Premier League

ယူနိုက်တက်ကို အနိုင်ကန်ရမယ်လို့ ပီအက်စ်ဂျီကို ရာဇသံပေးလိုက်တဲ့ နေမာ

ပီအက်စ်ဂျီအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ အုပ်စုကကျွတ်ဖို့ အသက်တမျှအရေးပါနေ​တဲ့ အနိုင် ၃ မှတ်အတွက် ယူနိုက်တက်ကို ရေကုန်ရေခမ်းကစားကာ နိုင်အောင်ကန်ပြီး အိမ်အပြန် နိုင်ပွဲယူဆောင်လာနိုင်ဖို့လိုတယ်လို့ နေမာက သူ့ရဲ့ ပီအက်စ်ဂျီအသင်းကို ရာဇသံပေးသွားခဲ့ပါတယ်။

ပထမအကျော့ ပါရီမြေမှာ ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ ပရီးမီယားလိဂ်မှာ စိန့်အသင်းကို လှပတဲ့ Come Back နဲ့ အနိုင်ရခဲ့လို့ စိတ်ဓာတ်ခွန်အားနဲ့ ခြေစွမ်းအရှိန်ထိုးတက်နေပြီး ပီအက်စ်ဂျီကစားသမားဟောင်း ကာဗာနီကလည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ​သွင်းဂိုးတွေနဲ့ ကြေငြာထားခဲ့တာပါ။

အုပ်စုကို ဦးဆောင်နေတဲ့ ယူနိုက်တက်က အိမ်ကွင်းမှာ အရှူံးမခံဘဲ သတိကြီးကြီးထားလို့ ကစားသွားဖွယ်ရှိပြီး အုပ်စုကနေ လွတ်လွတ်လပ်လပ် နောက်တဆင့်တက်စေမယ့် ရမှတ် ၃ မှတ် ထပ်ပေါင်းထည့်လိုက်ဖို့ မျက်စိကျစရာဖြစ်နေပါတယ်။

ပီအက်စ်ဂျီကတော့ နောက်ဆုံးငါးပွဲမှာ ၂ ပွဲသာ အနိုင်ရထားပြီး ဂိုးပေါက်လွဲချော်မှုတွေနဲ့အတူ ထင်သလောက်မဖြစ်ဘဲ သာမန်ခြေထက်မပိုတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အနိမ့်ပိုင်းကို ရောက်ရှိနေပါတယ်။ ယူနိုက်တက်ကို အနိုင်ရမှာ ချန်ပီယံလိဂ် မျှော်လင့်ချက် အသက်ဆက်နိုင်မှ ဖြစ်ပြီး လိုက်ပ်ဇစ်နဲ့ အမှတ်တူအခြေအနေမှာ အရာရာက အပြောင်းအလဲ ဖြစ်သွားနိုင်တာကို ပီအက်စ်ဂျီတို့ ကောင်းကောင်းသဘောပေါက်ထားပါတယ်။

” ပြည်တွင်းရော ချန်ပီယံလိဂ်မှာပါ ကျွန်တော်တို့အသင်း အခုထက် ပိုကောင်းဖို့ လိုပါသေးတယ်။ ပုံမှန်ရနေကျ နိုင်ပွဲတွေကို ဆက်တိုက် မရရှိတာကလည်း ထိုးနှက်ချက်တခုပါ။ ယူနိုက်တက်ပွဲက ဘယ်လောက်အရေးပါတယ် ဆိုတာ သိရှိနားလည်ထားပါတယ်။ လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း ကျွန်တော်တို့ ခြေစွမ်းညံ့ပေမယ့် နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေမှာတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို ထုတ်ပြမှာပါ။ စုစည်းတဲ့ အသင်းတသင်းအနေနဲ့ အမြင့်ဆုံးကစားပွဲကို ဖန်တီးမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ယူနိုက်တက်ကို ရင်ဆိုင်ရတာ လွယ်ကူဖို့ မရှိပါဘူး။ ” လို့ နေမာက ယူနိုက်တက်ကို မဖြစ်မနေ အနိုင်ကန်ဖို့နဲ့ ပတ်သက်ပြီး သူ့အသင်းကို လှုံ့ဆော်မှုပြင်းပြင်း ပေးသွားခဲ့ပါတယ်။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းနဲ႕ ယူနိုက္တက္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ဒုတိယအေက်ာ့အေနနဲ႕ အိုးထရက္ဖို႔ဒ္မွာ ထိပ္တိုက္ေတြ႕ဆုံၾကေတာ့မွာ ျဖစ္ပါတယ္။ အုပ္စုကကြၽတ္ဖို႔ အသက္တမွ်အေရးပါေန​တဲ့ အနိုင္ ၃ မွတ္အတြက္ ယူနိုက္တက္ကို ေရကုန္ေရခမ္းကစားကာ နိုင္ေအာင္ကန္ၿပီး အိမ္အျပန္ နိုင္ပြဲယူေဆာင္လာနိုင္ဖို႔လိုတယ္လို႔ ေနမာက သူ႕ရဲ႕ ပီအက္စ္ဂ်ီအသင္းကို ရာဇသံေပးသြားခဲ့ပါတယ္။

