ်မိုးနဲ့အတူ အိုဒွိုင်းတို့ကို ပွဲထွက် ကစားစေဖွယ်ရှိနေ။

UEFA က အတည်ပြုထုတ်ပြန်လိုက်တဲ့ ၂၀၂၀ ခုနှစ်ရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ချယ်လ်ဆီးအသင်းက သီယာဂို ဆေးလ်ဗားနဲ့ ခိုင်ဟာဗတ်ဇ်တို့ ပါဝင်လာ။

မန်စီးတီးနဲ့ပွဲမှာ ပေါ်တိုအတွက် အထူးခြေစွမ်းပြကစားပြီး မန်စီးတီးတိုက်စစ်ကို လှုပ်မရအောင် ထိန်းချုပ်သွားခဲ့တဲ့ မာလန်း ဆားရ်ကို ပရိသတ်တွေက အားရနေပြီး သူ့ကို အမြန်ဆုံး ပြန်ခေါ်ယူဖို့ လမ်းပတ် တိုက်တွန်းခံထားရ။

ဆီဗီလာနည်းပြ လိုပီတယ်ဟီက ချယ်လ်ဆီးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံးအသင်းဖြစ်တယ်လို့ ချီးကျူးမှုပြုလုပ်ခဲ့ပြီး လီဗာပူးလ်၊ မန်စီးတီး၊ စပါးစ်တို့ကို ကျော်လွန်ကာ လမ်းပတ်ရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိကြောင်းဆို။

ချယ်လ်ဆီး-စပါးစ်နဲ့ပွဲက မော်ရင်ညိုရဲ့ နည်းဗျူဟာ ချမှတ်မှုဟာ ဘန်ချေးလ်ဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့ ဘယ်ညာအစွန်နှစ်ဦးစလုံးကို ဆွံ့အပြီး ရှော့ခ်ရသွားစေခဲ့တယ်လို့ ဂယ်ရီ နဗီးလ်သုံးသပ်ခဲ့ပြီး သူတို့နှစ်ဦးလုံး တိုက်စစ်မဆင်တတ်တော့လောက်အောင် အကြံကုန်သွားခဲ့ကြောင်းဆို။

လစ်လပ်နေတဲ့ ဒါဘီအသင်းရဲ့ နည်းပြနေရာအတွက် ဆာလောင်မှုပြင်းပြပြီး အောင်မြင်လိုစိတ်ကြီးမားသူ ဂျွန်တယ်ရီနဲ့သာ အသင့်တော်ဆုံးဖြစ်ကြောင်း လမ်းပတ်က သူငယ်ချင်းကောင်းကို ထောက်ခံပေးသွားခဲ့ပြီး သူ့ရဲ့ နည်းပြဘဝကို စတင်ချိန်ရောက်ပြီလို့ အမှာပါးခဲ့။

ဝေဖန်မှုတွေနဲ့ ပွက်လောရိုက်သွားစေပြီး လူမုန်းများနေတဲ့ VAR စနစ်ဟာ ဘောလုံးလောကအတွက် အပေါင်းလက္ခဏာဖြစ်တယ်လို့ ဂျော်ဂျင်ဟိုက ယုံကြည်နေပြီး VAR ဟာ ဘောလုံးပွဲတွေကို ဖျက်ဆီးနေခြင်းမရှိဘဲ အကူအညီပေးနေခြင်းသာဖြစ်ကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္မယ့္ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာကို စိတ္ဝင္စားခ်ိတ္ဆက္ေနတယ္ဆိုတဲ့ သတင္းေတြက မဟုတ္မွန္ေၾကာင္း ခ်ဲလ္ဆီးအသင္းနဲ႔ ၾသစႀတီးယားလက္ေ႐ြးစင္တို႔ အျပန္အလွည္အတည္ျပဳ။

ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ဖရန႔္ လမ္းပတ္လက္ေအာက္မွာ အျပစ္ေျပာစရာမရွိေလာက္ေအာင္ ေကာင္းမြန္ေနၿပီလို႔ ကြင္းလယ္လူေဟာင္း ဂ်ိဳးကိုးလ္က ခ်ီးက်ဴးလိုက္ၿပီး ခ်န္ပီယံလိဂ္မွာေရာ ပရီးမီးယားလိဂ္မွာပါ စစ္မွန္တဲ့ စိန္ေခၚသူျဖစ္လာလိမ့္မယ္လို႔ ေျပာၾကား။

