Premier League UCL&UEL

ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ေစာေစာစီးစီး ဒဏ္ရာရသြားလို႔ လာေပါ့တ္ စိတ္မေကာင္းျဖစ္

မန္စီးတီးေနာက္ခံလူ ေအးမရစ္ လာေပါ့တ္က ရီးရဲလ္မက္ဒရစ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲစဥ္မွာ ဒဏ္ရာထပ္ရခဲ့လို႔ လူစားလဲခံရခ်ိန္မွာ အင္မတန္စိတ္မေကာင္းျဖစ္ရတယ္လို႔ တြစ္တာကတဆင့္ ရင္ဖြင့္လိုက္ပါတယ္။

လာေပါ့တ္ဟာ ရာသီအစပိုင္းက ဘရိုက္တန္နဲ႔ပြဲမွာ ဒူးအရြတ္ဒဏ္ရာရခဲ့လို႔ ၅ လၾကာ နားခဲ့ရၿပီး ဇန္န၀ါရီလကမွ ျပန္ကစားႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့စေနေန႔က လက္စတာစီးတီးနဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ျပန္ရခဲ့သလို ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာလည္း ပြဲထြက္ေနာက္ခံလူအျဖစ္ ပါ၀င္ခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္မိနစ္ ၃၀ ေလာက္ပဲကစားႏိုင္ခဲ့ၿပီး ဒဏ္ရာထပ္ရခဲ့တာေၾကာင့္ လူစားလဲခဲ့ရပါတယ္။ သူ႔ဒဏ္ရာကို ကြင္းထဲမွာ ၅ မိနစ္ေလာက္ၾကာတဲ့အထိ ေဆးအဖြဲ႕က ကုသခဲ့ၿပီးမွ ဆက္လက္ကစားဖို႔ မသင့္ေတာ္လို႔ ဝါရင့္ကြင္းလယ္အဖ်က္ကစားသမား ဖာနန္ဒင္ဟိုနဲ႔ လူစားလဲခဲ့တာျဖစ္ၿပီး ကြင္းထဲကေန ထြက္လာခ်ိန္မွာ မ်က္ရည္ေတာင္၀ဲေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲအၿပီးမွာလည္း တြစ္တာတဆင့္ လာေပါ့တ္က “ပြဲခ်ိန္အေစာပိုင္းမွာ ထြက္ခဲ့ရတာကေတာ့ စိတ္မေကာင္းစရာပါပဲ။ ဒါေပမယ့္ အေရးႀကီးဆံုးက ဒီညရလဒ္ပါ။ ဂုဏ္ယူပါတယ္ သူငယ္ခ်င္းတို႔ေရ၊ ဒါဟာ စီးတီး စိတ္ဓါတ္ပဲ”လို႔ ပို႔စ္တင္သြားခဲ့တာျဖစ္ပါတယ္။

ဒီအသက္ ၂၅ ႏွစ္အရြယ္ ျပင္သစ္ေနာက္ခံလူရဲ႕ ဒဏ္ရာအေသးစိတ္ကို မသိရေသးေပမယ့္ အက္စတြန္ဗီလာနဲ႔ ကာရာေဘာင္းဖလားပြဲကိုေတာ့ လြဲေခ်ာ္မွာျဖစ္ၿပီး ေႏြရာသီမွာ ဗဟုိခံစစ္မွဴးသစ္တစ္ဦး မေခၚခဲ့တဲ့ မန္စီးတီးအသင္းအေနနဲ႔ အဓိက ကစားသမားေတြ ႀကံ့ခိုင္မႈျပႆနာရွိေနခ်ိန္မွာ ကြင္းလယ္လူ ဖာနန္ဒင္ဟိုက ျဖည့္ဆည္းေပးေနခဲ့ရသလို နည္းျပ ဂြါဒီယုိလာအတြက္ေတာ့ ေခါင္းခဲစရာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်စီးတီးနောက်ခံလူ အေးမရစ် လာပေါ့တ်က ရီးရဲလ်မက်ဒရစ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ဒဏ်ရာထပ်ရခဲ့လို့ လူစားလဲခံရချိန်မှာ အင်မတန်စိတ်မကောင်းဖြစ်ရတယ်လို့ တွစ်တာကတဆင့် ရင်ဖွင့်လိုက်ပါတယ်။

လာပေါ့တ်ဟာ ရာသီအစပိုင်းက ဘရိုက်တန်နဲ့ပွဲမှာ ဒူးအရွတ်ဒဏ်ရာရခဲ့လို့ ၅ လကြာ နားခဲ့ရပြီး ဇန်နဝါရီလကမှ ပြန်ကစားနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့စနေနေ့က လက်စတာစီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ပြန်ရခဲ့သလို ဘာနေဗျူးမှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာလည်း ပွဲထွက်နောက်ခံလူအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်မိနစ် ၃၀ လောက်ပဲကစားနိုင်ခဲ့ပြီး ဒဏ်ရာထပ်ရခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။ သူ့ဒဏ်ရာကို ကွင်းထဲမှာ ၅ မိနစ်လောက်ကြာတဲ့အထိ ဆေးအဖွဲ့က ကုသခဲ့ပြီးမှ ဆက်လက်ကစားဖို့ မသင့်တော်လို့ ဝါရင့်ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ဟိုနဲ့ လူစားလဲခဲ့တာဖြစ်ပြီး ကွင်းထဲကနေ ထွက်လာချိန်မှာ မျက်ရည်တောင်ဝဲနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲအပြီးမှာလည်း တွစ်တာတဆင့် လာပေါ့တ်က “ပွဲချိန်အစောပိုင်းမှာ ထွက်ခဲ့ရတာကတော့ စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ဒီညရလဒ်ပါ။ ဂုဏ်ယူပါတယ် သူငယ်ချင်းတို့ရေ၊ ဒါဟာ စီးတီး စိတ်ဓါတ်ပဲ”လို့ ပို့စ်တင်သွားခဲ့တာဖြစ်ပါတယ်။

ဒီအသက် ၂၅ နှစ်အရွယ် ပြင်သစ်နောက်ခံလူရဲ့ ဒဏ်ရာအသေးစိတ်ကို မသိရသေးပေမယ့် အက်စတွန်ဗီလာနဲ့ ကာရာဘောင်းဖလားပွဲကိုတော့ လွဲချော်မှာဖြစ်ပြီး နွေရာသီမှာ ဗဟိုခံစစ်မှူးသစ်တစ်ဦး မခေါ်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ အဓိက ကစားသမားတွေ ကြံ့ခိုင်မှုပြဿနာရှိနေချိန်မှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုက ဖြည့်ဆည်းပေးနေခဲ့ရသလို နည်းပြ ဂွါဒီယိုလာအတွက်တော့ ခေါင်းခဲစရာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.