ပထမအေက်ာ့ ပါရီေျမမွာ ၂ဂိုး ၁ဂိုးနဲ႕ အနိုင္ရရွိခဲ့တဲ့ ယူနိုက္တက္ဟာ ပရီးမီယားလိဂ္မွာ စိန့္အသင္းကို လွပတဲ့ Come Back နဲ႕ အနိုင္ရခဲ့လို႔ စိတ္ဓာတ္ခြန္အားနဲ႕ ေျခစြမ္းအရွိန္ထိုးတက္ေနၿပီး ပီအက္စ္ဂ်ီကစားသမားေဟာင္း ကာဗာနီကလည္း အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနေၾကာင္း ​သြင္းဂိုးေတြနဲ႕ ေၾကျငာထားခဲ့တာပါ။

အုပ္စုကို ဦးေဆာင္ေနတဲ့ ယူနိုက္တက္က အိမ္ကြင္းမွာ အရႉံးမခံဘဲ သတိႀကီးႀကီးထားလို႔ ကစားသြားဖြယ္ရွိၿပီး အုပ္စုကေန လြတ္လြတ္လပ္လပ္ ေနာက္တဆင့္တက္ေစမယ့္ ရမွတ္ ၃ မွတ္ ထပ္ေပါင္းထည့္လိုက္ဖို႔ မ်က္စိက်စရာျဖစ္ေနပါတယ္။

ပီအက္စ္ဂ်ီကေတာ့ ေနာက္ဆုံးငါးပြဲမွာ ၂ ပြဲသာ အနိုင္ရထားၿပီး ဂိုးေပါက္လြဲေခ်ာ္မႈေတြနဲ႕အတူ ထင္သေလာက္မျဖစ္ဘဲ သာမန္ေျခထက္မပိုတဲ့ စြမ္းေဆာင္ရည္မ်ိဳးနဲ႕ အနိမ့္ပိုင္းကို ေရာက္ရွိေနပါတယ္။ ယူနိုက္တက္ကို အနိုင္ရမွာ ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္ အသက္ဆက္နိုင္မွ ျဖစ္ၿပီး လိုက္ပ္ဇစ္နဲ႕ အမွတ္တူအေျခအေနမွာ အရာရာက အေျပာင္းအလဲ ျဖစ္သြားနိုင္တာကို ပီအက္စ္ဂ်ီတို႔ ေကာင္းေကာင္းသေဘာေပါက္ထားပါတယ္။

” ျပည္တြင္းေရာ ခ်န္ပီယံလိဂ္မွာပါ ကြၽန္ေတာ္တို႔အသင္း အခုထက္ ပိုေကာင္းဖို႔ လိုပါေသးတယ္။ ပုံမွန္ရေနက် နိုင္ပြဲေတြကို ဆက္တိုက္ မရရွိတာကလည္း ထိုးႏွက္ခ်က္တခုပါ။ ယူနိုက္တက္ပြဲက ဘယ္ေလာက္အေရးပါတယ္ ဆိုတာ သိရွိနားလည္ထားပါတယ္။ လိုက္ပ္ဇစ္နဲ႕ပြဲမွာလည္း ကြၽန္ေတာ္တို႔ ေျခစြမ္းညံ့ေပမယ့္ နိုင္ခဲ့ပါတယ္။ ဗုဒၶဟူးေနမွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးကို ထုတ္ျပမွာပါ။ စုစည္းတဲ့ အသင္းတသင္းအေနနဲ႕ အျမင့္ဆုံးကစားပြဲကို ဖန္တီးမွာပါ။ ဒီလိုမွ မဟုတ္ရင္ေတာ့ ယူနိုက္တက္ကို ရင္ဆိုင္ရတာ လြယ္ကူဖို႔ မရွိပါဘူး။ ” လို႔ ေနမာက ယူနိုက္တက္ကို မျဖစ္မေန အနိုင္ကန္ဖို႔နဲ႕ ပတ္သက္ၿပီး သူ႕အသင္းကို လႈံ႕ေဆာ္မႈျပင္းျပင္း ေပးသြားခဲ့ပါတယ္။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.