Premier League

အာဆင်နယ်အသင်း တန်းမဆင်းရင်ကံကောင်းလို့ လှောင်ပြောင်လိုက်တဲ့ ရွိုင်းကီးန်

အာဆင်နယ်အသင်းရဲ့ ဝုဗ်နဲ့ အိမ်ကွင်းရှုံးပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကွင်းလယ်လူဟောင်း ရွိုင်းကီးန်က အာဆင်နယ်အသင်းဟာ တန်းဆင်းရတော့မယ်လို့ လှောင်ပြောင်သွားခဲ့ပြီး အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒေါသူပုန်ထစရာ ဖြစ်ရပ်တခုကို ဖန်တီးသွားခဲ့ပါတယ်။

အာဆင်နယ်ကို အစဥ်အလာပြိုင်ဘက်ဟောင်းအနေနဲ့ မုန်းတီးနေတဲ့ ရွိုင်းကီးန်ဟာ အာဆင်နယ်အသင်းရဲ့ ရလဒ်ဆိုးရွားမှုနဲ့ ခြေစွမ်းကျဆင်းမှုကို ကျေနပ်နေကြောင်း သိရပြီး မီခေးလ် အာတီတာရဲ့အသင်းဟာ ပျော့ညံ့လွန်းတယ်လို့ သူက လှောင်ပြောင် ရယ်ပွဲဖွဲ့ခဲ့တာဖြစ်ပါတယ်။

ဝုဗ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ထိုးကျနေတဲ့ အာဆင်နယ်အသင်းဟာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ်က ၃ ပွဲကစား၊ ရမှတ် တမှတ်သာညခြစ်ခြစ်ကုပ်ကုပ် ရရှိထားတာဖြစ်ပြီး ရွိုင်းကီးန်က ယူနိုက်တက် လည်စင်းခဲ့ရတဲ့ပွဲမှာလည်း အာဆင်နယ်အသင်းကို ထိုးနှက်ခဲ့ဖူးပါတယ်။

” သူတို့ကို ကြည့်ရတာ ပျော့ဖတ်နေတာပဲ။ ယုံကြည်မှု မရှိဘူး။ ဂိုးတွေ ခြောက်ကပ်နေတယ်။ အာဆင်နယ် တသင်းလုံးနီးပါးက တော်တော့်ကို ညံ့ဖျင်းပြီး ပျော့ညံ့နေတာပါ။ သူတို့ ယူနိုက်တက်ကို နိုင်တုန်းက အရမ်းကို ပျော်ရွှင်နေခဲ့တာလေ။ နောက် ၃ ပွဲမှာတော့ တမှတ်ပဲရခဲ့တာက ရယ်ချင်စရာပါ။ ”

” သူတို့ မန်နေဂျာ ပြောပြောနေတဲ့ နိုင်လိုစိတ်ကိုလည်း တခါမှ မတွေ့ခဲ့ရဘူး။ တိုက်ပွဲဝင်စိတ်ဓာတ်အစစ် ပျောက်ဆုံးနေတယ်။ ဆုံးဖြတ်ချက်တွေ အားနည်းလွန်းတယ်။ ကစားသမားတွေက ပွဲတပွဲကို ပြီးပြီးရော ကန်နေတယ်။ အလေးအနက်ထားပြီး ကစားတာ တယောက်မှ မတွေ့ရဘူး။ ကြည့်ရတာ ဒီရာသီအပြီး ပရီးမီးယားလိဂ်မှာတောင် ဆက်ရှိနေပါ့မလား မသိဘူး။ ကျွန်တော်ကတော့ ဆက်ရှိနေပါစေလို့ ဆန္ဒပြုပါတယ်။ တန်းမဆင်းသွားရင် ကံကောင်းပေါ့လေ” လို့ ရွိုင်းကီးန်က အစဥ်အလာပြိုင်ဘက်ဟောင်း အာဆင်နယ်အသင်းကို ထိုးနှက်လိုက်ပြီး ခြေစွမ်းကျဆင်းနေတဲ့ အာဆင်နယ်ရဲ့အဖြစ်ကို ကျေနပ်စွာနဲ့ ရန်စသွားခဲ့ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ဝုဗ္နဲ႕ အိမ္ကြင္းရႈံးပြဲအၿပီးမွာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဂႏၳဝင္ကြင္းလယ္လူေဟာင္း ႐ြိဳင္းကီးန္က အာဆင္နယ္အသင္းဟာ တန္းဆင္းရေတာ့မယ္လို႔ ေလွာင္ေျပာင္သြားခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြအေနနဲ႕ ေဒါသူပုန္ထစရာ ျဖစ္ရပ္တခုကို ဖန္တီးသြားခဲ့ပါတယ္။

