Premier League

နွေးထွေးလှိုက်လှဲတဲ့ ယူနိုက်တက်ရဲ့ ဧည့်ကြိုခေါင်းဆောင်ကြီး မာတာရဲ့ ကူညီမှုကို ရရှိခဲ့တဲ့ ကာဗာနီ

ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာစဉ်ကလည်း သူ့ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေနဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့ မန်ချက်စတာမှာ အမြန်ဆုံး အသားတကျ ခြေစွမ်းပြနိုင်အောင် ကူညီခဲ့တဲ့ စပိန်ကွင်းလယ်လူ ဟွမ်မာတာအနေနဲ့ နောက်ထပ်တစ်ဦးကို ထပ်မံကူညီခဲ့ပြန်ပြီပဲဖြစ်ပါတယ်။

အဲဒါကတော့ အခုရာသီမှ ယူနိုက်တက်နဲ့ ပူးပေါင်းလာခဲ့တဲ့ လူသစ် ကာဗာနီပဲဖြစ်ပြီး ဥရုဂွေး အထောင်တိုက်စစ်မှုးကြီးဟာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း အန်ဒါ ဟာရဲရားနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကောင်းရှိခဲ့တာပါ။ ဟာရဲရားက ယူနိုက်တက်မှာ ရှိခဲ့စဥ်ကတည်း စပိန်အသင်းဖော် မာတာနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ပြီး ကာဗာနီအတွက် မာတာကို အသိပေး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဧည့်ကြိုခေါင်းဆောင်လို့ ဆိုရမယ့် လူမှုရေးကောင်းမွန်ပြီး နွေးထွေးတတ်တဲ့ မာတာရဲ့ ကူညီမှုကို ရရှိခဲ့တဲ့ ကာဗာနီက အသင်းမှာ အမြန်ဆုံး အထိုင်ကျပြီး ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းနဲ့ အံအဝင်ဆုံး ကစားပြသွားခဲ့တာပါ။

” အန်ဒါက ကာဗာနီ ယူနိုက်တက်ကို လာပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းတော့မယ့်အကြောင်း ဖုန်းဆက်ပြောခဲ့ပါတယ်။ သူ့ကို အရာရာအဆင်ပြေအောင် အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကာဗာနီ အသင်းကိုရောက်လာစဥ်မှာ သူသိချင်သမျှကို ကျွန်တော်ရှင်းပြပေးခဲ့ပါတယ်။ အသင်းအကြောင်းနဲ့ အဝတ်လဲခန်း အခြေအနေတွေပေါ့လေ။ အသင်းမှာ လူတိုင်းနဲ့ဆက်သွယ် စကားပြောဆိုဖို့ သူ့ကို ​ဘာသာပြန်ပေးခဲ့ရပါတယ်။ သူမလာခင်က အန်ဒါ ပြောပြခဲ့တာတွေက အမှန်ပါပဲ။ သူ့ရဲ့ ဘောလုံးပညာခန်းနဲ့ သူ့မှာ ဘယ်လောက်ထိအာရုံစူးစိုက်မှုပြည့်ဝတယ်ဆိုတာကို အနီးကပ် မြင်ခဲ့ရပါတယ်။ ပရော်ဖက်ရှင်နယ် အပီသဆုံး ဘောလုံးသမားဖြစ်ပါတယ်။”

” သူက အတွေ့အကြုံရင့် သမ္ဘာရင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးဖြစ်ပေမယ့် နှိမ့်ချတတ်သူပါ။ သူက အသင်းကို သူ့ဖြတ်သန်းမှု အတွေ့အကြုံနဲ့ ကူညီပေးပါလိမ့်မယ်။ ဂိုးတွေ ဆောင်ယူပေးပါလိမ့်မယ်။ သူ့ကို မန်ချက်စတာမှာနေရင် ထီးတွေဝယ်ထားဖို့ နောက်ပြောင်အကြံပေးခဲ့တာက အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီမှာက ပါရီမှာထက် မိုးပိုရွာတာကိုး။” လို့ ဟွမ်မာတာက ကာဗာနီနဲ့ပတ်သက်ပြီး သူကူညီလုပ်ဆောင်ပေးခဲ့ရပုံတွေကို နွေးနွေးထွေးထွေး ပြောပြသွားခဲ့ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ူနို ဖာနန္ဒက္စ္ ေရာက္ရွိလာစဥ္ကလည္း သူ႕ရဲ႕ ေႏြးေထြးလွဳိက္လွဲတဲ့ ႀကိဳဆိုမႈေတြနဲ႕ အိုးလ္ထရက္ဖို႔ဒ္နဲ႕ မန္ခ်က္စတာမွာ အျမန္ဆုံး အသားတက် ေျခစြမ္းျပနိုင္ေအာင္ ကူညီခဲ့တဲ့ စပိန္ကြင္းလယ္လူ ဟြမ္မာတာအေနနဲ႕ ေနာက္ထပ္တစ္ဦးကို ထပ္မံကူညီခဲ့ျပန္ၿပီပဲျဖစ္ပါတယ္။

