Match Report Premier League

VAR ရဲ့ စိတ်ပျက်စရာ ဆုံးဖြတ်ချက်တွေနဲ့ သရေကျတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ အိမ်ရှင်ဘရိုက်တန်ဘက်ကနေ ရက်ရက်ရောရော ပေးခဲ့တဲ့ ပင်နယ်တီနှစ်လုံးကို ခုခံကာကွယ်ရင်း သရေရလဒ်ကိုသာ အဝေးကွင်း AMEX မှာ ရယူသွားနိုင်ခဲ့ပါတယ်။

ခံစစ်မှာ နာသန် ဖိလစ်ကို ဖာဘင်ညိုနဲ့တွဲပြီး ပွဲထွက်လာခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကတော့ အနည်းငယ် အားနည်းခဲ့ပြီး ကွင်းလယ်က ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ မီလ်နာနဲ့ ဗိုင်နယ်လ်ဒွမ်တို့ရဲ့ ကစားကွက်နဲ့ ထိန်းကစားမှုကြောင့်သာ သက်သာခဲ့တာဖြစ်သလို မကြာခဏလည်း လျင်မြန်တဲ့ ဘရိုက်တန်တိုက်စစ်တွေကို ထိန်းသိမ်းရာမှာ ကျွံထွက်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အတွေ့အကြုံနုလွန်းတဲ့ နီကို ဝီလီယမ်စ်ရဲ့ ဖျက်ထုတ်မှုကို ကွန်နိုလီက ပါးပါးနပ်နပ်နဲ့ ပင်နယ်တီရယူသွားခဲ့ပြီး ဒါကို တိုက်စစ်မှူး မော်ပေ ကန်သွင်းရာမှာ တိုင်ဘေးက ထွက်သွားခဲ့လို့ လီဗာပူးလ်တို့ သက်သာခဲ့သလို ဆာလားရဲ့ဂိုးကိုလည်း VAR နဲ့ လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခဲ့ခဲ့ရလို့ ပထမပိုင်းမှာ ဂိုးမရှိသရေ ကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝီလီယမ်စ်အစား အသင်းခေါင်းဆောင် ဟန်ဒါဆန် ဝင်လာပြီး မီလ်နာက ညာနောက်ခံလူအဖြစ် ကစားခဲ့သလို လီဗာပူးလ်ရဲ့ ကစားပုံ အနည်းငယ် တက်လာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာတော့ ဆာလာပေးတဲ့ ဘောလုံးကို ဂိုးမြူးနေတဲ့ ဂျိုတာက ဖြတ်ဆွဲယူပြီး ချိုးကန်သွင်းခဲ့ရာမှာ ဂိုးသမားနဲ့ နောက်တန်း ပိုင်ပိုင်နိုင်နိုင် မဖျက်နိုင်ဘဲ နားလည်မှု လွဲခဲ့တာကြောင့် အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာ မီလ်နာကို ထုတ်ပြီး ဂျုံးစ်ကို ထည့်တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချကက်တော့ တော်တော်လေး ဆိုးရွားခဲ့ပြီး ညာနောက်ခံက ကာကွယ်သူမဲ့နေခဲ့သလိုဖြစ်ခဲ့ရပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး မာနေးရဲ့ ခေါင်းတိုက်ချက်ကိုလည်း လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခဲ့ပြန်ပါတယ်။

ပွဲချိန် ၉၁ မိနစ်မှာတော့ ရောဘတ်ဆန်ရဲ့ ဘောလုံးရှင်းထုတ်မှုက ဘောလုံးထက် ဝဲလ်ဘက်ရဲ့ ခြေထောက်ကို ချော်ပြီး ကန်မိခဲ့တာကို VAR နဲ့ တိတိကျကျကြီး Matter of fact ကြည့်ပြီး Intention ပါမပါကို မစဉ်းစားဘဲ ပင်နယ်တီ ထပ်ပေးခဲ့တဲ့ စတူးဝပ် အက်ဝဲလ်ရဲ့ ဆုံးဖြတ်ချက်က ရုပ်ပေါက်လွန်းခဲ့ပြီး ဒါကိုတော့ ပါစကယ် ဂရော့စ်က အမှားအယွင်းမရှိ ကန်သွင်းချေပနိုင်ခဲ့ပါတယ်။

တစ်ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့တဲ့ပွဲမှာ လီဗာပူးလ်တို့ကို ဒိုင်တွေရဲ့ အရည်အချင်း မပြည့်ဝမှုနဲ့ နည်းပညာ VAR တို့က နိုင်ပွဲရရှိဖို့ မဖြစ်နိုင်စေခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ဒိုင်အဆင့်အတန်းကတော့ ဥရောပနဲ့ ကမ္ဘာမှာ တော်တော်လေး အဆင့်အတန်း နိမ့်ပါးခဲ့တာကို ပြသခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ကြောင်း ဘောလုံးပရိသတ်စစ်စစ်တစ်ဦးအနေနဲ့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ရွင္ဘ႐ိုက္တန္ဘက္ကေန ရက္ရက္ေရာေရာ ေပးခဲ့တဲ့ ပင္နယ္တီႏွစ္လုံးကို ခုခံကာကြယ္ရင္း သေရရလဒ္ကိုသာ အေဝးကြင္း AMEX မွာ ရယူသြားႏိုင္ခဲ့ပါတယ္။

