Premier League

ချာကာရဲ့အနီကတ်အတွက် နောက်ထပ်ကစားသမားတစ်ဦးကို အာတီတာအပြစ်တင်ရလိမ့်မယ်လို့ ပြောခဲ့တဲ့ ကာရေဂါ

ချာကာဟာ ယခုအပတ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်က အနီကတ်ကြောင့် လွဲချော်တော့မှာဖြစ်ပြီး လီဗာပူးလ်က ၂၄ မိနစ်မှာ တန်ပြန်တိုက်စစ်ဆင်နေချိန်မှာ ချာကာက ဘောလုံးဖျက်ထုတ်ခဲ့ရာမှာ ဂျိုတာကို ကန်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ချာကာဟာ ရောဘတ်ဆန်ရဲ့ ကန်တင်ပေးပို့မှုကို တားဆီးဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း ဘောလုံးအစား ဂျိုတာရဲ့ ရင်ဘတ်ကိုသာ ကန်မိခဲ့တာကြောင့် ရလဒ်အနေနဲ့ အရေးကြီးတဲ့ တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်သွားပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ သောမတ်စ် ပါတေး(အာဖရိကဖလား)၊ မိုဟာမက် အယ်လ်နန်နီ(အာဖရိကဖလား)၊ မာတင် အော်ဒီဂွါဒ်(နာမကျန်းဖြစ်)၊ စမစ် ရိုး(ဒဏ်ရာရ)တို့ကို ဆုံးရှုံးထားခဲ့ရပြီးဖြစ်ပြီး လက်ရှိမှာ နောက်ထပ်အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားမယ့် အရေးကြီးတဲ့ပွဲစဉ်အတွက် ထပ်မံလက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

“ကျွန်တော်တို့မှာရှိတဲ့ လူအရေအတွက်နဲ့ စီစဉ်ဖို့က ကျွန်တော်တို့မှာ ကွင်းလယ်ကစားသမား တစ်ယောက်မှ မရှိပါဘူး။ အဲဒီတော့ တကယ်ကို ရှုပ်ထွေးလာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘာပဲလုပ်လုပ် သဘာဝမဟုတ်လို့ပါ။ ဒါဘီပွဲစဉ်ကို ကစားဖို့အတွက် နောက်ထပ်အပို စိတ်အားတက်ကြွစရာက ခင်ဗျားမှာ ကစားသမားမရှိတဲ့အခါမှာ ခွန်အားတွေ ယူဆောင်ပေးပါတယ်။ ဆင်ခြေပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ အဲဒီပွဲကို ကစားရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့ညပွဲစဉ်ကို ဖျက်ဆီးမိခဲ့ပြီးနောက် သိပ်မကြာမီမှာ ချာကာက ၎င်းရဲ့ အနီကတ်ပြ ထုတ်ပယ်ခံရမှုအတွက် လူမှုကွန်ရက်မှာ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အားလုံးကို တောင်းပန်စကားပြောချင်ပါတယ်။ ကျွန်တော့်အသင်းကို အရမ်းဂုဏ်ယူမိပြီး သူတို့တွေ ဒီည ပေးဂိုးမရှိအောင် ထိန်းသိမ်းထားနိုင်ဖို့ ပြသခဲ့တဲ့ စိတ်ဓာတ်ကိုလည်း ဂုဏ်ယူမိပါတယ်”လို့ ရေးသားခဲ့ပါတယ်။ ချာကာဟာ အာဆင်နယ်ကစားသမားဘဝတလျှောက် ၆ ကြိမ်မြောက် အနီကတ်ပြား ပြသခြင်း ခံခဲ့ရတာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေဟာ ဒေါသပေါက်ကွဲခဲ့ကြပြီး အချို့ဆိုရင် ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို နောက်ထပ်တစ်ကြိမ် အာဆင်နယ်အင်္ကျီနဲ့တောင် မမြင်တွေ့ချင်ကြတော့တာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ ဂရန်းနစ် ချာကာရဲ့ အနီကတ်ဟာ အာဆင်နယ်ရဲ့ ခက်ခဲတဲ့ညကို ပိုလို့တောင် ဆိုးရွားသွားစေခဲ့ပေမယ့် ဂျေမီ ကာရေဂါက အာတီတာအနေနဲ့ တခြားကစားသမားကိုသာ အပြစ်တင်ရလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ကာရေဂါက အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ချာကာရဲ့ အနီကတ်ပြသခံခဲ့ရတဲ့အပေါ်မှာ ဆွစ်ဇာလန်လက်ရွေးစင်ကြယ်ပွင့်ထက်စာရင် အာရွန် ရမ်းစ်ဒေးလ်ကို အပြစ်ပုံချရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ချာကာဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ် ပထမပိုင်းအတွင်း ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

