Premier League Transfer News UCL&UEL

2 Dec နေ့ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– နည်းပြ မီခယ်လ် အာတီတာဟာ သူ့ကို ဖြုတ်ထုတ်ပစ်ဖို့ မျှော်လင့်နေကြတဲ့ ပရိသတ်တချို့ရဲ့ အလိုဆန္ဒအတိုင်းတော့ အသင်းက မထွက်ရနိုင်ကြောင်းနဲ့ အပြင်ပန်းမှာ ဖိအားတွေရှိနေတဲ့ ပုံစံမျိုးဖြစ်ပေမယ့် ဘုတ်အဖွဲ့က စကတည်းက ရေရှည်အတွက် ထောက်ခံမှုပေးထားကြောင်း အွန်းစတိန်း ထုတ်ဖော်သွား။

– ဆောင်းရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းကို ဒေါင်ဒေါင်မြည်ဖြစ်အောင် ဗဟိုနောက်ခံလူ အားဖြည့်မှုအနေနဲ့ လက်ရှိ Deadwood တွေကို ရှင်းထုတ်နိုင်ပြီဆိုတာနဲ့ မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်းစ်ကို အာတီတာက သူနဲ့ ရင်းနှီးမှုတွေကို အသုံးပြုပြီး ခေါ်ယူသွားဖွယ်ရှိ။

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ သူတို့အသင်းအနေနဲ့ ၄-၃-၃ ကစားကွက်ကို တင်းပြည့်ကျပ်ပြည့် ကစားနိုင်ဖို့အတွက် ကစားသမား ၅ ဦး ၆ ဦးလောက် လျော့နည်းနေသေးတယ်လို့ပြောကြား။

– နီကိုလာ ပေပေအနေနဲ့ ဖိအားတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်နေခဲ့ရပေမယ့် နည်းပြ အာတီတာရဲ့ အစီအစဉ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး စပိန်သားနည်းပြအနေနဲ့ သူ့ကို ကောင်းကောင်း အားကိုးနိုင်လိမ့်မယ်လို့ ကီဗင် ကမ်းဘဲလ် ထောက်ခံသွားခဲ့။

– အသင်းမှာ အသားမကျသေးဘဲ ကစားခွင့်မရသေးတဲ့ဘဝကို ဖြတ်သန်းနေခဲ့ရတဲ့ ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ဇန်နဝါရီမှာ ခေါ်ယူပေးဖို့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာက သူ့ရဲ့ကလပ်အသင်း နိစ်ကို တောင်းဆိုထား။

– အာဆင်နယ်အသင်းရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမားဘယ်လောက် ခေါ်ယူအားဖြည့်သွားမလဲဆိုတာက လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ရလဒ်အပေါ်မှာ မူတည်လိမ့်မယ်လို့ အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်း သုံးသပ်။

– ရက်ပစ်ဗီယင်နာအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ ဝုလ်ဗ်စ်တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်နဲ့ ခေါင်းချင်းဆောင့်မိထားတဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ် ပါဝင်မှာ မဟုတ်ဘဲ စိတ်ချရအောင် အာဆင်နယ်အသင်းဘက်က အနားပေးသွားဖွယ်ရှိနေ။

– ဝီလီယန်ရဲ့ ချဲလ်ဆီးအသင်းက ကစားပုံအတွက် ပရိသတ်တစ်ဦးဖြစ်ခဲ့တယ်လို့ ဝန်ခံသွားခဲ့တဲ့ ပေါလ် မာဆန်အနေနဲ့ သူ့ရဲ့ အကြိုက် ဘရာဇီးလ်သားဟာ အာဆင်နယ်အသင်းမှာ ဘယ်လိုခြေစွမ်းကျသွားတယ်မသိဘူးလို့ ပြောကြားလိုက်ပြီး တိုက်စစ်မှူး အူဘာမီယန်း အတွက်လည်း ညည်းတွားသွားခဲ့။

– ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို အာဆင်နယ်အသင်းအနေနဲ့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပြီး ဇန်နဝါရီမှာ အရခေါ်ယူဖို့ လက်စတာနဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း အီမီးလ် ဟက်စကီးတိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– နည္းျပ မီခယ္လ္ အာတီတာဟာ သူ႔ကို ျဖဳတ္ထုတ္ပစ္ဖို႔ ေမွ်ာ္လင့္ေနၾကတဲ့ ပရိသတ္တခ်ိဳ႕ရဲ႕ အလိုဆႏၵအတိုင္းေတာ့ အသင္းက မထြက္ရႏိုင္ေၾကာင္းနဲ႔ အျပင္ပန္းမွာ ဖိအားေတြရွိေနတဲ့ ပုံစံမ်ိဳးျဖစ္ေပမယ့္ ဘုတ္အဖြဲ႕က စကတည္းက ေရရွည္အတြက္ ေထာက္ခံမႈေပးထားေၾကာင္း အြန္းစတိန္း ထုတ္ေဖာ္သြား။