အဲဒါကေတာ့ အခုရာသီမွ ယူနိုက္တက္နဲ႕ ပူးေပါင္းလာခဲ့တဲ့ လူသစ္ ကာဗာနီပဲျဖစ္ၿပီး ဥ႐ုေဂြး အေထာင္တိုက္စစ္မႈးႀကီးဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း အန္ဒါ ဟာရဲရားနဲ႕ ရင္းႏွီးႏြေးေထြးတဲ့ ဆက္ဆံေရးေကာင္းရွိခဲ့တာပါ။ ဟာရဲရားက ယူနိုက္တက္မွာ ရွိခဲ့စဥ္ကတည္း စပိန္အသင္းေဖာ္ မာတာနဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြျဖစ္ၿပီး ကာဗာနီအတြက္ မာတာကို အသိေပး အကူအညီေတာင္းခံခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ ဧည့္ႀကိဳေခါင္းေဆာင္လို႔ ဆိုရမယ့္ လူမႈေရးေကာင္းမြန္ၿပီး ေႏြးေထြးတတ္တဲ့ မာတာရဲ႕ ကူညီမႈကို ရရွိခဲ့တဲ့ ကာဗာနီက အသင္းမွာ အျမန္ဆုံး အထိုင္က်ၿပီး ေဆာက္သမ္တန္နဲ႕ပြဲမွာ အသင္းနဲ႕ အံအဝင္ဆုံး ကစားျပသြားခဲ့တာပါ။

” အန္ဒါက ကာဗာနီ ယူနိုက္တက္ကို လာၿပီး ကြၽန္ေတာ္တို႔နဲ႕ ပူးေပါင္းေတာ့မယ့္အေၾကာင္း ဖုန္းဆက္ေျပာခဲ့ပါတယ္။ သူ႕ကို အရာရာအဆင္ေျပေအာင္ အကူအညီေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ကာဗာနီ အသင္းကိုေရာက္လာစဥ္မွာ သူသိခ်င္သမွ်ကို ကြၽန္ေတာ္ရွင္းျပေပးခဲ့ပါတယ္။ အသင္းအေၾကာင္းနဲ႕ အဝတ္လဲခန္း အေျခအေနေတြေပါ့ေလ။ အသင္းမွာ လူတိုင္းနဲ႕ဆက္သြယ္ စကားေျပာဆိုဖို႔ သူ႕ကို ​ဘာသာျပန္ေပးခဲ့ရပါတယ္။ သူမလာခင္က အန္ဒါ ေျပာျပခဲ့တာေတြက အမွန္ပါပဲ။ သူ႕ရဲ႕ ေဘာလုံးပညာခန္းနဲ႕ သူ႕မွာ ဘယ္ေလာက္ထိအာ႐ုံစူးစိုက္မႈျပည့္ဝတယ္ဆိုတာကို အနီးကပ္ ျမင္ခဲ့ရပါတယ္။ ပေရာ္ဖက္ရွင္နယ္ အပီသဆုံး ေဘာလုံးသမားျဖစ္ပါတယ္။”

” သူက အေတြ႕အႀကဳံရင့္ သမၻာရင့္ ကမၻာ့အဆင့္ တိုက္စစ္မႉးျဖစ္ေပမယ့္ ႏွိမ့္ခ်တတ္သူပါ။ သူက အသင္းကို သူ႕ျဖတ္သန္းမႈ အေတြ႕အႀကဳံနဲ႕ ကူညီေပးပါလိမ့္မယ္။ ဂိုးေတြ ေဆာင္ယူေပးပါလိမ့္မယ္။ သူ႕ကို မန္ခ်က္စတာမွာေနရင္ ထီးေတြဝယ္ထားဖို႔ ေနာက္ေျပာင္အႀကံေပးခဲ့တာက အလုပ္ျဖစ္ခဲ့ပါတယ္။ ဒီမွာက ပါရီမွာထက္ မိုးပို႐ြာတာကိုး။” လို႔ ဟြမ္မာတာက ကာဗာနီနဲ႕ပတ္သက္ၿပီး သူကူညီလုပ္ေဆာင္ေပးခဲ့ရပုံေတြကို ႏြေးႏြေးေထြးေထြး ေျပာျပသြားခဲ့ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.