Premier League

ပေါ်တို ၀-၀ မန်စီးတီးပွဲအပြီး ထူးခြားဖြစ်ရပ် ၇ ချက်

အဓိက ကစားသမားတွေကို အနားပေးခဲ့တဲ့ မန်စီးတီး – ဘန်လေကို ၅ ဂိုးပြတ်နိုင်ခဲ့တဲ့ လူစာရင်းကို နည်း​ပြဂွာဒီယိုလာက ၇ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဒီဘရိုင်းနား၊ မာရက်ဇ် နဲ့ ခိုင်လ်ဝေါလ်ကာ စတဲ့ အဓိက ကစားသမားတွေကို အနားပေးခဲ့သလို ဇင်ချန်ကို ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ခံစစ်မာကျောတဲ့ ပေါ်တို – တမှတ်ရရင် နောက်တဆင့်တက်ဖို့ သေချာပြီဖြစ်တဲ့ ပေါ်တိုက ခံစစ်ကို လုံနေအောင် ကစားသွားပြီး မာကျောတဲ့ ကစားဟန်ကို ပြသသွားခဲ့ပါတယ်။ မန်စီးတီးတို့ စိုးမိုးနိုင်ခဲ့ပေမယ့် ဂိုးရဖို့ အခက်တွေ့ခဲ့သလို ပေါ်တိုကလည်း တန်ပြန်တိုက်စစ်ကို ချောင်းကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အီဒါဆန်အတွက် အလုပ်မရှိသလေက် နည်းပါးခဲ့ပြီး သက်သောင့်သက်သာဖြစ်ခဲ့ပါတယ်။

ဒေးဗစ် ဆေးလ်ဗားနေရာ ဆက်ခံမယ့် ဖီးလ်ဖိုဒန် – မန်စီးတီးမှာ ကွက်လပ်ဖြစ်သွားခဲ့တဲ့ ဒေးဗစ် ဆေးလ်ဗားရဲ့နေရာကို ဆက်ခံဖို့ ဖီးလ်ဖိုဒန်က အဆင်သင့်ရှိနေကြောင်း ထပ်မံသက်သေပြသွားခဲ့သလို သူ့ရဲ့ ထိုက်တန်မှုကို ကြေငြာသွားခဲ့ပါတယ်။ မန်စီးတီးတခေတ်မှာ ဆေးလ်ဗားက ပခုံးထမ်းတင်ပေးခဲ့​ပြီး ဒီလိုအရိပ်အယောင်မျိုးကို ဖိုဒန်ဆီက မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

တောက်ပခဲ့တဲ့ ပေါ်တိုဂိုးသမား အော်ဂတ်စတင်း – ပေါ်တိုအသင်းကို ၂၀၁၉ ခုနှစ်ကမှ ပြောင်းရွေ့ကစားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဂိုးသမား အော်ဂတ်စတင်းဟာ ကစားသမားဘဝနေဝင်ချိန်မှ တောက်ပလာခဲ့သူဖြစ်ပြီး ဝါရင့်ဂိုးသမား ကာစီးလက်စ်ရဲ့ နေရာကို ဆက်ခံခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရမယ့် လက်စွမ်းပြမှုကို ပြသခဲ့ပါတယ်။

အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်ကို တက်တဲ့ မန်စီးတီး – လက်ကျန်တပွဲ ကျန်ရှိနေပေမယ့် ဒီပွဲမှာ သရေရလဒ်နဲ့ တမှတ်စီခွဲယူခဲ့ကြတဲ့ မန်စီးတီးနဲ့ ပေါ်တိုအသင်းတို့ကပဲ နောက်တဆင့်​ကို တက်ရောက်ခဲ့ပြီး ရှုံးထွက်အဆင့်ကို မန်စီးတီးက အုပ်စု ပထမနေရာနဲ့ တက်ရောက်ခဲ့တာပါ။

ဂါဘရီယယ်လ် ဟေးဆု ဂိုးရခဲ့ပေမယ့် – ပေါ်တိုကို နောက်ကျအနိုင်ဂိုးအဖြစ် ခေါင်းတိုက် သွင်းခဲ့တဲ့ လူစားဝင်ကစားသမား ဟေးဆုရဲ့ ဂိုးက ကန်ဆယ်လို လူကျွံနေလို့ ငြင်းပယ်ခံခဲ့ရပါတယ်။ ဂိုးသမား သြဂတ်စတင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ရှားရှားပါးပါး အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ဘာနက်ဒိုလား၊ ဖိုဒန်လား – နှစ်ဦးလုံးက ပထမပွဲထွက်ခွင့်အတွက် စိန်ခေါ်နေသလို ဖိုဒန်ရဲ့ ဒီနေ့ခြေစွမ်းက ထိပ်တန်း အဆင့်မီနေပြီး ဂွာဒီယိုလာရဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရတဲ့ ဖိုဒန်က ဖူလ်ဟမ်နဲ့ပွဲမှာ ထပ်ပြီး အခွင့်အရေး​ပေးခံရဖို့ ရှိနေပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဓိက ကစားသမားေတြကို အနားေပးခဲ့တဲ့ မန္စီးတီး – ဘန္ေလကို ၅ ဂိုးျပတ္ႏိုင္ခဲ့တဲ့ လူစာရင္းကို နည္း​ျပဂြာဒီယိုလာက ၇ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဒီဘ႐ိုင္းနား၊ မာရက္ဇ္ နဲ႔ ခိုင္လ္ေဝါလ္ကာ စတဲ့ အဓိက ကစားသမားေတြကို အနားေပးခဲ့သလို ဇင္ခ်န္ကို ပြဲထြက္ခြင့္ရခဲ့ပါတယ္။

