Premier League

လီဗာပူးလ် ၁-၀ အိုင်းယက်စ်ပွဲအပြီး ထူးခြားဖြစ်ရပ် ၇ ချက်

အိုင်းရှစ်ရှ် ဂိုးသမား ကယ်လေဟာ – ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ အယ်လစ်ဆန် ဘက်ကာရဲ့ နေရာမှာ သူ့ကို ပွဲထွက်လာစေခဲဲ့ပြီး ကလော့ပ်က ခပ်ကြီးကြီး အံ့အားသင့်စရာတခုကို ဖန်တီးခဲ့တာပါ။ လုပ်စရာရှိတာတွေကို အကောင်းဆုံး လုပ်ပြသွားခဲ့ပြီး ဒီလူငယ်ဂိုးသမားကို လာမယ့် ဝုဗ်နဲ့ပွဲမှာလည်း စိတ်ချလက်ချ ပွဲထွက်ခွင့်ပေးလာဖို့ ရှိနေပါတယ်။

ဟက်ထရစ်နဲ့လွဲခဲ့တဲ့ ကားတစ်ဂျုံးစ် – လီဗာပူးလ်ရဲ့ အခက်ခဲဆုံး အကျပ်အတည်းမှာ လူငယ်ကစားသမား ကားတစ်ဂျုံးစ်က ကလော့ပ်အတွက် အဖြေတခုဖြစ်ခဲ့ပြီး သူ့ရဲ့ ကြိုးစားမှုက ပထမပိုင်းမှာကတည်းက ၂ဂိုးရဖို့နီးစပ်ခဲ့တာပါ။ ဒုတိယပိုင်း ဂိုးလိုအပ်နေတဲ့ အချိန်မှာ သူကအချိန်မီ ဂိုးသွင်းသွားခဲ့လို့ လီဗာပူးလ်တို့ ရှုံးထွက်အဆင့်ကို တက်သွားခဲ့ပါတယ်။

အခရာ အကျဆုံး မာတစ်ပ် – မာတစ်ပ်က ဒီပွဲကို အဓိကဦးဆောင်ပေးခဲ့တဲ့ ခံစစ်မှူး ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ မာတစ်ပ်ကို ဒီပွဲမှာ မပါဝင်နိုင်မှာကို အားလုံးက စိတ်ပူနေခဲ့ကြပေမယ့် ကြံ့ခိုင်မှုအပြည့်နဲ့ မာတစ်ပ်က လီဗာပူးလ်မှာ သူဘာလဲဆိုတာကို ပြသပြီး တာဝန်ယူစိတ်အပြည့်နဲ့ အကောင်းဆုံး ကစားသွားခဲ့ပါတယ်။

အိုင်းယတ်စ်ရဲ့ ထုတ်ကုန်သစ် – လူငယ်ကြယ်ပွင့်တွေကို အများအပြား မွေးထုတ်ပေးလေ့ရှိတဲ့ အိုင်းယတ်စ်အသင်းမှာ အဓိက ကစားသမားတွေ ထွက်ခွာသွားခဲ့ပေမယ့် ဒီနေ့ပွဲမှာ ဆယ်ကျော်သက်ကွင်းလယ်လူ ရိုင်ယန် ဂရေဗန်ဘာ့ချ် နဲ့ ဘရာဇီးလ်သား တိုက်စစ်မှူး အန်တိုနီတို့က အရည်အသွေးတွေ တောက်ပခဲ့သလို အနာဂတ်အတွက် မျက်စိကျစရာကောင်းခဲ့ပါတယ်။

လိုချင်တာကို အရယူခဲ့တဲ့ ကလော့ပ် – က​လော့ပ်အတွက်ကတော့ လိုချင်တာကို အရယူနိုင်ခဲ့ပြီး အကြီးအကျယ် အသက်ရှုချောင်သွားစေခဲ့တဲ့ နိုင်ပွဲပါ။ အုပ်စုပထမနေရာကနေ သက်သောင့်သက်သာနဲ့ နောက်တဆင့်တက်သွားပြီဖြစ်တဲ့ လီဗာပူးလ်ဟာ မစ်ဂျီလန်းနဲ့ အုပ်စုပိတ်ပွဲစဥ်မှာ အမှတ်မလိုတော့လို့ အဓိက ကစားသမားတွေကို ကောင်းကောင်းအနားပေးလို့ ရသွားခဲ့ပါပြီ။