အာဆင္နယ္ကို အစဥ္အလာၿပိဳင္ဘက္ေဟာင္းအေနနဲ႕ မုန္းတီးေနတဲ့ ႐ြိဳင္းကီးန္ဟာ အာဆင္နယ္အသင္းရဲ႕ ရလဒ္ဆိုး႐ြားမႈနဲ႕ ေျခစြမ္းက်ဆင္းမႈကို ေက်နပ္ေနေၾကာင္း သိရၿပီး မီေခးလ္ အာတီတာရဲ႕အသင္းဟာ ေပ်ာ့ညံ့လြန္းတယ္လို႔ သူက ေလွာင္ေျပာင္ ရယ္ပြဲဖြဲ႕ခဲ့တာျဖစ္ပါတယ္။

ဝုဗ္အသင္းကို အိမ္ကြင္းမွာ အေရးနိမ့္ၿပီး ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္ထိုးက်ေနတဲ့ အာဆင္နယ္အသင္းဟာ ယူနိုက္တက္ကို အိုးထရက္ဖို႔ဒ္မွာ အနိုင္ယူၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္က ၃ ပြဲကစား၊ ရမွတ္ တမွတ္သာညျခစ္ျခစ္ကုပ္ကုပ္ ရရွိထားတာျဖစ္ၿပီး ႐ြိဳင္းကီးန္က ယူနိုက္တက္ လည္စင္းခဲ့ရတဲ့ပြဲမွာလည္း အာဆင္နယ္အသင္းကို ထိုးႏွက္ခဲ့ဖူးပါတယ္။

” သူတို႔ကို ၾကည့္ရတာ ေပ်ာ့ဖတ္ေနတာပဲ။ ယုံၾကည္မႈ မရွိဘူး။ ဂိုးေတြ ေျခာက္ကပ္ေနတယ္။ အာဆင္နယ္ တသင္းလုံးနီးပါးက ေတာ္ေတာ့္ကို ညံ့ဖ်င္းၿပီး ေပ်ာ့ညံ့ေနတာပါ။ သူတို႔ ယူနိုက္တက္ကို နိုင္တုန္းက အရမ္းကို ေပ်ာ္႐ႊင္ေနခဲ့တာေလ။ ေနာက္ ၃ ပြဲမွာေတာ့ တမွတ္ပဲရခဲ့တာက ရယ္ခ်င္စရာပါ။ ”

” သူတို႔ မန္ေနဂ်ာ ေျပာေျပာေနတဲ့ နိုင္လိုစိတ္ကိုလည္း တခါမွ မေတြ႕ခဲ့ရဘူး။ တိုက္ပြဲဝင္စိတ္ဓာတ္အစစ္ ေပ်ာက္ဆုံးေနတယ္။ ဆုံးျဖတ္ခ်က္ေတြ အားနည္းလြန္းတယ္။ ကစားသမားေတြက ပြဲတပြဲကို ၿပီးၿပီးေရာ ကန္ေနတယ္။ အေလးအနက္ထားၿပီး ကစားတာ တေယာက္မွ မေတြ႕ရဘူး။ ၾကည့္ရတာ ဒီရာသီအၿပီး ပရီးမီးယားလိဂ္မွာေတာင္ ဆက္ရွိေနပါ့မလား မသိဘူး။ ကြၽန္ေတာ္ကေတာ့ ဆက္ရွိေနပါေစလို႔ ဆႏၵျပဳပါတယ္။ တန္းမဆင္းသြားရင္ ကံေကာင္းေပါ့ေလ” လို႔ ႐ြိဳင္းကီးန္က အစဥ္အလာၿပိဳင္ဘက္ေဟာင္း အာဆင္နယ္အသင္းကို ထိုးႏွက္လိုက္ၿပီး ေျခစြမ္းက်ဆင္းေနတဲ့ အာဆင္နယ္ရဲ႕အျဖစ္ကို ေက်နပ္စြာနဲ႕ ရန္စသြားခဲ့ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.