– ေဆာင္းရာသီမွာ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခံစစ္ပိုင္းကို ေဒါင္ေဒါင္ျမည္ျဖစ္ေအာင္ ဗဟိုေနာက္ခံလူ အားျဖည့္မႈအေနနဲ႔ လက္ရွိ Deadwood ေတြကို ရွင္းထုတ္ႏိုင္ၿပီဆိုတာနဲ႔ မန္ခ်က္စတာစီးတီးေနာက္ခံလူ ဂြၽန္စတုန္းစ္ကို အာတီတာက သူနဲ႔ ရင္းႏွီးမႈေတြကို အသုံးျပဳၿပီး ေခၚယူသြားဖြယ္ရွိ။

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာက ယူ႐ိုပါလိဂ္ပြဲစဥ္မတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ သူတို႔အသင္းအေနနဲ႔ ၄-၃-၃ ကစားကြက္ကို တင္းျပည့္က်ပ္ျပည့္ ကစားႏိုင္ဖို႔အတြက္ ကစားသမား ၅ ဦး ၆ ဦးေလာက္ ေလ်ာ့နည္းေနေသးတယ္လို႔ေျပာၾကား။

– နီကိုလာ ေပေပအေနနဲ႔ ဖိအားေတြနဲ႔ အခက္အခဲေတြကို ရင္ဆိုင္ေနခဲ့ရေပမယ့္ နည္းျပ အာတီတာရဲ႕ အစီအစဥ္အတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးအျဖစ္ ရွိေနဆဲျဖစ္ၿပီး စပိန္သားနည္းျပအေနနဲ႔ သူ႔ကို ေကာင္းေကာင္း အားကိုးႏိုင္လိမ့္မယ္လို႔ ကီဗင္ ကမ္းဘဲလ္ ေထာက္ခံသြားခဲ့။

– အသင္းမွာ အသားမက်ေသးဘဲ ကစားခြင့္မရေသးတဲ့ဘဝကို ျဖတ္သန္းေနခဲ့ရတဲ့ ျပင္သစ္လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ဇန္နဝါရီမွာ ေခၚယူေပးဖို႔ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာက သူ႔ရဲ႕ကလပ္အသင္း နိစ္ကို ေတာင္းဆိုထား။

– အာဆင္နယ္အသင္းရဲ႕ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားဘယ္ေလာက္ ေခၚယူအားျဖည့္သြားမလဲဆိုတာက လာမယ့္ တနဂၤေႏြေန႔ညမွာ ကစားမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ရလဒ္အေပၚမွာ မူတည္လိမ့္မယ္လို႔ အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္း သုံးသပ္။

– ရက္ပစ္ဗီယင္နာအသင္းနဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္မွာ ဝုလ္ဗ္စ္တိုက္စစ္မႉး ရာအူးလ္ ဟီမီနက္ဇ္နဲ႔ ေခါင္းခ်င္းေဆာင့္မိထားတဲ့ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္ ပါဝင္မွာ မဟုတ္ဘဲ စိတ္ခ်ရေအာင္ အာဆင္နယ္အသင္းဘက္က အနားေပးသြားဖြယ္ရွိေန။

– ဝီလီယန္ရဲ႕ ခ်ဲလ္ဆီးအသင္းက ကစားပုံအတြက္ ပရိသတ္တစ္ဦးျဖစ္ခဲ့တယ္လို႔ ဝန္ခံသြားခဲ့တဲ့ ေပါလ္ မာဆန္အေနနဲ႔ သူ႔ရဲ႕ အႀကိဳက္ ဘရာဇီးလ္သားဟာ အာဆင္နယ္အသင္းမွာ ဘယ္လိုေျခစြမ္းက်သြားတယ္မသိဘူးလို႔ ေျပာၾကားလိုက္ၿပီး တိုက္စစ္မႉး အူဘာမီယန္း အတြက္လည္း ညည္းတြားသြားခဲ့။

– ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကို အာဆင္နယ္အသင္းအေနနဲ႔ မျဖစ္မေန လိုအပ္ေနၿပီျဖစ္ၿပီး ဇန္နဝါရီမွာ အရေခၚယူဖို႔ လက္စတာနဲ႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း အီမီးလ္ ဟက္စကီးတိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.