စွယ်စုံရတဲ့ ဖာဘင်ညို – ကွင်းလယ်မှာ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးနဲ့ အသင်းကို ထိန်းကျောင်းမှုပေးပြီး ကစားနိုင်တဲ့ ဖာဘင်ညိုက ဒီနေ့မှာ ဗဟိုခံစစ်မှူးနေရာက ပွဲထွက်လာခဲ့ပြီး ကလော့ပ်ရဲ့ ဆုံးဖြတ်ခဲ့မှန်ကန်ခဲ့ကာ ​ခြေစွမ်းအနေနဲ့ အတော်လေးအံဝင်ခဲ့ပါတယ်။ လီဗာပူးလ်အတွက်တော့ ချန်လှပ်ထားလို့ မရတဲ့ ကစားသမားတွေဖြစ်တဲ့ မာတစ်ပ်နဲ့ ဖာဘင်ညိုအတွဲအဖက်ကို ဆက်တိုက်တွေ့မြင်လာရဖို့ ရှိနေပါတယ်။

ပရိသတ်မပါတဲ့ နောက်ဆုံးပွဲလေလား – နောက်လာမယ့် လီဗာပူးလ်ရဲ့ အိမ်ကွင်း အန်ဖီးလ်မြေမှာ အသင်းပရိသတ် လူဦးရေ ၂၀၀၀ က ကွင်းဝင်ခွင့် ရခဲ့ပါပြီ။ လီဗာပူးလ်အတွက်တော့ ပရိသတ်အားကို ရဦးမှာဖြစ်ပြီး ပရိသတ်ကရှေ့မှောက် လှလှပပ အသုံးတော်ခံလာဖို့ ရှိနေပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိုင္းရွစ္ရွ္ ဂိုးသမား ကယ္ေလဟာ – ဒီပြဲရဲ႕ အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရသူပါ။ အယ္လစ္ဆန္ ဘက္ကာရဲ႕ ေနရာမွာ သူ႔ကို ပြဲထြက္လာေစခဲဲ့ၿပီး ကေလာ့ပ္က ခပ္ႀကီးႀကီး အံ့အားသင့္စရာတခုကို ဖန္တီးခဲ့တာပါ။ လုပ္စရာရွိတာေတြကို အေကာင္းဆုံး လုပ္ျပသြားခဲ့ၿပီး ဒီလူငယ္ဂိုးသမားကို လာမယ့္ ဝုဗ္နဲ႔ပြဲမွာလည္း စိတ္ခ်လက္ခ် ပြဲထြက္ခြင့္ေပးလာဖို႔ ရွိေနပါတယ္။

ဟက္ထရစ္နဲ႔လြဲခဲ့တဲ့ ကားတစ္ဂ်ဳံးစ္ – လီဗာပူးလ္ရဲ႕ အခက္ခဲဆုံး အက်ပ္အတည္းမွာ လူငယ္ကစားသမား ကားတစ္ဂ်ဳံးစ္က ကေလာ့ပ္အတြက္ အေျဖတခုျဖစ္ခဲ့ၿပီး သူ႔ရဲ႕ ႀကိဳးစားမႈက ပထမပိုင္းမွာကတည္းက ၂ဂိုးရဖို႔နီးစပ္ခဲ့တာပါ။ ဒုတိယပိုင္း ဂိုးလိုအပ္ေနတဲ့ အခ်ိန္မွာ သူကအခ်ိန္မီ ဂိုးသြင္းသြားခဲ့လို႔ လီဗာပူးလ္တို႔ ရႈံးထြက္အဆင့္ကို တက္သြားခဲ့ပါတယ္။