“ချာကာက သူ အဲဒီမှာ ရှိနေတာကို သိတယ်။ ၂ ယောက် ဒါမှမဟုတ် ၃ ယောက်လောက်က ကြည့်နေတယ်။ အဲဒီတော့ သူ(ဂျိုတာ)အဲဒီမှာ ရှိနေတယ်ဆိုတာ သူ ကောင်းကောင်း သတိထားမိပါတယ်။ အစပိုင်းတုန်းက ကျွန်တော် တွေးမိခဲ့တာက သူ ဂျိုတာ အဲဒီမှာ ရှိနေခဲ့တာကိုရော သိရဲ့လား။ အနီကတ်က အရမ်းကြီး ပြင်းထန်သွားလားပေါ့။ ဂျိုတာက ငါ့ ရင်ဘတ်ကို အဲဒီနားလောက် ရောက်အောင် လုပ်ရမယ်လို့ တွေးနေမှာဖြစ်ပြီး ချာကာက ချာကာလုပ်တဲ့ဟာကိုပဲ လုပ်ခဲ့တယ်။ ဂျိုတာက လုပ်စရာအများကြီး ကျန်နေသေးတဲ့အချိန်မှာ လုံးဝကို ရယ်စရာကောင်းတဲ့ ဖျက်ထုတ်မှုကို ပြုလုပ်လိုက်တယ်။ အာတီတာအနေနဲ့ သူ့ရဲ့ဂိုးသမားကို တကယ်ကို ကြည့်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“ငါ့ ဘယ်နောက်ခံကစားသမား မရှိတော့ဘူး။ ငါ့ ဗဟိုခံစစ်လည်း မရှိတော့ဘူး။ တကယ်လို့ ဂိုးသမားက ဆက်ပြီး ရှေ့တက်လာခဲ့မယ်ဆိုရင်ရောပေါ့။ ကျွန်တော် ထင်တာက သူ ရှေ့ကို ဆက်တက်လာခဲ့တယ်။ ကျွန်တော်တို့ ဒါကို မကြာခဏဆိုသလို တွေ့ရတယ်။ ဂိုးသမားက ဘောလုံးကို ရှင်းထုတ်ဖို့ သို့မဟုတ် ခေါင်းတိုက်ရှင်းထုတ်ဖို့ ပင်နယ်တီဧရိယာအပြင်ကို ထွက်လာတယ်။ ပြီးတော့ သူ ဂျိုတာကို လန့်သွားပြီး နောက်ပြန်လှည့်သွားတယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို အဲဒါက အနီကတ်ဖြစ်ခဲ့ရမှာမို့လို့လားလို့ မေးရင် အဲဒါက အနီကတ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ အစတုန်းက ကျွန်တော်နဲ့ မာ့စ်တို့က မသေချာခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ သူ ဂျိုတာ အဲဒီမှာ ရှိနေတာကို သိခဲ့ရဲ့လားဆိုပြီး ဖြစ်နေခဲ့လို့ပါ။ ဒါပေမယ့် သူ သူ့ကို လဲကျသွားအောင် လုပ်ခဲ့တယ်။ အားတစ်ခုက သူ့ကို လဲကျသွားအောင် လုပ်ခဲ့တယ်။ လုံးဝကို ရယ်စရာကောင်းတဲ့ ဖျက်ထုတ်မှုပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ာကာဟာ ယခုအပတ္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္က အနီကတ္ေၾကာင့္ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး လီဗာပူးလ္က ၂၄ မိနစ္မွာ တန္ျပန္တိုက္စစ္ဆင္ေနခ်ိန္မွာ ခ်ာကာက ေဘာလုံးဖ်က္ထုတ္ခဲ့ရာမွာ ဂ်ိဳတာကို ကန္မိခဲ့တာေၾကာင့္ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ခ်ာကာဟာ ေရာဘတ္ဆန္ရဲ့ ကန္တင္ေပးပို႔မႈကို တားဆီးဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္လည္း ေဘာလုံးအစား ဂ်ိဳတာရဲ့ ရင္ဘတ္ကိုသာ ကန္မိခဲ့တာေၾကာင့္ ရလဒ္အေနနဲ႔ အေရးႀကီးတဲ့ တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို လြဲေခ်ာ္သြားၿပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ေသာမတ္စ္ ပါေတး(အာဖရိကဖလား)၊ မိုဟာမက္ အယ္လ္နန္နီ(အာဖရိကဖလား)၊ မာတင္ ေအာ္ဒီဂြါဒ္(နာမက်န္းျဖစ္)၊ စမစ္ ရိုး(ဒဏ္ရာရ)တို႔ကို ဆုံးရႈံးထားခဲ့ရၿပီးျဖစ္ၿပီး လက္ရွိမွာ ေနာက္ထပ္အားထားရတဲ့ ကြင္းလယ္ကစားသမားတစ္ဦးကို ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ အေရးႀကီးတဲ့ပြဲစဥ္အတြက္ ထပ္မံလက္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔မွာရွိတဲ့ လူအေရအတြက္နဲ႔ စီစဥ္ဖို႔က ကၽြန္ေတာ္တို႔မွာ ကြင္းလယ္ကစားသမား တစ္ေယာက္မွ မရွိပါဘူး။ အဲဒီေတာ့ တကယ္ကို ရႈပ္ေထြးလာပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ဘာပဲလုပ္လုပ္ သဘာဝမဟုတ္လို႔ပါ။ ဒါဘီပြဲစဥ္ကို ကစားဖို႔အတြက္ ေနာက္ထပ္အပို စိတ္အားတက္ႂကြစရာက ခင္ဗ်ားမွာ ကစားသမားမရွိတဲ့အခါမွာ ခြန္အားေတြ ယူေဆာင္ေပးပါတယ္။ ဆင္ေျခေပးစရာ မရွိပါဘူး။ ကၽြန္ေတာ္တို႔ အဲဒီပြဲကို ကစားရမွာပါ”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

