Match Report Premier League

နှစ်သင်းစလုံးအတွက် မကျေနပ်စရာမရှိတဲ့ ရလဒ်နဲ့ လန်ဒန် ဒါဘီ

အနောက်လန်ဒန် ချဲလ်ဆီးအသင်းနဲ့ မြောက်လန်ဒန် တော့တင်ဟမ် ဟော့စပါးစ်အသင်းတို့ တွေ့ဆုံခဲ့တဲ့ပွဲမှာ နှစ်သင်းလုံးအတွက် ထူးထူးခြားခြားကောင်းမွန်ခြင်းမရှိသလို ဆိုးဆိုးရွားရွားထိခိုက်ခြင်းမရှိတဲ့ ရလဒ်နဲ့ပဲ လမ်းပတ်နဲ့ မော်ရင်ညိုတို့ ဆရာတပည့်တွေကြား ဂုဏ်သိက္ခာကို မျှဝေသွားခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပွဲစတာနဲ့ အိမ်ရှင်ပီပီ ကိုယ့်ကွင်းမှာ ဖိကစားခဲ့ပြီး ပွဲချိန် ၁ မိနစ်ကျော်မှာပဲ ဇီယက်ရှ်က စတင်ခြိမ်းခြောက်ခဲ့သလို စပါးစ်ကတော့ တန်ပြန်တိုက်စစ်ကစားပြီး အမြန်ပေး တစ်ချက်ကောင်းတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေတော့ မတည်ငြိမ်ခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ တီမို ဗာနာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့သလို စပါးစ်တို့ ပြန်လည်ခြိမ်းခြောက်ပြီး ပထမဆုံးအကြိမ် ဂိုးပေါက်တည့်တာကိုလည်း ဂိုးသမား မန်ဒီ ကာကွယ်သွားခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပေမယ့် ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုဖိကစားလာခဲ့သလို စပါးစ်ကလည်း ခံစစ်မှာ ထိုင်ပြီး ကစားခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်တဲ့ ကိန်းနဲ့ ဆွန်တို့လည်း အခွင့်အရေးမတော့ဘဲ အချိန်ကုန်ခဲ့ရသလို ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောတွေကိုလည်း အေဘရာဟမ်က အသုံးမချတတ်ခဲ့တာကြောင့် အလုပ်မဖြစ်ခဲ့တာပါ။

ဇီးယက်ရှ်၊ မေဆန်မောင့်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့နောက် ပွဲပြီးခါနီးတွေမှာတော့ စပါးစ်က တစ်ကြိမ်၊ ချဲလ်ဆီးက တစ်ကြိမ် နောက်တန်းတွေရဲ့ ပေါ့ဆမှုနဲ့ အသီးသီးရောင်းခဲ့ပေမယ့် ဂျီရူး၊ လိုဆဲလ်ဆိုတို့ရဲ့ အသုံးမချနိုင်မှုတွေကြောင့် ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပြီး ပရိသတ်တွေ စိတ်လှုပ်ရှားရမယ်လို့ ထင်ခဲ့တဲ့ ပွဲစဉ်ကတော့ သတိကြီးကြီးထားမှုတွေနဲ့အတူ ရသပျက်ခဲ့ရတယ်လို့ပဲ ဆိုရမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေနာက္လန္ဒန္ ခ်ဲလ္ဆီးအသင္းနဲ႔ ေျမာက္လန္ဒန္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းတို႔ ေတြ႕ဆုံခဲ့တဲ့ပြဲမွာ ႏွစ္သင္းလုံးအတြက္ ထူးထူးျခားျခားေကာင္းမြန္ျခင္းမရွိသလို ဆိုးဆိုး႐ြား႐ြားထိခိုက္ျခင္းမရွိတဲ့ ရလဒ္နဲ႔ပဲ လမ္းပတ္နဲ႔ ေမာ္ရင္ညိဳတို႔ ဆရာတပည့္ေတြၾကား ဂုဏ္သိကၡာကို မွ်ေဝသြားခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ ပြဲစတာနဲ႔ အိမ္ရွင္ပီပီ ကိုယ့္ကြင္းမွာ ဖိကစားခဲ့ၿပီး ပြဲခ်ိန္ ၁ မိနစ္ေက်ာ္မွာပဲ ဇီယက္ရွ္က စတင္ၿခိမ္းေျခာက္ခဲ့သလို စပါးစ္ကေတာ့ တန္ျပန္တိုက္စစ္ကစားၿပီး အျမန္ေပး တစ္ခ်က္ေကာင္းေတြနဲ႔ ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြေတာ့ မတည္ၿငိမ္ခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ တီမို ဗာနာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့သလို စပါးစ္တို႔ ျပန္လည္ၿခိမ္းေျခာက္ၿပီး ပထမဆုံးအႀကိမ္ ဂိုးေပါက္တည့္တာကိုလည္း ဂိုးသမား မန္ဒီ ကာကြယ္သြားခဲ့လို႔ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၂ ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့ေပမယ့္ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ပိုဖိကစားလာခဲ့သလို စပါးစ္ကလည္း ခံစစ္မွာ ထိုင္ၿပီး ကစားခဲ့လို႔ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲျဖစ္တဲ့ ကိန္းနဲ႔ ဆြန္တို႔လည္း အခြင့္အေရးမေတာ့ဘဲ အခ်ိန္ကုန္ခဲ့ရသလို ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာေတြကိုလည္း ေအဘရာဟမ္က အသုံးမခ်တတ္ခဲ့တာေၾကာင့္ အလုပ္မျဖစ္ခဲ့တာပါ။

ဇီးယက္ရွ္၊ ေမဆန္ေမာင့္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ေနာက္ ပြဲၿပီးခါနီးေတြမွာေတာ့ စပါးစ္က တစ္ႀကိမ္၊ ခ်ဲလ္ဆီးက တစ္ႀကိမ္ ေနာက္တန္းေတြရဲ႕ ေပါ့ဆမႈနဲ႔ အသီးသီးေရာင္းခဲ့ေပမယ့္ ဂ်ီ႐ူး၊ လိုဆဲလ္ဆိုတို႔ရဲ႕ အသုံးမခ်ႏိုင္မႈေတြေၾကာင့္ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚခဲ့ၿပီး ပရိသတ္ေတြ စိတ္လႈပ္ရွားရမယ္လို႔ ထင္ခဲ့တဲ့ ပြဲစဥ္ကေတာ့ သတိႀကီးႀကီးထားမႈေတြနဲ႔အတူ ရသပ်က္ခဲ့ရတယ္လို႔ပဲ ဆိုရမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.