ခံစစ္မာေက်ာတဲ့ ေပၚတို – တမွတ္ရရင္ ေနာက္တဆင့္တက္ဖို႔ ေသခ်ာၿပီျဖစ္တဲ့ ေပၚတိုက ခံစစ္ကို လုံေနေအာင္ ကစားသြားၿပီး မာေက်ာတဲ့ ကစားဟန္ကို ျပသသြားခဲ့ပါတယ္။ မန္စီးတီးတို႔ စိုးမိုးႏိုင္ခဲ့ေပမယ့္ ဂိုးရဖို႔ အခက္ေတြ႕ခဲ့သလို ေပၚတိုကလည္း တန္ျပန္တိုက္စစ္ကို ေခ်ာင္းကစားခဲ့ပါတယ္။ ဒုတိယပိုင္းမွာ အီဒါဆန္အတြက္ အလုပ္မရွိသေလက္ နည္းပါးခဲ့ၿပီး သက္ေသာင့္သက္သာျဖစ္ခဲ့ပါတယ္။

ေဒးဗစ္ ေဆးလ္ဗားေနရာ ဆက္ခံမယ့္ ဖီးလ္ဖိုဒန္ – မန္စီးတီးမွာ ကြက္လပ္ျဖစ္သြားခဲ့တဲ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ေနရာကို ဆက္ခံဖို႔ ဖီးလ္ဖိုဒန္က အဆင္သင့္ရွိေနေၾကာင္း ထပ္မံသက္ေသျပသြားခဲ့သလို သူ႔ရဲ႕ ထိုက္တန္မႈကို ေၾကျငာသြားခဲ့ပါတယ္။ မန္စီးတီးတေခတ္မွာ ေဆးလ္ဗားက ပခုံးထမ္းတင္ေပးခဲ့​ၿပီး ဒီလိုအရိပ္အေယာင္မ်ိဳးကို ဖိုဒန္ဆီက ျမင္ေတြ႕ေနရၿပီ ျဖစ္ပါတယ္။

ေတာက္ပခဲ့တဲ့ ေပၚတိုဂိုးသမား ေအာ္ဂတ္စတင္း – ေပၚတိုအသင္းကို ၂၀၁၉ ခုႏွစ္ကမွ ေျပာင္းေ႐ြ႕ကစားခဲ့တဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ဂိုးသမား ေအာ္ဂတ္စတင္းဟာ ကစားသမားဘဝေနဝင္ခ်ိန္မွ ေတာက္ပလာခဲ့သူျဖစ္ၿပီး ဝါရင့္ဂိုးသမား ကာစီးလက္စ္ရဲ႕ ေနရာကို ဆက္ခံခဲ့တာပါ။ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ရမယ့္ လက္စြမ္းျပမႈကို ျပသခဲ့ပါတယ္။

အုပ္စုပထမနဲ႔ ရႈံးထြက္အဆင့္ကို တက္တဲ့ မန္စီးတီး – လက္က်န္တပြဲ က်န္ရွိေနေပမယ့္ ဒီပြဲမွာ သေရရလဒ္နဲ႔ တမွတ္စီခြဲယူခဲ့ၾကတဲ့ မန္စီးတီးနဲ႔ ေပၚတိုအသင္းတို႔ကပဲ ေနာက္တဆင့္​ကို တက္ေရာက္ခဲ့ၿပီး ရႈံးထြက္အဆင့္ကို မန္စီးတီးက အုပ္စု ပထမေနရာနဲ႔ တက္ေရာက္ခဲ့တာပါ။

ဂါဘရီယယ္လ္ ေဟးဆု ဂိုးရခဲ့ေပမယ့္ – ေပၚတိုကို ေနာက္က်အႏိုင္ဂိုးအျဖစ္ ေခါင္းတိုက္ သြင္းခဲ့တဲ့ လူစားဝင္ကစားသမား ေဟးဆုရဲ႕ ဂိုးက ကန္ဆယ္လို လူကြၽံေနလို႔ ျငင္းပယ္ခံခဲ့ရပါတယ္။ ဂိုးသမား ၾသဂတ္စတင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ရွားရွားပါးပါး အခိုက္အတန္႔လည္း ျဖစ္ခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ပြဲမွာ ဘာနက္ဒိုလား၊ ဖိုဒန္လား – ႏွစ္ဦးလုံးက ပထမပြဲထြက္ခြင့္အတြက္ စိန္ေခၚေနသလို ဖိုဒန္ရဲ႕ ဒီေန႔ေျခစြမ္းက ထိပ္တန္း အဆင့္မီေနၿပီး ဂြာဒီယိုလာရဲ႕ ဂုဏ္ျပဳျခင္းကို ခံခဲ့ရတဲ့ ဖိုဒန္က ဖူလ္ဟမ္နဲ႔ပြဲမွာ ထပ္ၿပီး အခြင့္အေရး​ေပးခံရဖို႔ ရွိေနပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.