ခံစစ္မွာ နာသန္ ဖိလစ္ကို ဖာဘင္ညိဳနဲ႔တြဲၿပီး ပြဲထြက္လာခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ခံစစ္ကေတာ့ အနည္းငယ္ အားနည္းခဲ့ၿပီး ကြင္းလယ္က ဝါရင့္ကစားသမားေတြျဖစ္ၾကတဲ့ မီလ္နာနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ရဲ႕ ကစားကြက္နဲ႔ ထိန္းကစားမႈေၾကာင့္သာ သက္သာခဲ့တာျဖစ္သလို မၾကာခဏလည္း လ်င္ျမန္တဲ့ ဘ႐ိုက္တန္တိုက္စစ္ေတြကို ထိန္းသိမ္းရာမွာ ကြၽံထြက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ အေတြ႕အႀကဳံႏုလြန္းတဲ့ နီကို ဝီလီယမ္စ္ရဲ႕ ဖ်က္ထုတ္မႈကို ကြန္ႏိုလီက ပါးပါးနပ္နပ္နဲ႔ ပင္နယ္တီရယူသြားခဲ့ၿပီး ဒါကို တိုက္စစ္မႉး ေမာ္ေပ ကန္သြင္းရာမွာ တိုင္ေဘးက ထြက္သြားခဲ့လို႔ လီဗာပူးလ္တို႔ သက္သာခဲ့သလို ဆာလားရဲ႕ဂိုးကိုလည္း VAR နဲ႔ လူကြၽံတယ္ဆိုၿပီး ပယ္ဖ်က္ခဲ့ခဲ့ရလို႔ ပထမပိုင္းမွာ ဂိုးမရွိသေရ က်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဝီလီယမ္စ္အစား အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ဝင္လာၿပီး မီလ္နာက ညာေနာက္ခံလူအျဖစ္ ကစားခဲ့သလို လီဗာပူးလ္ရဲ႕ ကစားပုံ အနည္းငယ္ တက္လာခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဆာလာေပးတဲ့ ေဘာလုံးကို ဂိုးျမဴးေနတဲ့ ဂ်ိဳတာက ျဖတ္ဆြဲယူၿပီး ခ်ိဳးကန္သြင္းခဲ့ရာမွာ ဂိုးသမားနဲ႔ ေနာက္တန္း ပိုင္ပိုင္ႏိုင္ႏိုင္ မဖ်က္ႏိုင္ဘဲ နားလည္မႈ လြဲခဲ့တာေၾကာင့္ အဖြင့္ဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာ မီလ္နာကို ထုတ္ၿပီး ဂ်ဳံးစ္ကို ထည့္တဲ့ ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခ်ကက္ေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီး ညာေနာက္ခံက ကာကြယ္သူမဲ့ေနခဲ့သလိုျဖစ္ခဲ့ရၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ လူစားဝင္တိုက္စစ္မႉး မာေနးရဲ႕ ေခါင္းတိုက္ခ်က္ကိုလည္း လူကြၽံတယ္ဆိုၿပီး ပယ္ဖ်က္ခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၉၁ မိနစ္မွာေတာ့ ေရာဘတ္ဆန္ရဲ႕ ေဘာလုံးရွင္းထုတ္မႈက ေဘာလုံးထက္ ဝဲလ္ဘက္ရဲ႕ ေျခေထာက္ကို ေခ်ာ္ၿပီး ကန္မိခဲ့တာကို VAR နဲ႔ တိတိက်က်ႀကီး Matter of fact ၾကည့္ၿပီး Intention ပါမပါကို မစဥ္းစားဘဲ ပင္နယ္တီ ထပ္ေပးခဲ့တဲ့ စတူးဝပ္ အက္ဝဲလ္ရဲ႕ ဆုံးျဖတ္ခ်က္က ႐ုပ္ေပါက္လြန္းခဲ့ၿပီး ဒါကိုေတာ့ ပါစကယ္ ဂေရာ့စ္က အမွားအယြင္းမရွိ ကန္သြင္းေခ်ပႏိုင္ခဲ့ပါတယ္။

တစ္ဂိုးစီ သေရနဲ႔ ၿပီးဆုံးခဲ့တဲ့ပြဲမွာ လီဗာပူးလ္တို႔ကို ဒိုင္ေတြရဲ႕ အရည္အခ်င္း မျပည့္ဝမႈနဲ႔ နည္းပညာ VAR တို႔က ႏိုင္ပြဲရရွိဖို႔ မျဖစ္ႏိုင္ေစခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ ဒိုင္အဆင့္အတန္းကေတာ့ ဥေရာပနဲ႔ ကမာၻမွာ ေတာ္ေတာ္ေလး အဆင့္အတန္း နိမ့္ပါးခဲ့တာကို ျပသခဲ့တဲ့ ပြဲတစ္ပြဲျဖစ္ေၾကာင္း ေဘာလုံးပရိသတ္စစ္စစ္တစ္ဦးအေနနဲ႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.