ၾကာသပေတးေန႔ညပြဲစဥ္ကို ဖ်က္ဆီးမိခဲ့ၿပီးေနာက္ သိပ္မၾကာမီမွာ ခ်ာကာက ၎ရဲ႕ အနီကတ္ျပ ထုတ္ပယ္ခံရမႈအတြက္ လူမႈကြန္ရက္မွာ ပရိသတ္ေတြကို ေတာင္းပန္စကား ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ္ အားလုံးကို ေတာင္းပန္စကားေျပာခ်င္ပါတယ္။ ကြၽန္ေတာ့္အသင္းကို အရမ္းဂုဏ္ယူမိၿပီး သူတို႔ေတြ ဒီည ေပးဂိုးမရွိေအာင္ ထိန္းသိမ္းထားႏိုင္ဖို႔ ျပသခဲ့တဲ့ စိတ္ဓာတ္ကိုလည္း ဂုဏ္ယူမိပါတယ္”လို႔ ေရးသားခဲ့ပါတယ္။ ခ်ာကာဟာ အာဆင္နယ္ကစားသမားဘဝတေလွ်ာက္ ၆ ႀကိမ္ေျမာက္ အနီကတ္ျပား ျပသျခင္း ခံခဲ့ရတာျဖစ္ၿပီး အာဆင္နယ္ပရိသတ္ေတြဟာ ေဒါသေပါက္ကြဲခဲ့ၾကၿပီး အခ်ိဳ႕ဆိုရင္ ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ေနာက္ထပ္တစ္ႀကိမ္ အာဆင္နယ္အက်ႌနဲ႔ေတာင္ မျမင္ေတြ႕ခ်င္ၾကေတာ့တာျဖစ္ပါတယ္။
ခ်ာကာရဲ႕အနီကတ္အတြက္ ေနာက္ထပ္ကစားသမားတစ္ဦးကို အာတီတာအျပစ္တင္ရလိမ့္မယ္လို႔ ေျပာခဲ့တဲ့ ကာေရဂါ