လာမယ့္ ဆီဗီလားနဲ႔ပြဲအတြက္ အသင္းလူစာရင္းမွာ ဒဏ္ရာျပႆနာ ကင္းစင္ေနတယ္လို႔ လမ္းပတ္အတည္ျပဳခဲ့ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ ဘီလီ ဂီးလ္မိုးနဲ႔အတူ အိုဒြိဳင္းတို႔ကို ပြဲထြက္ ကစားေစဖြယ္ရွိေန။

UEFA က အတည္ျပဳထုတ္ျပန္လိုက္တဲ့ ၂၀၂၀ ခုႏွစ္ရဲ႕ တႏွစ္တာအေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာ ခ်ယ္လ္ဆီးအသင္းက သီယာဂို ေဆးလ္ဗားနဲ႔ ခိုင္ဟာဗတ္ဇ္တို႔ ပါဝင္လာ။

မန္စီးတီးနဲ႔ပြဲမွာ ေပၚတိုအတြက္ အထူးေျခစြမ္းျပကစားၿပီး မန္စီးတီးတိုက္စစ္ကို လႈပ္မရေအာင္ ထိန္းခ်ဳပ္သြားခဲ့တဲ့ မာလန္း ဆားရ္ကို ပရိသတ္ေတြက အားရေနၿပီး သူ႔ကို အျမန္ဆုံး ျပန္ေခၚယူဖို႔ လမ္းပတ္ တိုက္တြန္းခံထားရ။

ဆီဗီလာနည္းျပ လိုပီတယ္ဟီက ခ်ယ္လ္ဆီးဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္ အေကာင္းဆုံးအသင္းျဖစ္တယ္လို႔ ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ၿပီး လီဗာပူးလ္၊ မန္စီးတီး၊ စပါးစ္တို႔ကို ေက်ာ္လြန္ကာ လမ္းပတ္ရဲ႕ စြမ္းေဆာင္ရည္ကို အထင္ႀကီးမိေၾကာင္းဆို။

ခ်ယ္လ္ဆီး-စပါးစ္နဲ႔ပြဲက ေမာ္ရင္ညိဳရဲ႕ နည္းဗ်ဴဟာ ခ်မွတ္မႈဟာ ဘန္ေခ်းလ္ဝဲလ္နဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ ဘယ္ညာအစြန္ႏွစ္ဦးစလုံးကို ဆြံ႕အၿပီး ေရွာ့ခ္ရသြားေစခဲ့တယ္လို႔ ဂယ္ရီ နဗီးလ္သုံးသပ္ခဲ့ၿပီး သူတို႔ႏွစ္ဦးလုံး တိုက္စစ္မဆင္တတ္ေတာ့ေလာက္ေအာင္ အႀကံကုန္သြားခဲ့ေၾကာင္းဆို။

လစ္လပ္ေနတဲ့ ဒါဘီအသင္းရဲ႕ နည္းျပေနရာအတြက္ ဆာေလာင္မႈျပင္းျပၿပီး ေအာင္ျမင္လိုစိတ္ႀကီးမားသူ ဂြၽန္တယ္ရီနဲ႔သာ အသင့္ေတာ္ဆုံးျဖစ္ေၾကာင္း လမ္းပတ္က သူငယ္ခ်င္းေကာင္းကို ေထာက္ခံေပးသြားခဲ့ၿပီး သူ႔ရဲ႕ နည္းျပဘဝကို စတင္ခ်ိန္ေရာက္ၿပီလို႔ အမွာပါးခဲ့။

ေဝဖန္မႈေတြနဲ႔ ပြက္ေလာ႐ိုက္သြားေစၿပီး လူမုန္းမ်ားေနတဲ့ VAR စနစ္ဟာ ေဘာလုံးေလာကအတြက္ အေပါင္းလကၡဏာျဖစ္တယ္လို႔ ေဂ်ာ္ဂ်င္ဟိုက ယုံၾကည္ေနၿပီး VAR ဟာ ေဘာလုံးပြဲေတြကို ဖ်က္ဆီးေနျခင္းမရွိဘဲ အကူအညီေပးေနျခင္းသာျဖစ္ေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.