အခရာ အက်ဆုံး မာတစ္ပ္ – မာတစ္ပ္က ဒီပြဲကို အဓိကဦးေဆာင္ေပးခဲ့တဲ့ ခံစစ္မႉး ျဖစ္ပါတယ္။ ဘ႐ိုက္တန္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့ မာတစ္ပ္ကို ဒီပြဲမွာ မပါဝင္ႏိုင္မွာကို အားလုံးက စိတ္ပူေနခဲ့ၾကေပမယ့္ ႀကံ့ခိုင္မႈအျပည့္နဲ႔ မာတစ္ပ္က လီဗာပူးလ္မွာ သူဘာလဲဆိုတာကို ျပသၿပီး တာဝန္ယူစိတ္အျပည့္နဲ႔ အေကာင္းဆုံး ကစားသြားခဲ့ပါတယ္။

အိုင္းယတ္စ္ရဲ႕ ထုတ္ကုန္သစ္ – လူငယ္ၾကယ္ပြင့္ေတြကို အမ်ားအျပား ေမြးထုတ္ေပးေလ့ရွိတဲ့ အိုင္းယတ္စ္အသင္းမွာ အဓိက ကစားသမားေတြ ထြက္ခြာသြားခဲ့ေပမယ့္ ဒီေန႔ပြဲမွာ ဆယ္ေက်ာ္သက္ကြင္းလယ္လူ ႐ိုင္ယန္ ဂေရဗန္ဘာ့ခ်္ နဲ႔ ဘရာဇီးလ္သား တိုက္စစ္မႉး အန္တိုနီတို႔က အရည္အေသြးေတြ ေတာက္ပခဲ့သလို အနာဂတ္အတြက္ မ်က္စိက်စရာေကာင္းခဲ့ပါတယ္။

လိုခ်င္တာကို အရယူခဲ့တဲ့ ကေလာ့ပ္ – က​ေလာ့ပ္အတြက္ကေတာ့ လိုခ်င္တာကို အရယူႏိုင္ခဲ့ၿပီး အႀကီးအက်ယ္ အသက္ရႈေခ်ာင္သြားေစခဲ့တဲ့ ႏိုင္ပြဲပါ။ အုပ္စုပထမေနရာကေန သက္ေသာင့္သက္သာနဲ႔ ေနာက္တဆင့္တက္သြားၿပီျဖစ္တဲ့ လီဗာပူးလ္ဟာ မစ္ဂ်ီလန္းနဲ႔ အုပ္စုပိတ္ပြဲစဥ္မွာ အမွတ္မလိုေတာ့လို႔ အဓိက ကစားသမားေတြကို ေကာင္းေကာင္းအနားေပးလို႔ ရသြားခဲ့ပါၿပီ။

စြယ္စုံရတဲ့ ဖာဘင္ညိဳ – ကြင္းလယ္မွာ ကမာၻ႔အဆင့္ ေျခစြမ္းမ်ိဳးနဲ႔ အသင္းကို ထိန္းေက်ာင္းမႈေပးၿပီး ကစားႏိုင္တဲ့ ဖာဘင္ညိဳက ဒီေန႔မွာ ဗဟိုခံစစ္မႉးေနရာက ပြဲထြက္လာခဲ့ၿပီး ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခဲ့မွန္ကန္ခဲ့ကာ ​ေျခစြမ္းအေနနဲ႔ အေတာ္ေလးအံဝင္ခဲ့ပါတယ္။ လီဗာပူးလ္အတြက္ေတာ့ ခ်န္လွပ္ထားလို႔ မရတဲ့ ကစားသမားေတြျဖစ္တဲ့ မာတစ္ပ္နဲ႔ ဖာဘင္ညိဳအတြဲအဖက္ကို ဆက္တိုက္ေတြ႕ျမင္လာရဖို႔ ရွိေနပါတယ္။

ပရိသတ္မပါတဲ့ ေနာက္ဆုံးပြဲေလလား – ေနာက္လာမယ့္ လီဗာပူးလ္ရဲ႕ အိမ္ကြင္း အန္ဖီးလ္ေျမမွာ အသင္းပရိသတ္ လူဦးေရ ၂၀၀၀ က ကြင္းဝင္ခြင့္ ရခဲ့ပါၿပီ။ လီဗာပူးလ္အတြက္ေတာ့ ပရိသတ္အားကို ရဦးမွာျဖစ္ၿပီး ပရိသတ္ကေရွ႕ေမွာက္ လွလွပပ အသုံးေတာ္ခံလာဖို႔ ရွိေနပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.