Premier League

ေႏြရာသီမွာ ေပါ့ဘာကို ေရာင္းထုတ္ဖို႔ ေနာက္ခံလူေဟာင္း ေပါလ္ ပါကားတုိက္တြန္း

မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူေဟာင္း ေပါလ္ ပါကားက အသင္းအေနနဲ႔ အေျပာင္းအလဲေတြ လုပ္ေဆာင္သင့္ၿပီျဖစ္ေၾကာင္းနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အသင္းနဲ႔ အဆင္ေျပဖို႔ ေစာင့္ဆုိင္းေနမယ့္အစား ေႏြရာသီမွာ ေရာင္းထုတ္သင့္ၿပီလို႔ တုိက္တြန္းသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကို ၂၀၁၂ ခုႏွစ္က ေျပာင္းေရႊ႕သြားခဲ့ၿပီး ေလးႏွစ္အၾကာမွာ မန္ခ်က္စတာယူႏုိက္တက္ကို အဲ့ဒီတုန္းက ကမာၻ႕စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ အသင္းမွာေတာ့ ေျခစြမ္းျပႏိုင္တဲ့အခါမ်ဳိးေတြရွိသလို အသင္းနည္းျပေတြနဲ႔ ျပႆနာတက္ေနတဲ့ အခါမ်ဳိးေတြကိုလည္း မၾကာခဏျမင္ခဲ့ရတာျဖစ္ပါတယ္။

နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားနဲ႔ ၿပီးခဲ့တဲ့ရာသီက အတြဲညီခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အသင္းေျပာင္းေရႊ႕ခ်င္ေၾကာင္း ျပသေနခဲ့သလို ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာနဲ႔ အသင္းတာဝန္ရွိသူေတြၾကား တေဇာင္းေစးနဲ႔ မ်က္ေခ်းျဖစ္ေနခဲ့တာကလည္း ႏွစ္ဖက္စလုံးက ဝန္ခံေပမယ့္ လူတုိင္းသိတဲ့ လွ်ဳိ႕ဝွက္ခ်က္ျဖစ္ေနခဲ့တာပါ။

“လက္ရွိအခ်ိန္မွာေတာ့ သူက အသင္းအတြက္ ဆုိးရြားတဲ့ အရာပါပဲ”လုိ႔ ယူႏိုက္တက္မွာ ၁၉၉၁ ကေန ၁၉၉၆ အထိ ကစားခဲ့ဖူးက ေပါလ္ ပါကားက ဆုိခဲ့ၿပီး “သူဟာ အသင္းအတြက္ အဆုိးေတြကို အမ်ားႀကီး ယူေဆာင္လာပါတယ္။ သူ႕ရဲ႕ ေဘာလုံးစြမ္းရည္ဟာ မယုံႏုိင္ေလာက္ေအာင္ ေကာင္းမြန္ေပမယ့္ ၿခဳံငုံသုံးသပ္ရရင္ ကစားတဲ့ပြဲတုိင္းနဲ႔ ဆယ္မွတ္ေပးတဲ့ သတ္မွတ္ခ်က္မွာ ကၽြန္ေတာ္ကေတာ့ တစ္မွတ္ပဲ ေပးႏုိင္ပါလိမ့္မယ္”လို႔လည္း ဆိုပါတယ္။

ပါကားက ေပါ့ဘာရဲ႕ သက္ေရာက္မွဳဟာ ကစားသမားေတြနဲ႔ အဝတ္လဲခန္းမွာလည္း မေပ်ာ္မရႊင္ျဖစ္ေစတဲ့အတြက္ လူကာကူးကို ထြက္ခြာခြင့္ေပးခဲ့သလိုမ်ဳိးပဲ ႏွစ္ဖက္စလုံးအတြက္ ေကာင္းဖို႔ ေႏြရာသီမွာ သူ႕အိမ္လို႔ ထင္ျမင္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းကိုပဲျဖစ္ျဖစ္ ေရာင္းခ်ေပးသင့္ၿပီျဖစ္ေၾကာင္း သုံးသပ္ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ပေါလ် ပါကားက အသင်းအနေနဲ့ အပြောင်းအလဲတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်းနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အသင်းနဲ့ အဆင်ပြေဖို့ စောင့်ဆိုင်းနေမယ့်အစား နွေရာသီမှာ ရောင်းထုတ်သင့်ပြီလို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကို ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့သွားခဲ့ပြီး လေးနှစ်အကြာမှာ မန်ချက်စတာယူနိုက်တက်ကို အဲ့ဒီတုန်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် အသင်းမှာတော့ ခြေစွမ်းပြနိုင်တဲ့အခါမျိုးတွေရှိသလို အသင်းနည်းပြတွေနဲ့ ပြဿနာတက်နေတဲ့ အခါမျိုးတွေကိုလည်း မကြာခဏမြင်ခဲ့ရတာဖြစ်ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ ပြီးခဲ့တဲ့ရာသီက အတွဲညီခဲ့ပေမယ့် ဒီရာသီမှာတော့ အသင်းပြောင်းရွှေ့ချင်ကြောင်း ပြသနေခဲ့သလို အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာနဲ့ အသင်းတာဝန်ရှိသူတွေကြား တဇောင်းစေးနဲ့ မျက်ချေးဖြစ်နေခဲ့တာကလည်း နှစ်ဖက်စလုံးက ဝန်ခံပေမယ့် လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ဖြစ်နေခဲ့တာပါ။

“လက်ရှိအချိန်မှာတော့ သူက အသင်းအတွက် ဆိုးရွားတဲ့ အရာပါပဲ”လို့ ယူနိုက်တက်မှာ ၁၉၉၁ ကနေ ၁၉၉၆ အထိ ကစားခဲ့ဖူးက ပေါလ် ပါကားက ဆိုခဲ့ပြီး “သူဟာ အသင်းအတွက် အဆိုးတွေကို အများကြီး ယူဆောင်လာပါတယ်။ သူ့ရဲ့ ဘောလုံးစွမ်းရည်ဟာ မယုံနိုင်လောက်အောင် ကောင်းမွန်ပေမယ့် ခြုံငုံသုံးသပ်ရရင် ကစားတဲ့ပွဲတိုင်းနဲ့ ဆယ်မှတ်ပေးတဲ့ သတ်မှတ်ချက်မှာ ကျွန်တော်ကတော့ တစ်မှတ်ပဲ ပေးနိုင်ပါလိမ့်မယ်”လို့လည်း ဆိုပါတယ်။

ပါကားက ပေါ့ဘာရဲ့ သက်ရောက်မှုဟာ ကစားသမားတွေနဲ့ အဝတ်လဲခန်းမှာလည်း မပျော်မရွှင်ဖြစ်စေတဲ့အတွက် လူကာကူးကို ထွက်ခွာခွင့်ပေးခဲ့သလိုမျိုးပဲ နှစ်ဖက်စလုံးအတွက် ကောင်းဖို့ နွေရာသီမှာ သူ့အိမ်လို့ ထင်မြင်နေတဲ့ ဂျူဗင်တပ်စ်အသင်းကိုပဲဖြစ်ဖြစ် ရောင်းချပေးသင့်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.