ဒါေပမယ့္ လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ျပသခံခဲ့ရတဲ့ ဂရန္းနစ္ ခ်ာကာရဲ့ အနီကတ္ဟာ အာဆင္နယ္ရဲ့ ခက္ခဲတဲ့ညကို ပိုလို႔ေတာင္ ဆိုးရြားသြားေစခဲ့ေပမယ့္ ေဂ်မီ ကာေရဂါက အာတီတာအေနနဲ႔ တျခားကစားသမားကိုသာ အျပစ္တင္ရလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ကာေရဂါက အာဆင္နယ္နည္းၿပ အာတီတာအေနနဲ႔ ခ်ာကာရဲ့ အနီကတ္ျပသခံခဲ့ရတဲ့အေပၚမွာ ဆြစ္ဇာလန္လက္ေရြးစင္ၾကယ္ပြင့္ထက္စာရင္ အာရြန္ ရမ္းစ္ေဒးလ္ကို အျပစ္ပုံခ်ရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ခ်ာကာဟာ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္ ပထမပိုင္းအတြင္း ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

“ခ်ာကာက သူ အဲဒီမွာ ရွိေနတာကို သိတယ္။ ၂ ေယာက္ ဒါမွမဟုတ္ ၃ ေယာက္ေလာက္က ၾကည့္ေနတယ္။ အဲဒီေတာ့ သူ(ဂ်ိဳတာ)အဲဒီမွာ ရွိေနတယ္ဆိုတာ သူ ေကာင္းေကာင္း သတိထားမိပါတယ္။ အစပိုင္းတုန္းက ကၽြန္ေတာ္ ေတြးမိခဲ့တာက သူ ဂ်ိဳတာ အဲဒီမွာ ရွိေနခဲ့တာကိုေရာ သိရဲ့လား။ အနီကတ္က အရမ္းႀကီး ျပင္းထန္သြားလားေပါ့။ ဂ်ိဳတာက ငါ့ ရင္ဘတ္ကို အဲဒီနားေလာက္ ေရာက္ေအာင္ လုပ္ရမယ္လို႔ ေတြးေနမွာျဖစ္ၿပီး ခ်ာကာက ခ်ာကာလုပ္တဲ့ဟာကိုပဲ လုပ္ခဲ့တယ္။ ဂ်ိဳတာက လုပ္စရာအမ်ားႀကီး က်န္ေနေသးတဲ့အခ်ိန္မွာ လုံးဝကို ရယ္စရာေကာင္းတဲ့ ဖ်က္ထုတ္မႈကို ျပဳလုပ္လိုက္တယ္။ အာတီတာအေနနဲ႔ သူ႔ရဲ့ဂိုးသမားကို တကယ္ကို ၾကည့္ေနလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္”

“ငါ့ ဘယ္ေနာက္ခံကစားသမား မရွိေတာ့ဘူး။ ငါ့ ဗဟိုခံစစ္လည္း မရွိေတာ့ဘူး။ တကယ္လို႔ ဂိုးသမားက ဆက္ၿပီး ေရွ႕တက္လာခဲ့မယ္ဆိုရင္ေရာေပါ့။ ကၽြန္ေတာ္ ထင္တာက သူ ေရွ႕ကို ဆက္တက္လာခဲ့တယ္။ ကၽြန္ေတာ္တို႔ ဒါကို မၾကာခဏဆိုသလို ေတြ႕ရတယ္။ ဂိုးသမားက ေဘာလုံးကို ရွင္းထုတ္ဖို႔ သို႔မဟုတ္ ေခါင္းတိုက္ရွင္းထုတ္ဖို႔ ပင္နယ္တီဧရိယာအျပင္ကို ထြက္လာတယ္။ ၿပီးေတာ့ သူ ဂ်ိဳတာကို လန႔္သြားၿပီး ေနာက္ျပန္လွည့္သြားတယ္။ ဒါေပမယ့္ ခင္ဗ်ား ကၽြန္ေတာ့္ကို အဲဒါက အနီကတ္ျဖစ္ခဲ့ရမွာမို႔လို႔လားလို႔ ေမးရင္ အဲဒါက အနီကတ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ အစတုန္းက ကၽြန္ေတာ္နဲ႔ မာ့စ္တို႔က မေသခ်ာခဲ့ၾကဘူး။ ဘာလို႔လဲဆိုေတာ့ သူ ဂ်ိဳတာ အဲဒီမွာ ရွိေနတာကို သိခဲ့ရဲ့လားဆိုၿပီး ျဖစ္ေနခဲ့လို႔ပါ။ ဒါေပမယ့္ သူ သူ႔ကို လဲက်သြားေအာင္ လုပ္ခဲ့တယ္။ အားတစ္ခုက သူ႔ကို လဲက်သြားေအာင္ လုပ္ခဲ့တယ္။ လုံးဝကို ရယ္စရာေကာင္းတဲ့ ဖ်က္ထုတ္မႈပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.